ယာကုပ် 1:9 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား9 နှိမ့်ချတတ်သော ညီအစ်ကို မောင်နှမရို့ ဘုရားသခင်သည် သင်ရို့အား ချီးမြှောက်သောအခါ ဂုဏ်ယူဝမ်းမြောက်ကြလော။ အခန်းကိုကြည့်ပါ။ |
သင်ရို့မူကား ရွီးကောက်ခံရသောအမျိုး၊ တော်ဝင် ယဇ်ပုရောဟိတ်အမျိုး၊ သန့်ယှင်းသော လူမျိုး၊ ဘုရားသခင် ပိုင်တော်မူသော လူမျိုးတော် ဖြစ်ကြ၏။ ထိုသို့ ရွီးကောက်ခြင်း ခံရသည်မှာ ဘုရားသခင် ပြုတော်မူသော အံ့ဩဖွယ် အမှုအရာများကို ကြေညာနိုင်စီခြင်းငှာ၊ ဘုရားသခင်သည် သင်ရို့အား မှောင်မိုက်ထဲမှ အံ့ဖွယ်သော အလင်းထဲသို့ ခေါ်ယူတော်မူခြင်းဖြစ်၏။