Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယာကုပ် 1:21 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

21 ထို့ကြောင့် ညစ်ညူးသောအကျင့်များနှင့် မကောင်းသောအမှု မှန်သမျှကို ဖယ်ယှား၍ သင်ရို့အထဲ၌ ထည့်သွင်းသော နှုတ်ကပတ်တော်ကို နူးညံ့သိမ်မွိ့သော စိတ်ဖြင့် ခံယူကြလော့။ ထိုနှုတ်ကပတ်တော်သည် သင်ရို့ကို ကယ်တင်နိုင်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယာကုပ် 1:21
37 ပူးပေါင်းရင်းမြစ်များ  

စိတ်နှလုံးနှိမ့်ချသောသူရို့သည် မင်္ဂလာဟိကြ၏။ ထိုသူရို့သည် ဘုရားသခင်ပီးထားသော ကတိတော်ကို ခံစားရလိမ့်မည်။


ဘုရားသခင်၏ ဝိညာဉ်တော်သာလျှင် အသက်ကို ပီးနိုင်၏။ လူသားရို့၏ အစွမ်းတန်ခိုးမူကား အသက်ကို မပီးနိုင်။ သင်ရို့အား ငါပြောသောစကားသည် အသက်ရှင်စီသော ထိုဝိညာဉ်တော်နှင့်သာ သက်ဆိုင်၏။


ထိုအခါ သျှိမုန်ပေတရု ကလည်း “အသျှင်၊ အကျွန်ရို့ ဇာသူ့ပါးသို့ လားရပါမည်နည်း။ ထာဝရအသက်နှင့်ဆိုင်သော တရားကို ကိုယ်တော် ဟောပါ၏။


ထို့ကြောင့် အကျွန်သည် ကိုယ်တော်ပါးသို့ ချက်ချင်း စီရွှတ်လိုက်သည် ဖြစ်၍ ကိုယ်တော်ကြွလာခြင်းအတွက် ကျေးဇူးတင်ပါ၏။ ယခုတွင် အကျွန်ရို့ အားလုံးသည် ကိုယ်တော်အား သခင်ဘုရား သွန်သင်ထားသော ဩဝါဒစကားတိကို ကြားနားခြင်းငှာ စောင့်ဆိုင်းလျက် ဘုရားသခင်၏ရှိ့မှောက် ဤအရပ်၌ ရောက်နိန်ကြခြင်းဖြစ်ပါသည်” ဟု ပေတရုအား ဆို၏။


“အာဗြဟံမျိုးနွယ်ဖြစ်ကြသော ငါ၏ညီအစ်ကို ဣသရေလလူမျိုးများနှင့် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ကြသော တခြားသောလူမျိုးအပေါင်းရို့၊ ဤကယ်တင်ခြင်း သတင်းကောင်းကို ပို့ဆောင်ပီးလိုက်သည်မှာ ငါရို့အတွက် ဖြစ်ပေ၏။


ငါသည် သတင်းကောင်းတရားတော်၌ ယုံကြည်ခြင်း အပြည့်ဟိပါ၏၊ အကြောင်းမူကား၊ ဤတရားသည် ရှီးဦးစွာ၌ ယုဒလူ၊ ထို့နောက် တခြားလူမျိုးတိနှင့်တကွ ယုံကြည်သူအားလုံးကို ကယ်တင်ခြင်းပီးနိုင်သော ဘုရားသခင်၏တန်ခိုးတော် ဖြစ်သောကြောင့် ဖြစ်၏။


တချို့သော အကိုင်းအခက်များကို ချိုးဖဲ့၍ ရိုင်းသောသံလွင်ပင်၏ အတက်ချေတစ်ခုဖြစ်သော သင့်ကို တခြားသောအကိုင်းအခက်များကြား၌ ကိုင်းကူးစိုက်ပျိုးထားခြင်းကို ခံရပြီးလျှင် ယခုအခါ၌ သံလွင်ပင်၏အမြစ်မှလာသော ဩဇာအဟာရဓာတ်များကို ခံစားနိန်ရလျှင်၊


သင်ရို့သည် တစ်ချိန်က အပြစ်တရား၏ ကျွန်တိ ဖြစ်ခဖူးသော်လည်း ယခုတွင် ခံယူထားသော ဩဝါဒစကား၌ တွိ့ရသော သမ္မာတရားများကို စိတ်နှလုံးအကြွင်းမဲ့ လိုက်နာကြသည်ဖြစ်၍ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပါ၏။


ထိုသတင်းကောင်းတရားကား သင်ရို့ကို ငါ ဟောပြောခသည့် သတင်းကောင်းတရားပင် ဖြစ်၏။ သင်ရို့သည် ထိုဧဝံဂေလိတရားကို စွဲမြဲစွာယုံကြည်လက်ခံသောကြောင့် ကယ်တင်ခြင်းကို ခံကြရ၏။ ထိုသို့မဟုတ်လျှင် သင်ရို့ ယုံကြည်ခသည်မှာ အချည်းနှီးသက်သက် ဖြစ်၏။


ချစ်သော မိတ်ဆွီရို့၊ ဤကတိတော် အားလုံးသည် ငါရို့အတွက်ပင် ဖြစ်၏။ ထို့ကြောင့် ငါရို့သည် မိမိကိုယ်ကို ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ် ညစ်ညူးခြင်း အပေါင်းမှ ကင်းစင်စီ၍ ဘုရားသခင်ကို ကြောက်ရွံ့ရိုသီခြင်းအားဖြင့် သန့်ယှင်းခြင်းနှင့် ပြည့်ဝကြကုန်အံ့။


သင်ရို့သည်လည်း ကယ်တင်ခြင်းနှင့်ဆိုင်သော သတင်းကောင်းတည်းဟူသော သမ္မာတရားကို ကြားရသောအခါ ဘုရားသခင်၏ လူများဖြစ်လာကြ၏။ သင်ရို့သည် ခရစ်တော်ကို ယုံကြည်၍ ဘုရားသခင်သည် မိမိကတိပီးထားတော်မူသော သန့်ယှင်းသော ဝိညာဉ်တော်အားဖြင့် သင်ရို့အား မိမိပိုင်တော်မူကြောင်းကို တံဆိပ်ခတ်တော်မူ၏။


ထို့ကြောင့် အယင်က ကျင်လည်ခသော လူဟောင်းဘဝကို စွန့်ပစ်ကြလော့။ လိမ်လည်လှည့်ဖြားတတ်သော ဆန္ဒများကြောင့် ပျက်စီးယိုယွင်းတတ်သော လူဟောင်းကို စွန့်ပစ်ကြလော့။


ထို့ကြောင့် မုသားစကားကို ထပ်၍ မပြောကတ်ကေ့။ သင်ရို့သည် မှန်သောစကားကိုသာ အချင်းချင်း ပြောကြလော့။ အကြောင်းမူကား ငါရို့အားလုံးသည် ခရစ်တော်၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများ ဖြစ်ကြ၏။


ညစ်ညူးသောစကား၊ မိုက်မဲသောစကား၊ မဖွယ်မရာသော စကားများကိုလည်း မပြောဆိုအပ်။ ထိုအရာများထက် ကျေးဇူးတော်ကို ချီးမွမ်းသည့် စကားများကိုသာ ပြောဆိုကြလော့။


အကြောင်းမူကား ငါရို့သည် သတင်းကောင်းကို စကားအားဖြင့်သာ ဟောပြောခြင်း မဟုတ်ဘဲ၊ တန်ခိုးအားဖြင့် လည်းကောင်း၊ သန့်ယှင်းသော ဝိညာဉ်တော်အားဖြင့် လည်းကောင်း၊ တိကျခိုင်မာသော ယုံကြည်ခြင်းအားဖြင့် လည်းကောင်း သင်ရို့အား ဟောပြောကြ၏။ ငါရို့သည် သင်ရို့နှင့်အတူဟိစဉ် သင်ရို့အကျိုးအတွက် ငါရို့ ဇာပိုင်ပြုမူနီထိုင်ခသည်ကို သင်ရို့ သိကြ၏။


ငါရို့သည် ဘုရားသခင်ကို အမြဲတစီ ကျေးဇူးတင်ရခြင်း အကြောင်းမှာ သင်ရို့သည် ငါရို့ပါးက ကြားရသော ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ခံယူကြသောအခါ လူ့စကားအဖြစ်မဟုတ်ဘဲ ဘုရားသခင်၏နှုတ်ကပတ်တော် အမှန်ဖြစ်သည်ဟု သင်ရို့သည် လက်ခံကြသောကြောင့် ဖြစ်၏။ အကြောင်းမူကား ထိုနှုတ်ကပတ်တော်သည် ယုံကြည်သော သင်ရို့၏စိတ်နှလုံးထဲ၌ အမှန်ပင် လုပ်ဆောင်လျက်ဟိ၏။


အကြောင်းမူကား လူအပေါင်းရို့အား ကယ်တင်တော်မူသော ဘုရားသခင်၏ကျေးဇူးတော်သည် ပေါ်ထွန်းတော်မူပြီ။


ထို့ကြောင့် ဤလောက်များသော သက်သီများသည် ငါရို့အား ဝိုင်းရံလျက်ဟိကြသည်ဖြစ်၍ ငါရို့၌ အနှောင့်အယှက်ဖြစ်စီသော အရာဟူသမျှကို လည်းကောင်း၊ မိမိရို့၌ ငြိတွယ်နိန်သည့် အပြစ်များကို လည်းကောင်း ဖယ်ယှား၍ ငါရို့ရှိ့၌ ထားသောပန်းဖူးတိုင်သို့ ရောက်ခြင်းငှာ လုံ့လစိုက်၍ ဗြီးကြကုန်အံ့။


ဤသို့သော ကြီးမြတ်သော ကယ်တင်ခြင်းတရားကို ဂရုမစိုက်ဘဲ နီကြလျှင် ငါရို့သည် ပြစ်ဒဏ်စီရင်ခြင်းက ဇာပိုင် လွတ်မြောက်နိုင်ပါဖို့လဲ။ သခင်ဘုရား ကိုယ်တိုင် ပထမဦးစွာ ဤကယ်တင်ခြင်းတရားကို ဟောကြားတော်မူခသည်ဖြစ်၍ ကြားနာရသောသူရို့က ထိုတရားတော်သည် မှန်ကန်ကြောင်းကို ငါရို့အား သက်သီပြခလေ၏။


အကြောင်းမူကား သူရို့ ကြားခသည့်အတိုင်း ငါရို့သည်လည်း ထိုသတင်းကောင်းတရားတော်ကို ကြားပြီးဖြစ်ကြ၏။ သို့ရာတွင် ထိုသတင်းကောင်းတရားသည် သူရို့အဖို့ ကောင်းကျိုး မဟိခပေ။ အကြောင်းမှာ သူရို့သည် ထိုသတင်းကောင်းတရားကို ကြားကြသော်လည်း ယုံကြည်ခြင်းဖြင့် လက်မခံကြသောကြောင့်ဖြစ်၏။


ဘုရားသခင်ထံပါးသို့ ချဉ်းကပ်ကြလော့။ သို့ပြုလျှင် ကိုယ်တော်သည် သင်ရို့ထံပါးသို့ ချဉ်းကပ် တော်မူလိမ့်မည်။ အပြစ်ကျူးလွန်သောသူရို့၊ သင်ရို့၏လက်ကို စင်ကြယ်စီကြလော့။ စိတ်နှစ်ခွဟိသောသူရို့၊ သင်ရို့၏စိတ်နှလုံးကို သန့်ယှင်းစီကြလော့။


အပြစ်သားကို သူ၏ လွဲမှားနိန်သောလမ်းမှ ပြန်လည်ခေါ်ဆောင်ပီးသော သူသည် ထိုအပြစ်သား၏ စိတ်ဝိညာဉ်ကို သီခြင်းတရားမှ ကယ်တင်၍ များစွာသော အပြစ်များကို ခွင့်ရွှတ်ခြင်းရစီရန် ပို့ဆောင်ပီးသောသူဖြစ်ကြောင်း သိမှတ်ကြလော့။


အဂုတွင် သင်ရို့သည် သမ္မာတရားကို လိုက်လျှောက်ခြင်းအားဖြင့် မိမိရို့၏ စိတ်နှလုံးအား စင်ကြယ်စီကြပြီး အခြားသော ယုံကြည်သူအချင်းချင်းကို ဟန်ဆောင်မှုကင်းလျက် ချစ်ကြသည်ဖြစ်၍ သင်ရို့ တစ်ယောက်ကိုတစ်ယာက် စိတ်နှလုံးအကြွင်းမဲ့ ချစ်ကြလော့။


အကြောင်းမူကား သင်ရို့သည် ထိုအသျှင်အား ယုံကြည်ခြင်း၏ အကျိုးတည်းဟူသော စိတ်ဝိညာဉ်၏ ကယ်တင်ခြင်းကို ရဟိသောကြောင့်ဖြစ်၏။


ထို့ကြောင့် သင်ရို့သည် လှည့်ဖျားမှု၊ ဟန်ဆောင်မှု၊ မနာလိုမှုနှင့် ပုတ်ခတ်ပြောဆိုမှုတည်းဟူသော မကောင်းမှုအမျိုးမျိုးကို ဖယ်ယှားကြလော့။


အဆွီရို့၊ သင်ရို့သည် ဤလောကတွင် အာဂန္တုများဖြစ်ကြသဖြင့် စိတ်ဝိညာဉ်ကို အစဉ်သဖြင့် ဆန့်ကျင်တိုက်ခိုက်လျက်နိန်သော ကိုယ်ကာယတပ်မက်မှုများကို အယှုံးမပီးကြရန် ငါ တိုက်တွန်းနှိုးဆော်ပါ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ