Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယာကုပ် 2:13 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

13 အကြောင်းမူကား ကရုဏာတရားမဟိသောသူသည် ဘုရားသခင်၏တရားစီရင်ခြင်းကို ခံရသောအခါ ကိုယ်တော်၏ကရုဏာကို ခံရလိမ့်မည်မဟုတ်ပေ။ သို့သော်လည်း ကရုဏာတရားသည် တရားစီရင်ခြင်းကို အောင်မြင်တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယာကုပ် 2:13
26 ပူးပေါင်းရင်းမြစ်များ  

သူတစ်ပါးကို သနားကရုဏာထားသော သူရို့သည် မင်္ဂလာဟိကြ၏။ ထိုသူရို့သည် ဘုရားသခင်၏ သနားခြင်းကရုဏာကို ခံစားရကြလိမ့်မည်။


သို့သော် သင်ရို့သည် သူတပါးအပြစ်ကို ခွင့်မရွှတ်လျှင် သင်ရို့ ပြုမှားမိသော အပြစ်တိကိုလည်း သင်ရို့အဖက ခွင့်ရွှတ်လိမ့်မည် မဟုတ်ပေ။


“သို့သော်လည်း အာဗြဟံက၊ ‘ငါ့သား၊ သင်သည် အသက်ရှင်နိန်စဉ်က သုခချမ်းသာ ခံစားရပြီး လာဇရုက ဆင်းရဲဒုက္ခ ခံခရသည်ကို အောက်မိ့ပါ။ အဂုမှာ သူသည် သက်သာခြင်းကို ခံစားရပြီး သင်ကား ဒုက္ခဝေဒနာ ခံစားနိန်ရ၏။


“သူတစ်ပါးတိကို မစစ်ကြောမစီရင်ကတ်ကေ့၊ သို့မှသာ ဘုရားသခင်သည် သင်ရို့ကို မစစ်ကြောမစီရင်ဘဲ နိန်လိမ့်မည်။ သူတစ်ပါးကို မကဲ့ရဲ့ကတ်ကေ့၊ သို့မှသာ ဘုရားသခင်သည် သင်ရို့ကို မကဲ့ရဲ့ဘဲ နိန်လိမ့်မည်။ သူတစ်ပါးကို ခွင့်ရွှတ်လော့။ သို့မှသာ ဘုရားသခင်က သင်ရို့ကို ခွင့်ရွှတ်လိမ့်မည်။


သို့သော် အထက်အရပ်မှ လာသော ဉာဏ်ပညာသည် သန့်ယှင်းစင်ကြယ်ခြင်းနှင့်ဆိုင်သော အရာအားလုံးတွင် ပထမဖြစ်၏၊ ထို့နောက် ငြိမ်းချမ်းသောသဘော၊ ထောက်ထားညှာတာတတ်သောသဘော၊ နူးညံ့သိမ်မွိ့သောသဘော ဟိသည်ဖြစ်၍ ကရုဏာနှင့် ပြည့်ဝကာ ကောင်းမြတ်သော လုပ်ဆောင်မှု၏ အသီးအပွင့်ကို တိုးပွားစီတတ်၏။ ထိုဉာဏ်ပညာ၌ မျက်နှာလိုက်ခြင်း၊ ဟန်ဆောင်ခြင်းဟူ၍ မဟိပေ။


သင်ရို့သည် သင်ရို့၏လယ်ယာ၌ လုပ်ကိုင်ကြသော အလုပ်သမားတိကို လုပ်ခမပီးဘဲ နိန်ကြ၏။ ထို့ကြောင့် သူရို့၏ တိုင်ကြားခြင်းကို နားထောင်ကြလော့။ ကောက်ပဲသီးနှံရိတ်သိမ်းကြသောသူရို့၏ ငိုကြွီးသံများသည် အနန္တတန်ခိုးသျှင် ဘုရားသခင်၏ နားတော်သို့ ရောက်လေပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ