2 ငါ့ညီအစ်ကို မောင်နှမရို့၊ သင်ရို့သည် အမျိုးမျိုးသော စုံစမ်းနှောင့်ယှက်ခြင်းကို ရင်ဆိုင်ကြုံတွိ့ကြရသောအခါ ဧကန်အမှန် ဝမ်းမြောက်စရာ ဖြစ်သည်ဟု မှတ်ယူကြလော့။
တမန်တော်ရို့သည် တရားလွှတ်တော်မှ ထွက်လာကြစဉ် ဝမ်းမြောက်လျက်ဟိကြ၏။ အကြောင်းမူကား ဘုရားသခင်က ထိုသူရို့အား ယေသျှု၏ နာမတော်အဖို့ ဂုဏ်အသရေပျက်ခြင်းကို ခံထိုက်သူဟု မှတ်တော်မူခြင်းခံရသောကြောင့် ဖြစ်၏။
ထိုမျှမက ဒုက္ခဆင်းရဲခြင်းသည် သည်းခံခြင်းကို ဖြစ်စီတတ်၏ဟု သိသောကြောင့် ဒုက္ခဆင်းရဲခြင်း၌လည်း ငါရို့သည် ဂုဏ်ယူဝင့်ကြွားလျက် ဟိကြ၏။ အကြောင်းမူကား
သင်ရို့သည် ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် သာမက ကိုယ်တော့်အဖို့ ဆင်းရဲဒုက္ခကို ခံခြင်းအားဖြင့်လည်း ကိုယ်တော်၏အမှုတော်ကို ဆောင်ရွက်ရန် အခွင့်ထူးကို ရဟိကြ၏။
သင်ရို့၏ယုံကြည်ခြင်းကို ဘုရားသခင်အား ပူဇော်သော ယဇ်ထက်တွင် ငါ့ကို သွန်းလောင်းပူဇော်သော်လည်း ငါသည် ဝမ်းမြောက်၏။ ထိုသို့ ပြုလုပ်ရမည်ဆိုလျှင်လည်း ငါသည် သင်ရို့နှင့်အတူ ဝမ်းမြောက်၏။
ထိုနည်းတူ သင်ရို့သည်လည်း ဝမ်းမြောက်ခြင်းဟိ၍၊ ငါနှင့်အတူ ဝမ်းမြောက်ကြလော့။
အဂုတွင် သင်ရို့အတွက် ငါခံရသော ဒုက္ခဆင်းရဲကြောင့် ငါဝမ်းမြောက်၏။ ခရစ်တော်သည် မိမိကိုယ်ခန္ဓာတည်းဟူသော အသင်းတော်အတွက် ဒုက္ခဆင်းရဲ ခံရရန် ကျန်ခသည့် အရာများကို ငါ၏ကိုယ်ခန္ဓာ၌ ဖြည့်စွက်ပီးလျက်ဟိ၏။
သင်ရို့သည် အကျဉ်းကျခံနိန်ရသော သူရို့ကို စာနာစိတ်ဟိကြ၏။ မိမိရို့၏ဥစ္စာပစ္စည်းများကို မတရား လုယူခြင်း ခံရသောအခါ ဝမ်းမြောက်စွာ သည်းခံကြ၏။ အကြောင်းမူကား သင်ရို့သည် သာ၍ကောင်းမြတ်ပြီး တည်မြဲသောဥစ္စာကို ပိုင်ဆိုင်ထားကြသည်ကို သင်ရို့ကိုယ်တိုင်သိကြသောကြောင့်ဖြစ်၏။
စုံစမ်းစစ်ဆီးခြင်း၌ သည်းခံတတ်သောသူသည် မင်္ဂလာဟိ၏။ အကြောင်းမူကား ထိုသို့သော စုံစမ်းစစ်ကြောခြင်းကို အောင်မြင်သောသူသည် ဘုရားသခင်က မိမိကို ချစ်သောသူတိအား ကတိပီးထားတော်မူသည့် အသက်သရဖူကို ရလိမ့်မည်။
ငါချစ်သော ညီအစ်ကို မောင်နှမရို့၊ လှည့်ဖျားခြင်းကို မခံကတ်ကေ့။
ငါချစ်သော ညီအစ်ကို မောင်နှမရို့၊ ဤအချက်ကို သိမှတ်ကြလော့။ လူတိုင်း နားထောင်ခြင်းကို ယင်ကတ်စီ။ စကားပြောခြင်းနှင့် အမျက်ထွက်ခြင်းကို နှေးကတ်စီ။
သည်းခံတတ်သောသူရို့သည် မင်္ဂလာဟိကြ၏ဟု ငါရို့ သိကြ၏။ ယောဘ၏သည်းခံခြင်းကို သင်ရို့ ကြားဖူးကြပြီ။ နောက်ဆုံး၌ ထာဝရဘုရားသည် ပြုစုတော်မူသည်ဖြစ်၍ ကိုယ်တော်သည် သနားခြင်း ကရုဏာတော်နှင့် ပြည့်စုံတော်မူသော အသျှင်ဖြစ်ကြောင်းကို သင်ရို့ မြင်တွိ့ရကြ၏။
သို့ဖြစ်၍ သခင်ဘုရားသည် ဘုရားဝတ်၌ မွိ့ပျော်သောသူရို့အား စုံစမ်းနှောင့်ယှက်ခြင်းထဲမှ ကယ်နုတ်တော်မူရန် လည်းကောင်း၊ မဖြောင့်မတ်သောသူရို့ကို တရားစီရင်တော်မူရာနိ့၌ ပြစ်ဒဏ်စီရင်ရန် ထိန်းသိမ်းထားရမည်ကို လည်းကောင်း သိတော်မူ၏။
သင်ခံရမည့် ဆင်းရဲဒုက္ခများအတွက် မစိုးရိမ်ကေ့။ မာရ်နတ်သည် သင်ရို့ထဲမှ တချို့ကို ထောင်ထဲ၌ အကျဉ်းချထားခြင်းအားဖြင့် စစ်ဆီးလိမ့်မည်။ သင်သည် ဆယ်ရက်တိုင်တိုင် ဒုက္ခခံရလိမ့်မည်။ သီဆုံးသည်ထိတိုင်အောင် သစ္စာစောင့်လော့၊ သို့မှသာ သင့်အား အသက်သရဖူကို ငါပီးမည်။