ယာကုပ် 1:27 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား27 ငါရို့၏အဖ ဘုရားသခင် လက်ခံတော်မူသော ဘာသာတရားကြည်ညိုခြင်း ဟူသည်မှာ သန့်ယှင်းစင်ကြယ်၍ အပြစ်ကင်းခြင်း၊ ဆင်းရဲဒုက္ခရောက်နိန်ကြသည့် မိဖမဟိသော အသျှေတိနှင့် မုဆိုးမတိကို ကြည့်ရှုစောင့်ရှောက်ခြင်း၊ ကိုယ်တိုင်လည်း လောကီအညစ်အကြေးများနှင့် ကင်းစင်စီခြင်းပင် ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင် မုဆိုးမတစ်ယောက်၌ သားသမီး သို့မဟုတ် မြီးဟိလျှင် မိမိရို့၏ဘာသာရေးဆိုင်ရာ တာဝန်ဝတ္တရားများကို မိမိရို့၏မိသားစု၌ ဆောင်ရွက်ပီးစီခြင်းငှာလည်းကောင်း၊ မိမိရို့ငယ်စဉ်က ပြုစုခသော မိဖနှင့် အဖိုး အဘောင်တိကို ကျေးဇူးဆပ်ခြင်းဆိုင်ရာများကို လည်းကောင်း ထိုသူရို့အား ဦးစွာ သင်ပီးရမည်။ ဤကား ဘုရားသခင် နှစ်သက်တော်မူရာဖြစ်၏။
သို့သော် အထက်အရပ်မှ လာသော ဉာဏ်ပညာသည် သန့်ယှင်းစင်ကြယ်ခြင်းနှင့်ဆိုင်သော အရာအားလုံးတွင် ပထမဖြစ်၏၊ ထို့နောက် ငြိမ်းချမ်းသောသဘော၊ ထောက်ထားညှာတာတတ်သောသဘော၊ နူးညံ့သိမ်မွိ့သောသဘော ဟိသည်ဖြစ်၍ ကရုဏာနှင့် ပြည့်ဝကာ ကောင်းမြတ်သော လုပ်ဆောင်မှု၏ အသီးအပွင့်ကို တိုးပွားစီတတ်၏။ ထိုဉာဏ်ပညာ၌ မျက်နှာလိုက်ခြင်း၊ ဟန်ဆောင်ခြင်းဟူ၍ မဟိပေ။