14 သို့ရာတွင် စုံစမ်းသွီးဆောင်ခြင်းကို ခံရသောသူသည် မိမိတပ်မက်စိတ်၏ဆွဲဆောင်ရာသို့ လိုက်ပါခြင်းဖြစ်၏။
သို့သော်လည်း ခံတွင်းမှ ထွက်သောအရာများသည် စိတ်နှလုံးထဲမှ လာကြသောကြောင့် ကိုယ်ကျင့်သီလနှင့်ပတ်သက်၍ လူကို ညစ်ညမ်းစီတတ်၏။
ဤအရာများသည် လူတစ်ယောက်ကို ညစ်ညမ်းစီသည့်အရာများ ဖြစ်ကြ၏။ သို့ရာတွင် သူရို့ပြောသည့်အတိုင်း လက်မဆီးဘဲ အစာစားခြင်းသည်ကား လူတစ်ယောက်ကို ညစ်ညမ်းစီသည် မဟုတ်” ဟု မိန့်တော်မူ၏။
ထို့နောက် ဝိညာဉ်တော်သည် ယေသျှုကို တောကန္တာရထဲသို့ ပို့ဆောင်ပြီးလျှင် မာရ်နတ်၏ စုံစမ်းခြင်းကို ခံတော်မူ၏။
သို့သော်၊ ယခု ငါဆိုသည်ကား၊ ကိလေသာစိတ်နှင့် မိန်းမတစ်ယောက်ကို ကြည့်သောသူသည် ထိုသူ၏စိတ်ထဲ၌ ထိုမိန်းမနှင့် ပြစ်မှားပြီးပြီ။
အပြစ်တရားသည် ပညတ်တော်အားဖြင့် အခွင့်ရ၍ ထိုပညတ်တော်အားဖြင့် ငါ့ကို လှည့်ဖြားကာ သီခြင်းတရားသို့ ငါ့ကို ပို့ဆောင်လေ၏။
သို့ရာတွင် ကောင်းမြတ်သောအရာသည် ငါအား သီခြင်းတရားသို့ ပို့ဆောင်နိန်သလား။ ထိုသို့ မဟုတ်။ အပြစ်တရားသည် မိမိ၏ပကတိသဘောကို ထင်ရှားစီခြင်းငှာ ကောင်းမြတ်သောအရာကို အသုံးချကာ ငါအား သီခြင်းသို့ ပို့ဆောင်နိန်၏။ ထို့ကြောင့် ပညတ်တော်သည် ဖော်ပြခြင်းအားဖြင့် အလွန်ကြောက်မက်ဖွယ်သော အပြစ်တရားများသည် ထင်ရှားလာရ၏။
ထို့ကြောင့် အယင်က ကျင်လည်ခသော လူဟောင်းဘဝကို စွန့်ပစ်ကြလော့။ လိမ်လည်လှည့်ဖြားတတ်သော ဆန္ဒများကြောင့် ပျက်စီးယိုယွင်းတတ်သော လူဟောင်းကို စွန့်ပစ်ကြလော့။
သင်ရို့သည် အပြစ်၏လှည့်စားခြင်းအားဖြင့် ဂေါင်းမာသောသူတိ ဖြစ်မလာစီခြင်းငှာ ကျမ်းစာ၌ ပါသော “ဤနိ့” တည်းဟူသော နိ့ရက် ဟိသမျှကာလပတ်လုံး သင်ရို့သည် နိ့တိုင်း တစ်ယောက်ကို တစ်ယောက် အားပီးတိုက်တွန်းကြလော့။
ဇာသူမဆို ဖျားယောင်းသွီးဆောင်ခြင်းကို ခံရသည့်အခါ “ဘုရားသခင်က မိမိအား သွီးဆောင်သည်” ဟု မပြောကတ်ကေ့။ အကြောင်းမူကား မကောင်းသောအမှုအရာအားဖြင့် ဘုရားသခင်ကို မသွီးဆောင်နိုင်။ ကိုယ်တော်သည်လည်း ဇာသူ့ကိုမျှ သွီးဆောင်တော်မမူ။
တဖန် တပ်မက်သောစိတ်သည် ပဋိသန္ဓေ တည်၍ အပြစ်ကို မွီးဖွားတတ်၏။ အပြစ်သည်လည်း ကြီးပြင်းလာသောအခါ သီခြင်းတရားကို မွီးဖွားတတ်၏။