ယာကုပ် 1:22 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား22 နှုတ်ကပတ်တော်ကို နားထောင်ရုံ မျှဖြင့် မိမိကိုယ်ကို လှည့်ဖျားသောသူများ မဖြစ်စီကြဘဲ၊ လက်တွိ့ ကျင့်သုံးသောသူတိ ဖြစ်စီကြလော့။ အခန်းကိုကြည့်ပါ။ |
ညီအစ်ကို မောင်နှမရို့၊ သင်ရို့သည် တစ်ယောက်ကို တစ်ယောက် ပုတ်ခတ်ပြောဆိုခြင်း မပြုကတ်ကေ့။ မိမိ၏ညီအစ်ကိုကို ပုတ်ခတ်ပြောဆိုသောသူဖြစ်စီ၊ မိမိညီအစ်ကိုကို စီရင်သောသူဖြစ်စီ ထိုသူသည် ပညတ်တရားကို ဆန့်ကျင်ပြောဆို၍ ထိုပညတ်တော်ကို တရားစီရင်သောသူ ဖြစ်၏။ ထိုသို့ ပညတ်တော်ကို တရားစီရင်သော သင်သည် ပညတ်တရားကို လိုက်နာသောသူမဟုတ်ဘဲ တရားစီရင်သောသူဖြစ်၏။
သူရို့သည် သူတစ်ပါးကို ဒုက္ခရောက်စီသည့်နည်းတူ မိမိရို့ကိုယ်တိုင်လည်း ဆင်းရဲဒုက္ခကို ခံစားရကြလိမ့်မည်။ သူရို့သည် နိ့အချိန်၌ သောက်စားပျော်ပါးခြင်းကို ပြုကြ၏။ သူရို့သည် သင်ရို့နှင့်အတူ စားပွဲ၌ထိုင်၍ သောက်စားပျော်ပါးကြပြီး သင်ရို့အား ရှက်စရာနှင့် ဂုဏ်သိက္ခာကျစရာများကို ဖြစ်စီကြ၏။ သူရို့သည် လှည့်စားမှုကိုလည်း နှစ်သက်ကြ၏။