Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယာကုပ် 3:13 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

13 သင်ရို့တွင် ဇာသူသည် ပညာဟိ၍ နားလည်နိုင်ကြမည်နည်း။ ထိုသူရို့သည် ကောင်းသောအကျင့်အားဖြင့် ထိုအရာကို ပြကြရမည်။ ထိုသူရို့သည် နူးညံ့သိမ်မွိ့ခြင်းနှင့် ပညာဟိခြင်းကို မိမိရို့၏ ကောင်းသောအကျင့်ဖြင့် သက်သီပြကြရမည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယာကုပ် 3:13
46 ပူးပေါင်းရင်းမြစ်များ  

ငါ့ထမ်းပိုးကို ယူ၍ သင်ရို့ထက်မှာ တင်ကြလော့၊ ငါ့ထံ၌ သင်ခန်းစာ ယူကြလော့၊ ငါသည် နူညံ့သိမ်မွိ့၍ စိတ်နှလုံးနှိမ့်ချသောသူ ဖြစ်သဖြင့် သင်ရို့သည် စိတ်သက်သာခြင်း ရကြလိမ့်မည်။


“ကြည့်ကတ်ပါ၊ သင်ရို့၏ သျှင်ဘုရင်သည် မြည်းမနှင့် မြည်းချေကို စီး၍ စိတ်နှလုံးကို နှိမ့်ချလျက် သင်ရို့ပါးသို့ ရောက်လာယာ ဟု ဇိအုန်သတို့သမီးကို ပြောကတ်ပါ” ဟူ၍ ဖြစ်၏။


စိတ်နှလုံးနှိမ့်ချသောသူရို့သည် မင်္ဂလာဟိကြ၏။ ထိုသူရို့သည် ဘုရားသခင်ပီးထားသော ကတိတော်ကို ခံစားရလိမ့်မည်။


“ထို့နောက် ငါ့စကားတိကို ကြား၍ လိုက်နာသောသူတိုင်းသည် မိမိ၏အိမ်ကို ကျောက်ထက်မှာ တည်ဆောက်ထားသော ပညာဟိနှင့် တူ၏။


သင်ရို့သည် ရှက်ဖွယ်ကောင်းလှ၏။ ခရစ်ယာန်ညီအစ်ကို အချင်းချင်း အမှုအခင်းဖြစ်ပွားကြသောအခါ သင်ရို့အသင်းတော်ထဲ၌ စီရင်ဆုံးဖြတ်နိုင်သည့် ပညာဟိသောသူ တစ်ယောက်မျှ မဟိသလော။


ခရစ်တော်၏ နူးညံ့သိမ်မွေ့ခြင်းနှင့် သနားကြင်နာခြင်းအားဖြင့် ငါ ပေါလုသည် သင်ရို့အား တောင်းပန်ပါ၏။ ငါသည် သင်ရို့နှင့်အတူ ဟိသောအခါ ကြောက်တတ်သော်လည်း ဝီးကွာနိန်သောအခါ ရဲဝံ့ပြတ်သားသောသူ ဖြစ်၏။


ထို့ကြောင့် ငါရို့သည် သင်ရို့၏အကြောင်းကို ဂုဏ်ယူလျက်ဟိသည်မှာ မှန်ကန်ကြောင်းကို အသင်းတော်များက စိတ်ချမှုဟိစီရန် သင်ရို့၏ ချစ်ခြင်းမေတ္တာကို သူရို့အား ပြသကြလော့။


နူးညံ့သိမ်မွေ့ခြင်း၊ မိမိကိုယ်ကိုချုပ်တည်းခြင်းပေတည်း။ ဤအရာများကို ဆန့်ကျင်သော တရားဟူ၍ မဟိ။


ညီအစ်ကိုမောင်နှမရို့၊ လူတစ်ယောက်သည် မကောင်းမှု တစ်စုံတစ်ခု ပြုသည်ကို သင်ရို့တွိ့မိလျှင် ဝိညာဉ်သဘောဟိသော သင်ရို့က နူးညံ့သိမ်မွေ့စွာဖြင့် ထိုသူကို ပြုပျင်ပီးရမည်။ သင်ရို့ကိုယ်တိုင်လည်း စုံစမ်းသွီးဆောင်ရာသို့ မလိုက်ပါမိစီရန် သတိပြုကြလော့။


လူတိုင်း မိမိပြုသောအမှုကို ဆန်းစစ်စီ။ ထိုသို့ပြုလျှင် သူတစ်ပါးပြုသောအမှု၌ နှိုင်းယှဉ်ခြင်းကိုမပြုဘဲ မိမိပြုသောအမှုသည် ကောင်းလျှင် ဂုဏ်ယူဝါကြွားစရာအကြောင်း ဟိလိမ့်မည်။


စိတ်နှလုံးနှိမ့်ချခြင်း၊ နူးညံ့သိမ်မွိ့ခြင်းနှင့် စိတ်ရှည်ခြင်းတိကို အစဉ်မပြတ်ဟိကြလော့။ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် သည်းခံခြင်းအားဖြင့် မေတ္တာပြကြလော့။


ယခု သင်ရို့အဖို့ အရေးကြီးသည့်အရာမှာ ခရစ်တော်၏ ဧဝံဂေလိတရားတော်နှင့်အညီ သင်ရို့သည် ပြုမူနီထိုင်ကြလော့။ ငါသည် သင်ရို့ထံသို့ လာပြီး တွိ့နိုင်သည်ဖြစ်စီ၊ တွိ့ဖို့ရန် ပျက်ကွက်သည်ဖြစ်စီ၊ ဧဝံဂေလိတရားနှင့်ဆိုင်သော ယုံကြည်ခြင်းအဖို့အလို့ငှာ တစ်စိတ်တစ်ဝမ်းတည်း၊ ရည်ရွယ်ချက် တစ်ခုတည်းဖြင့် ရပ်တည်၍ သင်ရို့သည် တိုက်ပွဲဝင်လျက် ဟိကြကြောင်းကို ငါကြားရလို၏။


သင်ရို့သည် ဘုရားသခင်၏ ရွီးကောက်ထားသောသူ၊ သန့်ယှင်းသောသူနှင့် ချစ်တော်မူသောသူတိ ဖြစ်ကြသောကြောင့် ကိုယ်ချင်းစာခြင်း၊ သနားကြင်နာခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်သီးခံခြင်းများကို ဝတ်ဆင်ကြလော့။


သင်သည် အသက်ငယ်ရွယ်သူ ဖြစ်သော်လည်း မည်သူမျှ သင့်ကို အထင်မသေးစီကေ့။ သင်၏ ပြောဆိုခြင်းသည်လည်းကောင်း၊ အပြုအမူသည် လည်းကောင်း၊ ချစ်ခြင်းမေတ္တာသည် လည်းကောင်း၊ ယုံကြည်ခြင်းသည် လည်းကောင်း၊ စိတ်နှလုံးစင်ကြယ်ခြင်းသည် လည်းကောင်း၊ ယုံကြည်သူရို့အတွက် စံနမူနာ ဖြစ်စီလော့။


သို့သော်လည်း ဘုရားသခင်၏လူဖြစ်သော သင်သည် ဤအရာအားလုံးကို ယှောင်ယှားလော့။ ဖြောင့်မတ်ခြင်း၊ ဘုရားဝတ်၌ မွိ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွိ့ခြင်းနှင့် ပြည့်စုံစီခြင်းငှာ ကြိုးစားအားထုတ်လော့။


ဆန့်ကျင်ဖက်ပြုသော သူရို့သည် နောင်တရပြီး သမ္မာတရားကို သိလာရန် ဘုရားသခင် အခွင့်ပီးတော်မူလိမ့်မည်ဟု မျှော်လင့်လျက် သူရို့ကို နူးညံ့သိမ်မွိ့စွာ သွန်သင်တတ်သူ ဖြစ်ရမည်။


ဇာသူ့ကိုမျှ ကဲ့ရဲ့ပြောဆိုခြင်းကို မပြုဘဲ လူအပေါင်းရို့အား ယဉ်ကျေးသိမ်မွိ့စွာ ပြုမူလျက် ထောက်ထားညှာတာ၍ အီးချမ်းစွာ နီထိုင်ကြရန် မိမိလူတိအား တိုက်တွန်းပြောဆိုလော့။


သင်၏အသက်ရှင်နီထိုင်မှုတွင် ငွီကို တပ်မက်ခြင်းမဟိဘဲ မိမိ၌ ဟိသောအရာနှင့် ရောင့်ရဲခြင်း ဟိလော့။ အကြောင်းမူကား ဘုရားသခင်က “ငါသည် မည်သည့်အခါမျှ သင့်ကို မစွန့်၊ မည်သည့်အခါမျှ သင့်ကို မပစ်ပယ်” ဟု မိန့်တော်မူထားပြီးဖြစ်၏။


ထို့ကြောင့် ညစ်ညူးသောအကျင့်များနှင့် မကောင်းသောအမှု မှန်သမျှကို ဖယ်ယှား၍ သင်ရို့အထဲ၌ ထည့်သွင်းသော နှုတ်ကပတ်တော်ကို နူးညံ့သိမ်မွိ့သော စိတ်ဖြင့် ခံယူကြလော့။ ထိုနှုတ်ကပတ်တော်သည် သင်ရို့ကို ကယ်တင်နိုင်၏။


သို့ရာတွင် “သင်၌ ယုံကြည်ခြင်းဟိ၏၊ ငါ၌ အကျင့်ဟိ၏” ဟု တစ်ဦး တစ်ယောက်က ပြောဆိုအံ့။ ငါ ဆိုသည်ကား “အကျင့်မပါသော သင်၏ယုံကြည်ခြင်းကို ငါ့အား ပြလော့။ ငါသည်လည်း ငါ၏အကျင့်အားဖြင့် ငါ၏ယုံကြည်ခြင်းကို သင့်အား ပြမည်” ဟူ၍ ဖြစ်၏။


ငါ့ ညီအစ်ကို မောင်နှမရို့၊ ဆရာဖြစ်ကြသော ငါရို့သည် သာ၍ တင်းကြပ်သော တရားစီရင်ခြင်းကို ခံရလိမ့်မည်ဟု သိမှတ်လျက် ဆရာဖြစ်ချင်သောသူ မများစီကတ်ကေ့။


သို့သော် အထက်အရပ်မှ လာသော ဉာဏ်ပညာသည် သန့်ယှင်းစင်ကြယ်ခြင်းနှင့်ဆိုင်သော အရာအားလုံးတွင် ပထမဖြစ်၏၊ ထို့နောက် ငြိမ်းချမ်းသောသဘော၊ ထောက်ထားညှာတာတတ်သောသဘော၊ နူးညံ့သိမ်မွိ့သောသဘော ဟိသည်ဖြစ်၍ ကရုဏာနှင့် ပြည့်ဝကာ ကောင်းမြတ်သော လုပ်ဆောင်မှု၏ အသီးအပွင့်ကို တိုးပွားစီတတ်၏။ ထိုဉာဏ်ပညာ၌ မျက်နှာလိုက်ခြင်း၊ ဟန်ဆောင်ခြင်းဟူ၍ မဟိပေ။


သင်ရို့အား ခေါ်တော်မူသော ဘုရားသခင်သည် သန့်ယှင်းတော်မူသည့်နည်းတူ သင်ရို့ ပြုမူသမျှ၌ သန့်ယှင်းကြလော့။


သာသနာပလူရို့သည် သင်ရို့အား မကောင်းမှုပြုကြသူများဟု ပြစ်တင်စွပ်စွဲလျက် နိန်ကြစဉ် သင်ရို့၏ ကောင်းသောအကျင့်များကို မြင်သဖြင့် သခင်ဘုရား ကြွလာတော်မူသောနိ့၌ ဘုရားသခင်အား ချီးမွမ်းကြစီရန် သင်ရို့သည် ထိုသူရို့ရှိ့တွင် တင့်တယ်လျောက်ပတ်စွာ ပြုမူလျက် နီထိုင်ကြလော့။


သင်ရို့မူကား ရွီးကောက်ခံရသောအမျိုး၊ တော်ဝင် ယဇ်ပုရောဟိတ်အမျိုး၊ သန့်ယှင်းသော လူမျိုး၊ ဘုရားသခင် ပိုင်တော်မူသော လူမျိုးတော် ဖြစ်ကြ၏။ ထိုသို့ ရွီးကောက်ခြင်း ခံရသည်မှာ ဘုရားသခင် ပြုတော်မူသော အံ့ဩဖွယ် အမှုအရာများကို ကြေညာနိုင်စီခြင်းငှာ၊ ဘုရားသခင်သည် သင်ရို့အား မှောင်မိုက်ထဲမှ အံ့ဖွယ်သော အလင်းထဲသို့ ခေါ်ယူတော်မူခြင်းဖြစ်၏။


ဘုရားသခင်၏ ရှိ့တော်မှောက်၌၊ အလွန် အဖိုးတန်သည့် တည်ငြိမ်သော စိတ်သဘောနှင့် နူးညံ့သိမ်မွိ့သော စိတ်သဘောတည်းဟူသော မဖေါက်ပြန်မပျက်စီးတတ်သော အတွင်းစိတ်နှလုံးကို တန်ဆာဆင်ကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ