Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဟေဗြဲ 6:1 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

1 သို့ဖြစ်၍ ငါရို့သည် ခရစ်ယာန်တရားတော်၏ အခြေခံသွန်သင်ချက်များကို ကျော်လွန်၍ ရင့်ကျက်သောဩဝါဒတရားတိကို ကျင့်ကြကုန်အံ့။ သီခြင်းတရားသို့ ပို့ဆောင်သော အကျင့်များမှ နောင်တရခြင်း၊ ဘုရားသခင်ကို ယုံကြည်ခြင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေဗြဲ 6:1
50 ပူးပေါင်းရင်းမြစ်များ  

သားကြီးက ‘အကျွန် မလားချင်ပါ’ ဟု ပြောသော်လည်း သူသည် တဖန် စိတ်ပြောင်းလဲကာ ဥယျာဉ်သို့ လား၍ အလုပ်လုပ်၏။


အကြောင်းမူကား ဗတ္တိဇံယောဟန်သည် သင်ရို့အား ဖြောင့်မတ်ခြင်းတရားလမ်းကို ညွှန်ပြရန် သင်ရို့ပါးသို့ ရောက်လာခယာ။ သင်ရို့သည် သူ့ကို မယုံခကတ်။ အခွန်ကောက်သောသူတိနှင့် ပြည့်တန်ဆာမတိက သူ့ကို ယုံကတ်တေ။ သင်ရို့သည် ဤအကြောင်းအရာကို မြင်တွိ့ခသော်လည်း သူ့ကို ယုံကြည်ရန် သင်ရို့သည် နောက်တဖန် စိတ်ပြောင်းလဲခြင်း မဟိကတ်ပါတကားဟု မိန့်တော်မူ၏။


သူဟောပြောသည်မှာ “ကောင်းကင်နိုင်ငံတော် တည်လုနီးပြီ ဖြစ်သောကြောင့် သင်ရို့သည် အပြစ်မှ နောင်တရကြပါ” ဟူ၍ ဖြစ်၏။


ထိုအချိန်မှစ၍ ယေသျှုက “ကောင်းကင်နိုင်ငံတော် တည်လုနီးပြီ ဖြစ်သောကြောင့် သင်ရို့သည် အပြစ်မှ နောင်တရကြလော့” ဟူသော တရားတော်ကို စတင်၍ ဟောကြားတော်မူ၏။


သင်ရို့၏ ကောင်းကင်ဘုံသျှင်အဖသည် ပြည့်စုံသည့်နည်းတူ — သင်ရို့သည်လည်း ပြည့်စုံခြင်း ဟိကြလော့။


မိုးရွာ၍ မြစ်ရီကြီးပြီး လီပြင်းတိုက်သော်လည်း ထိုအိမ်သည် ပြိုလဲကျလားခြင်းမဟိ၊ အကြောင်းမှာ ကျောက်ထက်မှာ တည်ဆောက်ထားသောကြောင့် ဖြစ်၏။


ဘုရားသခင်၏သားတော် ယေသျှုခရစ်တော်၏ သတင်းကောင်းတရားတော် စတင်ပုံကို ဆိုပေအံ့။


တပည့်တော်ရို့သည် ထွက်လား၍ လူရို့အား၊ နောင်တနှင့်ဆိုင်သော သတင်းစကားကို ဟောပြောကြ၏။


ထိုသူသည် မြီကြီးကို အနက်ကြီးတူးပြီးလျှင် ကျောက်ထက်မာ အုတ်မြစ်ချ၍ အိမ်ဆောက်သောလူနှင့် တူ၏။ ရီကြီးသောအခါ မြစ်ရီသည် ထိုအိမ်ကို တိုက်သော်လည်း ထိုအိမ်သည် မလှုပ်နိုင်။ ဇာကြောင့်ဆိုသော် အိမ်ကို ခိုင်ခန့်စွာ ဆောက်ထားသောကြောင့် ဖြစ်၏။


ယေသျှုက အော်ဟစ်၍ “ငါ့ကို ယုံကြည်သူသည် ငါ့ကိုသာမဟုတ် ငါ့ကို စီရွှတ်တော်မူသည့် သူကိုပင်လျှင် ယုံကြည်၏။


ယေသျှုက “သင်ရို့ စိတ်ပူပန်ခြင်း မဟိကတ်ကေ့။ ဘုရားသခင်ကို ယုံကြည်ပါ။ ငါ့ကိုလည်း ယုံကြည်ပါ။


“ငါအမှန်ဆိုသည်ကား၊ ငါ့စကားကို ကြားလျက် ငါအား စီရွှတ်သောသူကို ယုံကြည်သော သူရို့သည် ထာဝရအသက်ကို ရ၏။ ထိုသူရို့သည် တရားစီရင်ခြင်းကို မခံရဘဲ သီခြင်းမှ အသက်ရှင်ခြင်းသို့ ကူးမြောက်သော သူများ ဖြစ်ကြ၏။


သူရို့သည် ပေတရု၏စကားကို ကြားကြသောအခါ ပြစ်တင်ဝေဖန်ခြင်းကို ရပ်ကြပြီးလျှင် “ဘုရားသခင်သည် လူမျိုးခြားတိကိုလည်း နောင်တရ၍ အသက်ရှင်ရန် အခွင့်ထူးကို ပီးတော်မူယာ” ဟု ဆို၍ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းကြ၏။


လူတိသည် အတိတ်ကာလက ဘုရားကို မသိခသည်ကို ဘုရားသခင်သည် အပြစ်မယူခပေ၊ သို့သော်လည်း ယခုတွင် မြီကြီးတစ်ပြင်လုံး၌ ဟိကြကုန်သော လူသားအားလုံးကို မိမိရို့၏အပြစ်မှ နောင်တရကြရန် ဘုရားသခင် မိန့်တော်မူလျက်ဟိ၏။


ပေတရုက၊ “သင်ရို့၏အပြစ်မှ ခွင့်ရွှတ်ခြင်းရစီရန် တစ်ယောက်စီတိုင်း နောင်တရပြီးလျှင် ယေသျှုခရစ်တော်၏ နာမတော်မြတ်၌ ဗတ္တိဇံကို ခံယူကြလော။ ထိုသို့ပြုလျှင် ဘုရားသခင်၏ လက်ဆောင်ဖြစ်သော သန့်ယှင်းသောဝိညာဉ်တော်ကို လက်ခံရကြလိမ့်မည်။


ငါသည် ယုဒလူမျိုးရို့နှင့် ဟေလသလူရို့အား မိမိရို့အပြစ်မှ နောင်တရ၍ ဘုရားသခင်ပါးသို့ လှည့်လာစီခြင်းငှာ လည်းကောင်း၊ အသျှင်ယေသျှုကို ယုံကြည်ကြစီခြင်းငှာ လည်းကောင်း လေးနက်စွာ သတိပီးခ၏။


ဦးစွာ ဒမာသက်မြို့မှစ၍ ယေရုဆလင်မြို့၌ လည်းကောင်း၊ ယုဒပြည်အရပ်ရပ်၌ လည်းကောင်း၊ တခြားလူမျိုးတိကြား၌ လည်းကောင်း၊ အကျွန်ဟောပြောသည်မှာ လူရို့သည် မိမိရို့၏ အပြစ်မှ နောင်တရ၍ ဘုရားသခင်ထံတော်သို့ လှည့်လာရမည်။ ထို့နောက် နောင်တရကြောင်းကို မိမိရို့၏ လုပ်ဆောင်ချက်ဖြင့် ပြသရမည် ဟူ၍ ဖြစ်ပါ၏။


သို့ဖြစ်၍ ဘုရားသခင်သည် သင်ရို့၏ အပြစ်တိကို လွှတ်ပီးစီရန် နောင်တရ၍ ပြောင်းလဲကြလော့။ ထိုသို့ပြုလျှင်၊


သို့သော် စုံလင်ခြင်းသို့ ရောက်သောအခါ မစုံလင်သော အရာဟူသမျှရို့သည် ကွယ်ပျောက်လိမ့်မည်။


ငါသည် ဉာဏ်ပညာနှင့် ယှဉ်သောစကားကို ဝိညာဉ်ရေးရာ ရင့်ကျက်သော သူရို့အား ပြောဆိုပါ၏။ သို့ရာတွင် ထိုဉာဏ်ပညာကား ဤလောကနှင့် သက်ဆိုင်သည်မဟုတ်။ လောကီမင်းများနှင့်လည်း မသက်ဆိုင်။ လောကီမင်းရို့၏ တန်ခိုးအာဏာသည်လည်း ပျက်ပြယ်တတ်၏။


ချစ်သော မိတ်ဆွီရို့၊ ဤကတိတော် အားလုံးသည် ငါရို့အတွက်ပင် ဖြစ်၏။ ထို့ကြောင့် ငါရို့သည် မိမိကိုယ်ကို ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ် ညစ်ညူးခြင်း အပေါင်းမှ ကင်းစင်စီ၍ ဘုရားသခင်ကို ကြောက်ရွံ့ရိုသီခြင်းအားဖြင့် သန့်ယှင်းခြင်းနှင့် ပြည့်ဝကြကုန်အံ့။


အကြောင်းမူကား ဘုရားသခင် အလိုတော်နှင့်ညီသော ဝမ်းနည်းခြင်းသည် ကယ်တင်ခြင်းကို ရစီသည့် နောင်တစိတ်ကို ဖြစ်ပေါ်စီတတ်၏။ ထို့ကြောင့် ဝမ်းနည်းမိသည့်အတွက် စိတ်မကောင်းမဖြစ်သင့်။ သို့ရာတွင် လောကီ ဝမ်းနည်းခြင်းသည်ကား သီဆုံးခြင်းကို ဖြစ်စီတတ်၏။


အတိတ်က သင်ရို့၏ မနာခံမှုနှင့် ဒုစရိုက်အပြစ်များကြောင့် ဝိညာဉ်ရေးရာ၌ သီးဆုံးလျက် ဟိကြ၏။


မနာခံမှုကြောင့် အပြစ်တရား၌ သီလျက်ဟိသော ငါရို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စီတော်မူ၏။ ထိုအရာကား သင်ရို့သည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်း ခံထားရသောကြောင့် ဖြစ်၏။


ဤသို့ ကိုယ်တော်ပြုတော်မူခြင်းမှာ ခရစ်တော်၏ ကိုယ်ခန္ဓာတော်ကို တည်ဆောက်စီရန်နှင့် အမှုတော်ဆောင်ရွက်ခြင်းငှာ ဘုရားသခင်၏လူတိကို အသင့်ပျင်ဆင်ပီးရန် ဖြစ်၏။


သို့ဖြစ်၍ ငါရို့သည် လူတိုင်းကို ခရစ်တော်၌ ရင့်ကျက်သောသူအဖြစ် ဘုရားသခင်၏ မျက်မှောက်တော်သို့ ရောက်စီနိုင်ရန် ဉာဏ်ပညာဟိသမျှဖြင့် လူတိုင်းကို သတိပီးဆုံးမကာ ခရစ်တော်၏အကြောင်းကို ဟောပြောကြ၏။


ဤသူတော်ကောင်းတရားများ၌ ချစ်ခြင်းမေတ္တာကို ထပ်ဆင့်၍ ဝတ်ဆင်ကြလော့။ ချစ်ခြင်းမေတ္တာသည် ထိုတရားတော်မြတ်များကို တစ်လုံးတစ်ဝတည်း ပြည့်ဝစုံလင်စီ၏။


ခရစ်တော်ယေသျှု၏ အခိုင်းအစီဖြစ်၍ သင်ရို့အထဲက တစ်ဦးဖြစ်သော ဧပဖြကလည်း နှုတ်ဆက်လိုက်ပါ၏။ သင်ရို့သည် ဘုရားသခင်၏ အလိုတော်ကို ပြည့်ဝစွာလိုက်နာကာ ရင့်ကျက်၍ ယုံကြည်ခြင်းပြည့်ဝသော ခရစ်ယာန်များအဖြစ် ခိုင်မြဲစွာ ရပ်တည်နိုင်ကြစီရန် သူသည် သင်ရို့အတွက် စိတ်အားထက်သန်စွာ အမြဲတစီ ဘုရားသခင်ထံတော်၌ ဆုတောင်းပီးလျက်ဟိ၏။


ငါရို့၏ဘာသာတရားသည် ဇာလောက်ထိ နက်နဲသည်ကို ဇာသူမျှ မငြင်းနိုင်ပေ၊ ကိုယ်တော်သည် လူသား၏ ပုံသဏ္ဍန်အားဖြင့် ပေါ်ထွန်းတော်မူသည်မှာ ဟုတ်မှန်တော်မူကြောင်းကို ဝိညာဉ်တော်အားဖြင့် ဖော်ပြတော်မူပြီ၊ ကောင်းကင်တမန်များသည် ကိုယ်တော့်ကို မြင်ရကြပြီ။ ကိုယ်တော်၏အကြောင်းကို လူမျိုးအပေါင်းရို့အား ဟောပြောကြပြီ၊ လောကီသားရို့သည်လည်း ယုံကြည်ကြပြီ၊ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူပြီ။


ဤနည်းအားဖြင့် သူရို့သည် အနာဂါတ်အတွက် ခိုင်ခံ့သော အခြေခံအုတ်မြစ်တည်းဟူသော ဘဏ္ဍာကို မိမိရို့အဖို့ စုဆောင်းထားနိုင်ကြလိမ့်မည်။ ထို့အပြင် သူရို့သည် စစ်မှန်သော အသက်ကိုလည်း ရနိုင်ကြလိမ့်မည်။


သို့သော်လည်း ဘုရားသခင် တည်ဆောက်ထားသော အုတ်မြစ်သည် ခိုင်ခန့်စွာ ရပ်တည်လျက်ဟိ၏။ ထိုအုတ်မြစ်ထက်တွင် “သခင်ဘုရားသည် မိမိ၏ လူတိကို သိတော်မူ၏” ဟူ၍ လည်းကောင်း၊ “ဘုရားသခင်၏နာမတော်ကို ဝန်ခံသောသူတိုင်းသည် မတရားသောအမှုကို ယှောင်ရမည်” ဟူ၍လည်းကောင်း ကမ္ပည်းစာ ရီးထား၏။


ယုံကြည်ခြင်းမဟိလျှင် ဘုရားသခင် နှစ်သက်ခြင်းကို မရနိုင်။ အကြောင်းမူကား ဘုရားသခင်ထံပါးသို့ လာသောသူသည် ဘုရားသခင်ဟိတော်မူသည်ကို လည်းကောင်း၊ ဘုရားသခင်သည် မိမိကို စိတ်အားကြီးစွာ ရှာသောသူတိအား အကျိုး ပီးတော်မူသည်ကို လည်းကောင်း ယုံကြည်ရသောကြောင့်ဖြစ်၏။


ခြီမသန်စွမ်းသောသူတိလည်း ခြီဆစ် လွဲခြင်းမဟိစီရဘဲ သာ၍ ကျန်းမာလာစီရန် သင်ရို့၏ခြီထောက်အတွက် ညီညာပြန့်ဖြူးသောလမ်းများကို ပျင်ဆင်ကြလော့။


ပညတ်တရားကို ဣသရေလလူမျိုးတိအား ပီးအပ်ထားသည်မှာ လေဝိမျိုးနွယ် ယဇ်ပုရောဟိတ်တိ၌ အခြေခံထားခြင်းဖြစ်၏။ ယခုအခါ လေဝိမျိုးနွယ် ယဇ်ပုရောဟိတ်တိ၏လုပ်ဆောင်မှုသည် ပြည့်စုံလျှင် အာရုန်ကဲ့သို့ မဟုတ်ဘဲ မေလခိဇေဒက် အရာကို ဆက်ခံတော်မူသော ယဇ်ပုရောဟိတ်တစ်ပါး ပေါ်ထွန်းလာဖို့ မလိုအပ်ယာ။


မှန်လျှင် ခရစ်တော်၏အသွီးတော်သည် မည်မျှလောက်ထိ စင်ကြယ်ခြင်းသို့ ရောက်ကြပါမည်နည်း။ ခရစ်တော်သည် ထာဝရဝိညာဉ်တော်အားဖြင့် ပြည့်စုံသော ပူဇော်သကာအဖြစ် မိမိကိုယ်ကို ဘုရားသခင်အား ပူဇော်ပီးခ၏။ ကိုယ်တော်၏အသွီးတော်သည် သီခြင်းတရားနှင့်ဆိုင်သော အကျင့်များမှ ငါရို့၏စိတ်ဝိညဉ်ကို သန့်ယှင်းစီလိမ့်မည်။ အကြောင်းမူကား ငါရို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏အမှုတော်မြတ်ကို ဆောင်ရွက်နိုင်ကြစီရန် ဖြစ်၏။


သင်ရို့သည် အလျှင်း မချို့တဲ့ဘဲ ရင့်ကျက်၍ ပြည့်စုံသောသူတစ်ယောက် ဖြစ်လာစီခြင်းငှာ အရာရာ၌ သည်းခံခြင်း ဟိကြလော့။


ကိုယ်တော်အား သီခြင်းတရားမှ ရှင်ပြန်ထမြောက်စီ၍ ဘုန်းတော် ထွန်းတောက်စီတော်မူသော ဘုရားသခင်ကို ကိုယ်တော်အားဖြင့် သင်ရို့သည် ယုံကြည်ကြ၏။ သို့ဖြစ်၍ သင်ရို့သည် ဘုရားသခင်ကို အမှီပြုလျက် ယုံကြည်ခြင်းနှင့် မျှော်လင့်ခြင်း ဟိကြ၏။


သို့ရာတွင် သင်ရို့သည် ဆင်းရဲဒုက္ခကို အနည်းငယ်မျှသာ ခံစားပြီးသောအခါ ခရစ်တော်နှင့် တစ်လုံးတစ်ဝတည်း ဖြစ်စီလျက် ထာဝရဘုန်းတော်ကို ဝင်စားခွင့်ပီးရန် ခေါ်တော်မူသောအသျှင်၊ ကျေးဇူးတော်အပေါင်းနှင့် ပြည့်စုံတော်မူသော ဘုရားသခင်ကိုယ်တော်တိုင်သည် သင်ရို့ကို စုံလင်စီ၍ ခွန်အားနှင့် ပြည့်ဝစီကာ ခိုင်ခံ့စွာ ရပ်တည်စီတော်မူလိမ့်မည်။


မည်သူမျှ ဘုရားသခင်ကို မတွိ့မမြင်ဖူးသော်လည်း ငါရို့သည် အချင်းချင်းချစ်ကြလျှင် ဘုရားသခင်သည် ငါရို့နှင့် တစ်လုံးတစ်ဝတည်း ဖြစ်တော်မူလျက် ကိုယ်တော်၏ မေတ္တာတော်သည် ငါရို့အထဲ၌ ပြည့်စုံလျက် ဟိ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ