Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယာကုပ် 2:8 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

8 သင်ရို့သည် ကျမ်းစာ၌ တွိ့ရသော “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ကြလော့” ဟူသော နိုင်ငံတော်၏ပညတ်တရားကို လိုက်နာကြလျှင် ကောင်းသောအမှုကို ပြုနိန်ကြခြင်းဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယာကုပ် 2:8
23 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ဒုတိယပညတ်မှာ ‘ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့’ ဟူ၍ ဖြစ်၏၊ ပထမပညတ်နှင့် တူ၏။


သခင်က ‘ကောင်းယာ၊ သင်သည် သစ္စာဟိသော အစီခံကောင်းတစ်ယောက် ဖြစ်၏၊ သင်သည် အနည်းငယ်သောအရာ၌ သစ္စာဟိခ၏၊ များစွာသောအရာတိကို စီမံခန့်ခွဲသူအဖြစ် သင့်အား ငါ ခန့်အပ်မည်၊ မိမိသခင်၏ချမ်းသာသုခကို လာ၍ ခံစားလော့’ ဟု သခင်က ဆို၏။


‘ကောင်းယာ၊ သင်သည်လည်း သစ္စာဟိသော အစီခံကောင်းတစ်ယောက် ဖြစ်၏။ သင်သည် အနည်းငယ်သောအရာ၌ သစ္စာဟိခသောကြောင့် များစွာသောအရာတိကို စီမံခန့်ခွဲသူအဖြစ် သင့်အား ငါ ခန့်ထားမည်၊ မိမိသခင်၏ချမ်းသာသုခကို လာ၍ ခံစားလော့’ ဟု သခင်က ဆို၏။


“သင်ရို့သည် မိမိကိုယ်ကို ပြုစုလိုသည့်အတိုင်း သူတစ်ပါးကို ပြုစုကတ်ပါ။ ဤတရားသည် မောသျှေ၏ပညတ်တရားနှင့် ပရောဖက်ရို့၏ သွန်သင်ချက်များ၌ အဓိကအချက် ဖြစ်၏။


ချစ်ခြင်းမေတ္တာသည် ကိုယ်နှင့်စပ်ဆိုင်သောသူ၏အကျိုးကို မဖျက်ဆီးတတ်။ ထို့ကြောင့် ချစ်ခြင်းမေတ္တာသည် ပညတ်တရား၏ပြည့်စုံရာ ဖြစ်၏။


အကြောင်းမူကား “ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူကို ကိုယ်နှင့်အမျှ ချစ်လော့” ဟူသော ပညတ်သည် ပညတ်ဟိသမျှ၏ အချုပ်ဖြစ်၏။


သင်ရို့သည် အချင်းချင်း၏ ဝန်များကို ကူညီထမ်းရွက်သောအားဖြင့် ခရစ်တော်၏ ပညတ်တော်ကို နာခံကြလော့။


သို့ရာတွင် ငါသည် အခက်အခဲ ကြုံတွိ့ရချိန်၌ သင်ရို့သည် ငါ့အား ကူညီကြသောအားဖြင့် ကောင်းမွန်စွာ ပြုခယာ။


အဂုတွင် ညီအစ်ကိုမောင်နှမ ချစ်ခြင်းမေတ္တာနှင့် ပတ်သက်၍ သင်ရို့ထံ ရီးသားရန် မလိုအပ်ပေ။ အကြောင်းမူကား အချင်းချင်းချစ်ကြရန် ဘုရားသခင်က သင်ရို့ကို သင်ကြားထားပြီး ဖြစ်၏။


သို့ရာတွင် လွတ်မြောက်ခြင်းကို ပီးတတ်သော စုံလင်သည့် ပညတ်တော်ကို စိ့စိ့ကြည့်ရှုလျက် ထိုပညတ်တော်အတိုင်း ကျင့်သောသူသည် ကြားနာထားပြီးသော အရာများကို မိ့လျော့ခြင်းမဟိဘဲ၊ လက်တွိ့ လိုက်နာကျင့်သုံးသောသူဖြစ်၏။ ထိုသူသည် မိမိပြုသောအမှု၌ ကောင်းကြီးမင်္ဂလာကို ခံစားရလိမ့်မည်။


ထို့ကြောင့် လွတ်မြောက်ခွင့်ကို ပီးသော ပညတ်တရားအားဖြင့် စီရင်ခြင်းကို ခံရမည့်သူများကဲ့သို့ ပြောဆို၍ ကျင့်ကြံကြလော့။


သင်သည် ဘုရားသခင် တစ်ပါးတည်း ဟိကြောင်းကို ယုံကြည်သည်မှာ ကောင်းပေ၏။ နတ်ဆိုးများပင် ထိုသို့ ယုံကြည်၍ ကြောက်ရွံ့တုန်လှုပ်ကြ၏။


ညီအစ်ကို မောင်နှမရို့၊ သင်ရို့သည် တစ်ယောက်ကို တစ်ယောက် ပုတ်ခတ်ပြောဆိုခြင်း မပြုကတ်ကေ့။ မိမိ၏ညီအစ်ကိုကို ပုတ်ခတ်ပြောဆိုသောသူဖြစ်စီ၊ မိမိညီအစ်ကိုကို စီရင်သောသူဖြစ်စီ ထိုသူသည် ပညတ်တရားကို ဆန့်ကျင်ပြောဆို၍ ထိုပညတ်တော်ကို တရားစီရင်သောသူ ဖြစ်၏။ ထိုသို့ ပညတ်တော်ကို တရားစီရင်သော သင်သည် ပညတ်တရားကို လိုက်နာသောသူမဟုတ်ဘဲ တရားစီရင်သောသူဖြစ်၏။


သင်ရို့မူကား ရွီးကောက်ခံရသောအမျိုး၊ တော်ဝင် ယဇ်ပုရောဟိတ်အမျိုး၊ သန့်ယှင်းသော လူမျိုး၊ ဘုရားသခင် ပိုင်တော်မူသော လူမျိုးတော် ဖြစ်ကြ၏။ ထိုသို့ ရွီးကောက်ခြင်း ခံရသည်မှာ ဘုရားသခင် ပြုတော်မူသော အံ့ဩဖွယ် အမှုအရာများကို ကြေညာနိုင်စီခြင်းငှာ၊ ဘုရားသခင်သည် သင်ရို့အား မှောင်မိုက်ထဲမှ အံ့ဖွယ်သော အလင်းထဲသို့ ခေါ်ယူတော်မူခြင်းဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ