Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယာကုပ် 1:10 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

10 သို့ရာတွင် ချမ်းသာသော ညီအစ်ကို မောင်နှမရို့ ဘုရားသခင်သည် သင်ရို့အား နှိမ့်ချသောအခါ၌လည်း ဂုဏ်ယူသင့်ပေ၏။ အကြောင်းမူကား ထိုချမ်းသာခြင်းသည် မြက်ပွင့်ကဲ့သို့ ကွယ်ပျောက်လားတတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယာကုပ် 1:10
19 ပူးပေါင်းရင်းမြစ်များ  

“မိမိရို့သည် ဝိညာဉ်ရေးရာ၌ အားနည်းသူများ ဖြစ်ကြောင်း သိသောသူရို့သည် မင်္ဂလာဟိကြ၏၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူရို့အတွက် ဖြစ်၏။


ယုံကြည်ခြင်း အားနည်းသူရို့၊ ဤနိ့မြင်၍ နက်ဖြန်ခါ မီးဖိုထဲသို့ ချရမည့် မြက်ရိုင်းပန်းတိကိုတောင်မှ ဤသို့သောအဝတ်နှင့် ဝတ်ဆင်ပီးသော ဘုရားသခင်သည် သာ၍ လှပသောအဝတ်များနှင့် သင်ရို့ကို ဝတ်ဆင်ပီးလိမ့်မည် မဟုတ်ပါလား။


ဤလောက၏ ဥစ္စာပစ္စည်းကို သုံးသောသူရို့သည် မသုံးသကဲ့သို့လည်းကောင်း နီထိုင်အပ်၏။ အကြောင်းမူကား ဤလောကကြီး၏ ပုံသ​ဏ္ဌာန်သည် ရွိ့လျားကွယ်ပျောက်နိန်၏။


ထိုမျှမက ငါ၏ အသျှင် ခရစ်တော်ယေသျှုကို သိကျွမ်းရခြင်းသည် ခပ်သိမ်းသောအရာများထက် သာ၍ မြတ်သည်ဖြစ်၍ ထိုအရာများကို ငါ့အား ယှုံးဆုံးစီသည့် အရာများဟူ၍ မှတ်ယူ၏။ ငါသည် ကိုယ်တော်အဖို့ ခပ်သိမ်းသောအရာများကို စွန့်ပယ်ခ၏။ ခရစ်တော်ကို အမြတ်ရနိုင်ရန် လည်းကောင်း၊


ဤမျက်မှောက်ကာလ၌ လောကီစည်းစိမ် ချမ်းသာကြွယ်ဝသောသူရို့ကို မာန မထောင်လွှားရန် သတိပီးလော့။ စည်းစိမ်ချမ်းသာတည်းဟူသော မတည်မြဲသောအရာ၌ မိမိရို့၏မျှော်လင့်ခြင်းကို မအပ်နှံဘဲ၊ ငါရို့ခံစားဖို့အတွက် အရာခပ်သိမ်းကို ကြွယ်ဝစွာ ပီးတော်မူသော ဘုရားသခင်ကိုသာ မျှော်လင့်ကြရန် သတိပီးလော့။


သင်ရို့သည် နက်ဖြန်ခါ မည်သို့ ဖြစ်လာမည်ကိုပင် မသိကြ။ သင်ရို့၏အသက်သည် မည်သို့သောအရာဖြစ်သနည်း။ သင်ရို့သည် တဒင်္ဂသာ ပေါ်လာ၍ ပျောက်ကွယ်လားတတ်သော အခိုးအငွိ့ ဖြစ်ကြ၏။


ကျမ်းစာတော်မြတ်၌၊ “လူအပေါင်းရို့သည် မြက်ပင်ကဲ့သို့ဖြစ်၍၊ သူရို့၏ ဘုန်းတန်ခိုးတော်သည် မြက်ပွင့် ကဲ့သို့ဖြစ်၏။ မြက်ပင်သည် ညှိုးနွမ်းခြောက်သွိ့၍ အပွင့်သည်လည်း ကြွီကျတတ်၏။


လောကနှင့်တကွ လူတိ တပ်မက်သောအရာများသည် ကွယ်ပျောက်လားတတ်၏။ သို့သော်လည်း ဘုရားသခင်၏ အလိုတော်နှင့်အညီ ဆောင်ရွက်သောသူမူကား ကာလအစဉ် တည်လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ