Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယာကုပ် 3:17 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

17 သို့သော် အထက်အရပ်မှ လာသော ဉာဏ်ပညာသည် သန့်ယှင်းစင်ကြယ်ခြင်းနှင့်ဆိုင်သော အရာအားလုံးတွင် ပထမဖြစ်၏၊ ထို့နောက် ငြိမ်းချမ်းသောသဘော၊ ထောက်ထားညှာတာတတ်သောသဘော၊ နူးညံ့သိမ်မွိ့သောသဘော ဟိသည်ဖြစ်၍ ကရုဏာနှင့် ပြည့်ဝကာ ကောင်းမြတ်သော လုပ်ဆောင်မှု၏ အသီးအပွင့်ကို တိုးပွားစီတတ်၏။ ထိုဉာဏ်ပညာ၌ မျက်နှာလိုက်ခြင်း၊ ဟန်ဆောင်ခြင်းဟူ၍ မဟိပေ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယာကုပ် 3:17
63 ပူးပေါင်းရင်းမြစ်များ  

ထိုနည်းတူစွာ သင်ရို့သည် အပြင်သဏ္ဌာန်အားဖြင့် လူတိကို သူတော်ကောင်းယောင်ဆောင်ပြပြီးလျှင် အတွင်း၌ကား ဟန်ဆောင်မှု၊ မတရားမှုတိနှင့် ပြည့်နိန်ကြ၏။


စိတ်နှလုံး သန့်ယှင်းဖြူစင်သော သူရို့သည် မင်္ဂလာဟိကြ၏။ သူရို့သည် ဘုရားသခင်ကို မြင်တွိ့ကြရလိမ့်မည်။


ရန်အပေါင်းကို ငြိမ်းချမ်းစီသောသူရို့သည် မင်္ဂလာဟိ၏၊ ထိုသူရို့သည် ဘုရားသခင်၏ သားသမီးများဟု အခေါ်ခံရလိမ့်မည်။


အကြောင်းမူကား သင်ရို့၏ ရန်သူတစ်ဦးတစ်ယောက်မျှ မငြင်းခုံ၊ မဟန့်တားနိုင်အောင် သင်ရို့အား နှုတ်သတ္တိ၊ ဉာဏ်သတ္တိကို ငါပီးမည်။


သင်ရို့၏ အဖဘုရားသည် သနားကြင်နာတော်မူသည့်အတိုင်း သင်ရို့လည်း သနားကြင်နာခြင်း ဟိကြလော့။


နှုတ်ကပတ်တော်သည် လူ့ဇာတိကို ခံယူ၍ ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာတော်နှင့်လည်းကောင်း ပြည့်စုံလျက် ငါရို့တွင် နီထိုင်တော်မူ၏။ ငါရို့သည် ထိုသူ၏ ဘုန်းတန်ခိုးတော်ကို ဖူးမြင်ရကြ၏။ ထိုဘုန်းတန်ခိုးတော်ကား ခမည်းတော်၌ တစ်ပါးတည်းသော သားတော်၏ ဘုန်းတန်ခိုးတော်ကဲ့သို့ ဖြစ်၏။


ယေသျှုသည် မိမိထံသို့ နာသနေလ လာနိန်သည်ကို မြင်တော်မူလျှင် “ဤအရပ်၌ ဖောက်ပြန်ခြင်းနှင့် ကင်းသောသူဖြစ်ပြီး စစ်မှန်သော ဣသရေလအမျိုးသားကို ကြည့်ကြလော့” ဟု ထိုသူအား ရည်ရွယ်၍ မိန့်တော်မူ၏။


ဗာနဗသည် သူတော်ကောင်းတစ်ယောက်ဖြစ်၍ ယုံကြည်ခြင်း၌ လည်းကောင်း၊ သန့်ယှင်းသောဝိညာဉ်တော်နှင့် လည်းကောင်း ပြည့်စုံသောကြောင့် များစွာသောသူတိကို သခင်ဘုရားထံသို့ ပို့ဆောင်လေ၏။


ယုပ္ပေမြို့၌ တဗိသ နာမည်ဟိသော ယုံကြည်သူတစ်ဦး ဟိ၏။ (သူမ၏နာမည်ကား ဟေလသ ဘာသာစကားဖြင့် ဒေါ်ကာ ဖြစ်၍ “ဒရယ်” ဟု ဆိုလိုသတည်း။) သူမသည် ကောင်းသောအလုပ်နှင့် စွန့်ကြဲပီးကမ်းခြင်းအမှုကို အစဉ်သဖြင့် လုပ်တတ်၏။


သင်ရို့သည် တတ်နိုင်သမျှ လူတိုင်းနှင့် ငြိမ်းချမ်းစွာ နီထိုင်ကြလော့။


ဟန်ဆောင်မှုကင်းမဲ့သောမေတ္တာနှင့် ချစ်ကြလော့။ မကောင်းမှုကို ရွံမုန်း၍ ကောင်းမှုကို လက်ကိုင်ထားကြလော့။


ငါ၏ညီအစ်ကိုမောင်နှမရို့၊ သင်ရို့သည် ကောင်းသောအကျင့်များနှင့်လည်းကောင်း၊ အသိပညာဗဟုသုတနှင့်လည်းကောင်း တစ်ဦးကို တစ်ဦး သင်ကြားပီးနိုင်သော အရည်အချင်းနှင့်လည်းကောင်း ပြည့်စုံကြသည်ဟု ငါ ကိုယ်တိုင် အမှန် ယုံကြည်၏။


ဝိညာဉ်တော်သည် လူတစ်ယောက်အား ဉာဏ်ပညာစကားကို လည်းကောင်း၊ ထိုဝိညာဉ်တော်အားဖြင့် အခြားတစ်ယောက်အား အသိပညာစကား ကို လည်းကောင်း ပီးတော်မူ၏။


ခရစ်တော်၏ နူးညံ့သိမ်မွေ့ခြင်းနှင့် သနားကြင်နာခြင်းအားဖြင့် ငါ ပေါလုသည် သင်ရို့အား တောင်းပန်ပါ၏။ ငါသည် သင်ရို့နှင့်အတူ ဟိသောအခါ ကြောက်တတ်သော်လည်း ဝီးကွာနိန်သောအခါ ရဲဝံ့ပြတ်သားသောသူ ဖြစ်၏။


စိတ်နှလုံးစင်ကြယ်ခြင်း၊ ပညာသတိဟိခြင်း၊ သည်းခံခြင်း၊ သနားကြင်နာခြင်းဖြင့် လည်းကောင်း၊ သန့်ယှင်းသော ဝိညာဉ်တော်အားဖြင့် လည်းကောင်း၊ ရိုးသားဖြူစင်သော မေတ္တာအားဖြင့်လည်းကောင်း၊


ဘုရားသခင်၏ အလိုတော်နှင့်ညီသော ဝမ်းနည်းမှုသည် သင်ရို့၌ ဇာပိုင် လုပ်ဆောင်ခသည်ကို ကြည့်ရှုလော့။ ထိုဝမ်းနည်းမှုသည် သင်ရို့အထဲ၌ ဇာပိုင် စိတ်အားထက်သန်ခြင်း၊ မိမိရို့၌ အပြစ်ကင်းကြောင်း ဖော်ပြရန် အလွန်လိုလားခြင်း၊ မခံမရပ်နိုင်ဖြစ်ခြင်း၊ သတိပီးခြင်း၊ အလွန်တောင့်တခြင်း၊ ဘုရားဖက်၌စိတ်အားကြီးခြင်း၊ ပြစ်မှားသောသူကို ပြစ်ဒဏ်ပီးရန် လိုလားခြင်းများကို လုပ်ဆောင်ခယာ။ သင်ရို့သည် ဤအမှုများတွင် မိမိရို့ အပြစ်ကင်းကြောင်းကို ထင်ရှားစီခယာ။


ပျိုးကြဲသောသူအား မျိုးစိ့ကို လည်းကောင်း၊ အစာအတွက် မုန့်ကို လည်းကောင်း ပီးတော်မူသော ဘုရားသခင်သည် ငါရို့လိုသမျှ အလုံးစုံသော မျိုးစိ့ကိုလည်း ပီးတော်မူ၍ အပင်ကိုလည်း ကြီးထွားစီကာ သင်ရို့၏ ဖြောင့်မတ်ခြင်းဆိုင်ရာ အသီးအပွင့်များကို တိုးပွါးစီတော်မူလိမ့်မည်။


အကြောင်းမူကား အလင်းသည် ကောင်းမြတ်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့် မှန်ကန်ခြင်းတည်းဟူသော ကောင်းမြတ်သောအရာများကို ဖြစ်ပွားစီတော်မူ၏။


ထို့နောက် ဘုရားသခင်၏ ဘုန်းတော် ထွန်းတောက်စီရန်နှင့် ချီးမွမ်းကြစီရန် ယေသျှုခရစ်တော်အားဖြင့်သာ ဖြောင့်မတ်ခြင်းအသီးနှင့် ပြည့်စုံလိမ့်မည်။


ညီအစ်ကိုမောင်နှမရို့၊ နိဂုံးချုပ်ပြောရလျှင် သင်ရို့သည် မှန်ကန်သောအရာ၊ မွန်မြတ်သောအရာ၊ လျောက်ပတ်သောအရာ၊ ဖြူစင်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ အသရေဟိသော အရာတည်းဟူသော ကောင်းမြတ်၍ ချီးမွမ်းဖွယ်သောအရာ ဟိသမျှရို့ကို နှလုံးသွင်းကြလော့။


သို့မှသာ အစဉ်မလပ် သခင်ဘုရား နှစ်သက်စီရန်နှင့် အလိုတော်အတိုင်း အသက်ရှင်နိုင်ကြစီရန် သင်ရို့ ပြုမူကျင့်ကြံ နိုင်ကြလိမ့်မည်။ ထိုသို့ပြုမူကျင့်ကြံခြင်းအားဖြင့် သင်ရို့သည် ကောင်းမြတ်သည့် အကျင့်အမျိုးမျိုးတည်းဟူသော အသီးများကိုသီးကာ ဘုရားသခင်ကို သိကျွမ်းခြင်း၌ တိုးပွားလာလိမ့်မည်။


ငါရို့သည် သင်ရို့နှင့်အတူ ဟိစဉ်အခါက မိမိ၏သားသမီးတိကို တယုတယပြုစုသည့် မိခင်ကဲ့သို့ သင်ရို့အား ပြုစုကြ၏။


သင် ပြုသမျှ၌ ဇာသူ့ကိုမျှ ဘက်လိုက်ခြင်း၊ မျက်နှာသာပီးခြင်း မဟိဘဲ ဤညွှန်ကြားချက်တိကို လိုက်နာဆောင်ရွက်ရန် ဘုရားသခင်နှင့် ခရစ်တော်ယေသျှု ရှိ့တော်၌ လည်းကောင်း၊ သန့်ယှင်းသော ကောင်းကင်တမန်တိ ရှိ့၌ လည်းကောင်း၊ ငါသည် သင့်အား အလေးအနက် တိုက်တွန်းလိုက်၏။


ထို့အပြင် သခင်ဘုရား၏ အစီခံဟူသည် ရန်မဖြစ်ရ။ လူတိုင်းကို သနားကြင်နာတတ်ပြီး စိတ်ရှည်၍ သွန်သင်ဆုံးမနိုင်စွမ်းဟိရမည်။


စင်ကြယ်သောသူရို့အတွက် အရာခပ်သိမ်းသည် စင်ကြယ်၏။ သို့ရာတွင် ညစ်ညူးသောသူရို့နှင့် မယုံကြည်သောသူရို့အတွက် စင်ကြယ်သောအရာဟူ၍ မဟိ။ အကြောင်းမူကား သူရို့၏စိတ်နှလုံးနှင့် အသိစိတ်များသည် မစင်ကြယ်သောကြောင့် ဖြစ်ကြ၏။


ဇာသူ့ကိုမျှ ကဲ့ရဲ့ပြောဆိုခြင်းကို မပြုဘဲ လူအပေါင်းရို့အား ယဉ်ကျေးသိမ်မွိ့စွာ ပြုမူလျက် ထောက်ထားညှာတာ၍ အီးချမ်းစွာ နီထိုင်ကြရန် မိမိလူတိအား တိုက်တွန်းပြောဆိုလော့။


နှစ်သက်ဖွယ်ကောင်းသော ဆုံးမပဲ့ပြင်ခြင်းဟူ၍ မဟိ။ နာကြင်စီသော ဆုံးမပဲ့ပြင်ခြင်း ဟူ၍သာ ဟိ၏။ သို့သော် ထိုဆုံးမပဲ့ပြင်ခြင်းကို ခံယူသူများအား ဖြောင့်မတ်ခြင်းနှင့် ငြိမ်းချမ်းခြင်းတည်းဟူသော အကျိုးကျေးဇူးများကို ပွားများစီတတ်၏။


လူတိုင်းနှင့် ငြိမ်းချမ်းစွာ နီထိုင်ရန်လည်းကောင်း၊ သန့်ယှင်းသော အသက်တာဖြင့် အသက်ရှင်နိုင်ရန်လည်းကောင်း ကြိုးစားကြလော့။ အကြောင်းမူကား သန့်ယှင်းသော အသက်တာမဟိလျှင် ဇာသူမျှ ဘုရားသခင်ကို မြင်ကြလိမ့်မည်မဟုတ်။


ကောင်းမြတ်၍ ပြီးပြည့်စုံသော လက်ဆောင်ဟူသည်ကား ကောင်းကင်ဘုံနှင့်ဆိုင်သော အလင်းကို ဖန်ဆင်းတော်မူသော ဘုရားသခင် ထံတော်ပါးမှ ဆင်းသက်လာခြင်းဖြစ်၏။ ထိုအဖ သည်ကား ရွိ့လျားတတ်သော အရိပ်ကဲ့သို့ ပြောင်းလဲနိန်သည်မဟုတ်။


သင်ရို့၌ မည်သူမဆို ဉာဏ်ပညာ မဟိလျှင် အပြစ်မမြင်ဘဲ အရာခပ်သိမ်းကို စေတနာစိတ်ထက်သန်စွာ ပီးတော်မူသော ဘုရားသခင်ထံ ဆုတောင်းကြလော့။ ကိုယ်တော်သည် ထိုသူအား ဉာဏ်ပညာကို ပီးတော်မူလိမ့်မည်။


အကြောင်းမူကား ကရုဏာတရားမဟိသောသူသည် ဘုရားသခင်၏တရားစီရင်ခြင်းကို ခံရသောအခါ ကိုယ်တော်၏ကရုဏာကို ခံရလိမ့်မည်မဟုတ်ပေ။ သို့သော်လည်း ကရုဏာတရားသည် တရားစီရင်ခြင်းကို အောင်မြင်တတ်၏။


သင်ရို့သည် အချင်းချင်း လူတန်းစား ခွဲခြားကာ ဆိုးညစ်သော အကြံအစည်ဖြင့် တရားစီရင်သောသူတိ ဖြစ်ကြသည် မဟုတ်လော။


ထိုသို့သော ဉာဏ်ပညာသည် ကောင်းကင်မှ လာသည်မဟုတ်ဘဲ လောကနှင့်လည်းကောင်း၊ ဇာတိပကတိနှင့်လည်းကောင်း၊ နတ်ဆိုးများနှင့်လည်းကောင်း စပ်ဆိုင်ပေ၏။


ဘုရားသခင်ထံပါးသို့ ချဉ်းကပ်ကြလော့။ သို့ပြုလျှင် ကိုယ်တော်သည် သင်ရို့ထံပါးသို့ ချဉ်းကပ် တော်မူလိမ့်မည်။ အပြစ်ကျူးလွန်သောသူရို့၊ သင်ရို့၏လက်ကို စင်ကြယ်စီကြလော့။ စိတ်နှစ်ခွဟိသောသူရို့၊ သင်ရို့၏စိတ်နှလုံးကို သန့်ယှင်းစီကြလော့။


အဂုတွင် သင်ရို့သည် သမ္မာတရားကို လိုက်လျှောက်ခြင်းအားဖြင့် မိမိရို့၏ စိတ်နှလုံးအား စင်ကြယ်စီကြပြီး အခြားသော ယုံကြည်သူအချင်းချင်းကို ဟန်ဆောင်မှုကင်းလျက် ချစ်ကြသည်ဖြစ်၍ သင်ရို့ တစ်ယောက်ကိုတစ်ယာက် စိတ်နှလုံးအကြွင်းမဲ့ ချစ်ကြလော့။


ထို့ကြောင့် သင်ရို့သည် လှည့်ဖျားမှု၊ ဟန်ဆောင်မှု၊ မနာလိုမှုနှင့် ပုတ်ခတ်ပြောဆိုမှုတည်းဟူသော မကောင်းမှုအမျိုးမျိုးကို ဖယ်ယှားကြလော့။


အခိုင်းအစီရို့၊ ရိုသီတတ်သောစိတ် အပြည့်အဝနှင့် သင်ရို့သခင်၏ အုပ်စိုးခြင်းကို ဝန်ခံရမည်။ စိတ်သဘောကောင်း၍ ညှာတာထောက်ထားတတ်သော သခင်များကိုသာမဟုတ်၊ ကြမ်းတမ်းသော သခင်တိကိုလည်း နာခံကြလော့။


သားသမီးရို့၊ ငါရို့၏ မေတ္တာသည် အပြော၌သာ မတည်ဘဲ လက်တွိ့လုပ်ဆောင်ခြင်းအားဖြင့် စစ်မှန်သောမေတ္တာကို ဖော်ပြကြကုန်အံ့။


ခရစ်တော်သည် သန့်ယှင်းစင်ကြယ်တော်မူသည့် နည်းတူ ခရစ်တော်ကို မျှော်လင့်ကြသော သူတိုင်းသည်လည်း မိမိကိုယ်ကို သန့်ယှင်းစင်ကြယ် စီတတ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ