7 အကြောင်းမူကား ပထမ ပဋိညာဉ်တရား၌ အပြစ်မဟိခလျှင် ဒုတိယ ပဋိညာဉ်တရား ဖြစ်တည်ရန် မလိုအပ်ပေ။
ဤသို့ဆိုရာတွင် ပညတ်တရားနှင့် ဘုရားသခင်၏ ကတိတော်များသည် ဆန့်ကျင်ဖက် ဖြစ်နိန်သလော။ လုံးဝမဟုတ်ပေ။ အကယ်၍ အသက်ရှင်စီနိုင်မည့် ပညတ်တရားကို လူသားတိ ရဟိခလျှင် လူတိုင်းပင် ထိုပညတ်တရားကို စောင့်ထိန်းခြင်းဖြင့် ဖြောင့်မတ်ခြင်းကို ရဟိနိုင်ကြမည် ဖြစ်၏။
ပညတ်တရားကို ဣသရေလလူမျိုးတိအား ပီးအပ်ထားသည်မှာ လေဝိမျိုးနွယ် ယဇ်ပုရောဟိတ်တိ၌ အခြေခံထားခြင်းဖြစ်၏။ ယခုအခါ လေဝိမျိုးနွယ် ယဇ်ပုရောဟိတ်တိ၏လုပ်ဆောင်မှုသည် ပြည့်စုံလျှင် အာရုန်ကဲ့သို့ မဟုတ်ဘဲ မေလခိဇေဒက် အရာကို ဆက်ခံတော်မူသော ယဇ်ပုရောဟိတ်တစ်ပါး ပေါ်ထွန်းလာဖို့ မလိုအပ်ယာ။
ယခင်ပညတ်တရားသည် အားနည်း၍ အသုံးမဝင်သောကြောင့် ဖယ်ထားကြ၏။
သို့ရာတွင် ယေသျှုသည် ဘုရားသခင်နှင့် မိမိ၏လူရို့ကြားမှာ ပျင်ဆင်ထားတော်မူသော ပဋိညာဉ်တရားသည် ကတိတော်၌ တည်သောကြောင့် သာ၍ ကောင်းမြတ် သည်ဖြစ်၍ ယခုအခါ ကိုယ်တော်အား ယဇ်ပုရောဟိတ်တိထက် သာ၍ မြင့်မြတ်သော ယဇ်ပုရောဟိတ်တာဝန်ကို ပီးအပ်ထားတော်မူ၏။