Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယာကုပ် 2:9 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

9 သို့ရာတွင် အပြင်ပန်းသဏ္ဌာန်ကို ကြည့်ပြီး မျက်နှာလိုက်နိန်ကြလျှင် သင်ရို့သည် အပြစ်ကို ကျူးလွန်ကြသည်ဖြစ်၍ ပညတ်တရားကို ကျူးလွန်သောသူ တစ်ယောက်ကဲ့သို့ သင်ရို့သည် ပညတ်တရားအားဖြင့် အပြစ်စီရင်ခြင်းကို ခံရလိမ့်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယာကုပ် 2:9
13 ပူးပေါင်းရင်းမြစ်များ  

ထိုအသျှင် ရောက်လာသောအခါ အပြစ်တရားကို ပြုလျက် ဟိနိန်ကြကြောင်းကို လည်းကောင်း၊ ဖြောင့်မတ်ခြင်းအကြောင်းကို လည်းကောင်း၊ ဘုရားသခင်၏ တရားစီရင်ခြင်းအကြောင်းကို လည်းကောင်း ထိုလောကီသားတိကို ဖော်ပြလိမ့်မည်။


ငါသည် အပြစ်ဟိကြောင်း ဇာသူက သက်သီ ပြနိုင်မည်နည်း။ ငါသည် မှန်သောစကားကို ပြောသော်လည်း ဇာကြောင့် ငါ့ကို မယုံကြည်ကြသနည်း။


ထိုသူရို့သည် မိန့်တော်မူချက်ကို ကြားလျှင် အသက်ကြီးသောသူမှစ၍ တစ်ယောက်ပြီးတစ်ယောက် ထွက်လားကြ၏။ ယေသျှုသည် တစ်ယောက်တည်း ကျန်ခတော်မူ၍၊ မိန်းမသည် ရပ်နိန်သိမ့်၏။


ပေတရုက စတင်၍ ဟောပြောသည်မှာ၊ “အကယ်စင်စစ် ဘုရားသခင်သည် လူတိုင်းကို အဆင့်အတန်းမခွဲခြားဘဲ တန်းတူ ဆက်ဆံတော်မူကြောင်းကို အကျွန်သည် ယခုမှ သဘောပေါက်လာ၏။


ထို့ကြောင့် ပညတ်တရားအလိုကို လိုက်လျှောက်ခြင်းဖြင့် ဘုရားသခင်၏မျက်မှောက်၌ မည်သူမျှ ဖြောင့်မတ်သောသူတစ်ယောက် မဖြစ်လာနိုင်။ ပညတ်တရားသည်ကား လူသားတိသည် အပြစ်ကျူးလွန်ကြကြောင်းကို သိကြစီခြင်းငှာ ဖော်ပြလျက်ဟိ၏။


သို့သော် သင်ရို့သည် ဘုရားသခင်၏ သတင်းစကားကို ဟောပြောနိန်စဉ် မယုံကြည်သောသူရို့၊ သို့မဟုတ် နားမလည်သောသူရို့သည် ရောက်လာလျှင် သူရို့ကြားရသော တရားစကားအားဖြင့် သူရို့၏ အပြစ်ကို နားလည်သဘောပေါက်လာကာ သူရို့ကို သူရို့ စီရင်လိမ့်မည်။


ဇာကြောင့်ဆိုသော် ပညတ်တရားသည် ငါ့ကို သီဆုံးစီသည်ဖြစ်သောကြောင့် ပညတ်တရားနှင့်ပတ်သတ်လျှင် ငါသည် လူသီဖြစ်၏။ သို့မှသာ ဘုရားသခင်အတွက် အသက်ရှင်နိုင်မည်ဖြစ်၏။


အပြစ်တရားသည် ပညတ်တော်ကို ချိုးဖောက်ခြင်း ဖြစ်သောကြောင့် အပြစ်ပြုသော သူတိုင်းသည် ဘုရားသခင်၏ ပညတ်တော်ကို ချိုးဖောက်ခြင်း ဖြစ်၏။


လူအပေါင်းရို့အား တရားစီရင်ရန်နှင့် ဘုရားတရားမဲ့စွာ အပြစ်တင် ပြုမူမှုများအတွက် လည်းကောင်း၊ ဘုရားတရားမဲ့သော အပြစ်သားရို့သည် ဘုရားသခင်အား ရိုင်းပြစွာ ဆန့်ကျင်ပြောဆိုကြသည့် စကားများအတွက် လည်းကောင်း အပြစ်ဒဏ်စီရင်တော် မူလိမ့်မည်” ဟု ကြိုတင် ဟောပြောခလေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ