ဟေဗြဲ 6:2 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား2 ဗတ္တိဇံတရား ကို သွန်သင်ခြင်း၊ လက်တင်ဆုတောင်းပီးခြင်း၊ သီခြင်းမှ ထမြောက်ခြင်းနှင့် ထာဝရ တရားစီရင်ခြင်း စသည့် အခြေခံတရားများကို ငါရို့သည် တဖန်ပြန်၍ မသင်အပ်ယာ။ အခန်းကိုကြည့်ပါ။ |
ဧပိကုရု၏တပည့်တိနှင့် သတောအိတ်ဟု ခေါ်သော အတွေးအခေါ်ပညာသျှင်ရို့သည်လည်း ပေါလုနှင့် ဆွေးနွေးငြင်းခုံခြင်းငှာ စတင်ကြလေ၏။ အချို့က “ဤစကားအိုးသည် ဇာအကြောင်းကို ပြောပြဖို့ ကြိုးစားနိန်စွာလဲ” ဟု ဆို၏။ အချို့ကလည်း “ဤသူသည် နိုင်ငံခြားနတ်ဘုရားတိ အကြောင်းကို ပြောဆိုနိန်ပုံရ၏” ဟု ဆိုကြ၏။ သူရို့က ဤသို့ ပြောဆိုရသည့်အကြောင်းမှာ၊ ပေါလုသည် ယေသျှုနှင့် ရှင်ပြန်ထမြောက်ခြင်းအကြောင်း သတင်းကောင်းကို ဟောပြောနိန်ခြင်းကြောင့် ဖြစ်၏။
ထိုသူရို့အထဲတွင် လူတချို့က ဖာရိယှဲများဖြစ်ကြပြီး၊ တချို့က ဇဒ္ဒုကဲတိ ဖြစ်ကြသည်ကို ပေါလုသည် သိမြင်သောအခါ “ငါ၏ညီအစ်ကို ဣသရေလလူမျိုးရို့၊ ငါသည် ဖာရိယှဲ ဖြစ်ပါ၏။ ဖာရိယှဲ၏သားလည်း ဖြစ်ပါ၏။ သီသောသူရို့သည် ရှင်ပြန်ထမြောက်မည် ဖြစ်ကြောင်းကို ငါသည် မျှော်လင့်နိန်သောကြောင့် ဤနီရာတွင် စစ်ဆီးခံနိန်ရခြင်း ဖြစ်ပါ၏” ဟု ဆိုလေ၏။