Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဟေဗြဲ 8:1 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

1 ငါရို့ ပြောဆိုနိန်ကြသည့် အဓိကအချက်မှာ ကောင်းကင်ဘုံ၌ အနန္တတန်ခိုးသျှင် ဘုရားသခင်၏ ပလ္လင်တော် လက်ယာဖက်တွင် ထိုင်နိန်တော်မူသော ယဇ်ပုရောဟိတ်မင်း တစ်ပါးသည် ငါရို့၌ ဟိနိန်သည်ဟူသော အကြောင်းပင် ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေဗြဲ 8:1
21 ပူးပေါင်းရင်းမြစ်များ  

ထိုသို့ တပည့်တော်ရို့အား မိန့်တော်မူပြီးသောအခါ အသျှင်ယေသျှုသည် ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူပြီး၊ ဘုရားသခင်၏ လက်ယာတော်ဖက်၌ ထိုင်နိန်တော်မူ၏။


ငါသည် အကျဉ်းကျခံနိန်ရသောသူ ဖြစ်သော်လည်း၊ ထိုဧဝံဂေလိတရား၏ သံတမန်တစ်ယောက်ဖြစ်၏။ ငါသည် ထိုဧဝံဂေလိတရားကို ဟောပြောရမည်ဖြစ်၍ ရဲရင့်စွာ ဟောပြောနိုင်ခြင်းငှာ ဆုတောင်းပီးကြလော့။


သို့ဖြစ်၍ သင်ရို့သည် ခရစ်တော်နှင့်အတူ ထမြောက်ကြပြီးဖြစ်သောကြောင့် ဘုရားသခင်၏ လက်ယာတော်ဖက်၌ ခရစ်တော် ထိုင်တော်မူရာ အထက်အရပ်၌ဟိသော အရာတိကိုသာ စိတ်စွဲလမ်းကြလော့။


ဘုရားသခင်သည်၊ “သင်၏ရန်သူတိကို သင်၏ ခြီအောက်၌ သင်၏ ခြီတင်ရာခုံ အဖြစ် ငါ ချထားသည့်တိုင်အောင် ငါ၏ လက်ယာဖက်၌ ထိုင်နိန်လော့” ဟု ဇာကောင်းကင်တမန်ကိုမျှ မပြောဖူးခပေ။


သားတော်သည် ဘုရားသခင်၏ဘုန်းတော်ကို ထွန်းတောက်စီတော်မူပြီး တိကျမှန်ကန်သော ဘုရားသခင်၏ဇာတိတော် ဖြစ်၏။ မိမိ၏တန်ခိုးနှင့် ပြည့်စုံတော်မူသော နှုတ်ကပတ်တော်အားဖြင့် စကြဝဠာကို တည်စီတော်မူ၏။ လူသားတိကို အပြစ်မှ လွတ်မြောက်ရန် ဆောင်ရွက်ပီးပြီးနောက် ကောင်းကင်ဘုံ၌ အနန္တတန်ခိုးသျှင် ဘုရားသခင်၏ လက်ယာတော်ဖက်တွင် ထိုင်တော်မူ၏။


သို့ရာတွင် ခရစ်တော်သည်ကား ထာဝရအတွက် တစ်ခုတည်းသော အပြစ်ဖြေရာယဇ်ကို တစ်ကြိမ်တည်း ပူဇော်ပြီးလျှင် ဘုရားသခင်၏လက်ယာဖက်၌ ထိုင်နိန်တော်မူ၏။


ငါရို့၏ယုံကြည်ခြင်းကို စတင်ဖြစ်တည်စီ၍ အဆုံးတိုင်အောင် စုံလင်စီတော်မူသော အသျှင်ယေသျှုကို စိ့စိ့ထောက်ရှုကြကုန်အံ့။ အကြောင်းမူကား ကိုယ်တော်သည် မိမိအဖို့ ပျင်ဆင်ထားသော ဝမ်းမြောက်ဖွယ်ရာအကြောင်းကြောင့် ရှက်ကြောက်ဖွယ်အမှုကို မှတ်တော်မမူဘဲ လက်ဝါးကပ်တိုင်၌ အသီခံတော်မူပြီးလျှင် ဘုရားသခင်ပလ္လင်တော်၏ လက်ယာဖက်၌ ထိုင်တော်မူလေ၏။


အကြောင်းမှာ လူတိ အပြစ်မှ ခွင့်ရွှတ်ခြင်း ရစီခြင်းငှာ ကိုယ်တော်သည် ဘုရားသခင်၏အမှုတော်ကို ဆောင်ရွက်ရာ၌ သစ္စာနှင့်လည်းကောင်း ကရုဏာနှင့်လည်းကောင်း ပြည့်စုံသော ယဇ်ပုရောဟိတ်မင်း ဖြစ်လာစီရန်နှင့် အရာရာ၌ မိမိ၏ညီအစ်ကို မောင်နှမကဲ့သို့ ဖြစ်လာစီရန် ဖြစ်၏။


ဘုရားသခင် ခေါ်ထားတော်မူသော ငါ၏ခရစ်ယာန်ညီအစ်ကို မောင်နှမရို့၊ ငါရို့ ဝန်ခံထားသော ယုံကြည်ခြင်းတရားနှင့်ဆိုင်သော ယဇ်ပုရောဟိတ်မင်း ဖြစ်တော်မူခြင်းငှာ ဘုရားသခင် စီရွှတ်တော်မူသော ယေသျှုအကြောင်းကို စဉ်းစားဆင်ခြင်ကြလော့။


သို့ဖြစ်၍ ငါရို့ ခံယူထားသော ယုံကြည်ခြင်းတရားကို ခိုင်ခံ့စွာ ဆုပ်ကိုင်ထားကြလော့။ အကြောင်းမူကား ဘုရားသခင်၏သားတော် ယေသျှုတည်းဟူသော ကောင်းကင်ဘုံသို့ ဝင်ရောက်တော်မူသော ကြီးမြတ်တော်မူသည့် ယဇ်ပုရောဟိတ်မင်းတစ်ပါးသည် ငါရို့၌ ဟိတော်မူသောကြောင့် ဖြစ်၏။


ငါသည် အောင်မြင်၍ ငါ့ခမည်းတော်၏ ပလ္လင်ထက်တွင် ခမည်းတော်နှင့်အတူ ထိုင်နိန်သကဲ့သို့ အောင်မြင်သောသူအား ငါ၏ ပလ္လင်ထက်တွင် ငါနှင့်အတူ ထိုင်ရသောအခွင့်ကို ငါပီးမည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ