Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဟေဗြဲ 5:9 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

9 ထို့ကြောင့် ကိုယ်တော်သည် စုံလင်ခြင်းသို့ ရောက်သောအခါ မိမိကို နာခံသောသူအပေါင်းရို့အား ထာဝရကယ်တင်ခြင်းကို ပီးသောအသျှင် ဖြစ်လာတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေဗြဲ 5:9
39 ပူးပေါင်းရင်းမြစ်များ  

ပေတရု စကားပြောနိန်ချိန်မှာ တလက်လက်တောက်ပနိန်သော မိုးတိမ်တိုက်တစ်ခုသည် သူရို့ထက်၌ ပေါ်လာပြီး “ဤသူသည် ငါ နှစ်သက်မြတ်နိုးသော ငါ၏ချစ်သား ဖြစ်၏၊ သူ၏စကားကို နားထောင်ကြလော့” ဟူသော အသံဖြင့် ထိုမိုးတိမ်မှ မိန့်တော်မူ၏။


ယေသျှုက “ငါသည် ဤနိ့နှင့် နက်ဖြန်နိ့၌ နတ်ဆိုးတိကို နှင်ထုတ်ပြီးလျှင် အနာရောဂါတိကို ပျောက်စီမည်။ သုံးရက်မြောက်သော နိ့၌ကား ငါ့အလုပ်ကို အဆုံးသတ်မည်ဖြစ်ကြောင်း၊ လား၍ ထိုမြီခွီးကို ပြောလော့။


ယေသျှုသည် ထိုပုံးရည်ကို သောက်တော်မူပြီးမှ “အမှုပြီးပြီ” ဟု နှုတ်မှ မြွက်ဆိုလေ၏။ ထို့နောက် ဦးဂေါင်းကို ငိုက်စိုက်ချကာ မိမိ၏အသက်တော်ကို စွန့်တော်မူလေ၏။


ထို့ကြောင့် အသက်ကို ပီးပိုင်သောသူကို ကွပ်မျက်လိုက်ကြ၏။ သို့သော် ဘုရားသခင်သည် ထိုသခင်ကို သီခြင်းတရားမှ ရှင်ပြန်ထမြောက်တော်၏။ ငါရို့သည် ထိုအကြောင်းအရာ၏ သက်သီဖြစ်ကြ၏။


ကယ်တင်ခြင်းသည် အခြားသော သူတစ်ယောက်၌မျှမဟိ၊ အကြောင်းမူကား ထိုနာမမှတစ်ပါး ငါရို့ကို ကယ်တင်နိုင်သော အခြားသောနာမကို ကောင်းကင်အောက်၌ ဇာသူ့ကိုမျှ ပီး၍မထား” ဟု သူရို့အား ဖြေကြားတော်မူ၏။


ဤအကြောင်းအရာနှင့် ပတ်သက်၍ ငါရို့သည် သက်သီများဖြစ်ကြပြီး ဘုရားသခင်သည် မိမိ၏စကားကို နာခံသူတိအတွက် ချပီးတော်မူသော သန့်ယှင်းသောဝိညာဉ်တော်ကလည်း သက်သီဖြစ်တော်မူ၏” ဟု ပြန်ဖြေကြ၏။


ဘုရားသခင်သည် ခရစ်တော်၏အကျိုးအလို့ငှာ တမန်တော်တစ်ယောက် ဖြစ်ရသောအခွင့်ထူးကို ထိုအသျှင်အားဖြင့် အကျွန့်အား ပီးတော်မူ၏။ အကြောင်းမှာ လူသားအားလုံးသည် ကိုယ်တော့်ကို ယုံကြည်၍ နာခံလိုက်လျှောက်ကြစီရန်ဖြစ်၏။


သို့ရာတွင် သတင်းကောင်းတရားကို လူတိုင်း လက်မခံကြ။ ပရောဖက်ဟေသျှာယက သူကိုယ်တိုင် ပြောခသည်မှာ “ထာဝရဘုရားသျှင်၊ အကျွန်ရို့၏သတင်းစကားကို ဇာသူ ယုံကြည်ပါသနည်း” ဟူ၍ ဖြစ်၏။


ဘုရားသခင်အား တခြားလူမျိုးတိ လိုက်နာလာရန် ခရစ်တော်သည် ငါ့အားဖြင့် ပြုတော်မူသမျှတိကိုသာ ငါသည် ရဲဝံ့စွာပြော၏။ ထိုသို့ လိုက်နာလာကြစီခြင်းငှာ ခရစ်တော်သည် ငါ့အား နှုတ်တော်ထွက် မိန့်တော်မူချက်များဖြင့်လည်းကောင်း၊ လက်တွိ့ လုပ်ဆောင်မှုများဖြင့်လည်းကောင်း၊


သို့ရာတွင် တစ်ကိုယ်ကောင်းဆန်၍ မတရားသောအမှုကို ပြုခြင်းငှာ သမ္မာတရားကို ငြင်းပယ်သောသူရို့အား ဘုရားသခင်က မိမိ၏အမျက်ဒေါသကို သွန်းလောင်းတော်မူလိမ့်မည်။


သင်ရို့သည် တစ်ချိန်က အပြစ်တရား၏ ကျွန်တိ ဖြစ်ခဖူးသော်လည်း ယခုတွင် ခံယူထားသော ဩဝါဒစကား၌ တွိ့ရသော သမ္မာတရားများကို စိတ်နှလုံးအကြွင်းမဲ့ လိုက်နာကြသည်ဖြစ်၍ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပါ၏။


ဘုရားသခင်အား သိကျွမ်းသောဉာဏ်ပညာကို ဆန့်ကျင်တားဆီးတတ်သော မာန်မာနဟိသမျှကို ချိုးဖျက်ကာ ငါရို့သည် တွီးတောကြံစည်မှု ဟိသမျှကို ချုပ်တည်းကာ ခရစ်တော်အား နာခံစီကြ၏။


သို့ဖြစ်၍ အဆွီရို့၊ ငါသည် သင်ရို့နှင့်အတူ ဟိစဉ် သင်ရို့သည် ငါ့စကားကို အစဉ်အမြဲ နားထောင်ခကြသည်နည်းတူ အဂုလည်း ငါသည် သင်ရို့နှင့် ဝီးကွာလျက် ဟိသောအခါ၌လည်း ငါ့စကားကို နားထောင်ခြင်းငှာ ပို၍ပင် အရေးကြီးပေ၏။ သင်ရို့၏ ကယ်တင်ခြင်း ပြည့်စုံစီခြင်းငှာ ကြောက်ရွံ့တုန်လှုပ်သောစိတ်နှင့် လုပ်ဆောင်လျက် နိန်ကြလော့။


ဘုရားသခင်ကို ငြင်းပယ်သောသူရို့နှင့် ငါရို့၏အသျှင် ယေသျှုအကြောင်း သတင်းကောင်းကို မနာခံသောသူရို့အား အပြစ်စီရင်တော်မူလိမ့်မည်။


ငါရို့၏အသျှင် ယေသျှုခရစ် ကိုယ်တော်တိုင်နှင့် ငါရို့ကို ချစ်တော်မူ၍ ကောင်းမြတ်သည့် မျှော်လင့်ခြင်းနှင့် ထာဝရနှစ်သိမ့်ခြင်းကို မိမိ၏ကျေးဇူးတော်အားဖြင့် ပီးသနားတော်မူသော ငါရို့၏အဖ ဘုရားသခင်သည်၊


ထို့အပြင် ငါသည် ဘုရားသခင်ရွီးချယ်ထားသော သူရို့အကျိုးငှာ အရာရာ၌ သည်းခံရ၏။ အကြောင်းမူကား သူရို့သည် ထာဝရဘုန်းတန်ခိုးတော်နှင့် ပြည့်စုံသည့် ယေသျှုခရစ်တော်၌ဟိသော ကယ်တင်ခြင်းကို ရကြစီခြင်းငှာ ဖြစ်၏။


သို့ဖြစ်၍ ကောင်းကင်တမန်တိကား ဇာသူတိလဲ၊ ထိုသူရို့သည် ကယ်တင်ခြင်းကို အမွီခံရမည့်သူရို့အား ကူညီရန် ဘုရားသခင် စီရွှတ်တော်မူသော ကိုယ်တော်၏အစီခံ ဝိညာဉ်များ ဖြစ်ကြ၏။


အကြောင်းမူကား သူရို့သည် ငါရို့နှင့်အတူ ပြည့်စုံခြင်းသို့ ရောက်ကြစီခြင်းငှာ ငါရို့အတွက် သာ၍ ကောင်းမြတ်သောအရာကို ဘုရားသခင် စီမံထားသောကြောင့် ဖြစ်၏။


အာဗြဟံသည် မိမိအား ပီးမည်ဟု ဘုရားသခင် ကတိပြုထားသောပြည်သို့ ထွက်ခွာရန် ဘုရားသခင်က သူ့အား ခေါ်တော်မူသောအခါ သူသည်ယုံကြည်ခြင်းအားဖြင့် နာခံလျက် မိမိမည်သည့်အရပ်သို့ လားရမည်ကို မသိသော်လည်း ဇာတိပြည်မှ ထွက်လားလေ၏။


ငါရို့၏ယုံကြည်ခြင်းကို စတင်ဖြစ်တည်စီ၍ အဆုံးတိုင်အောင် စုံလင်စီတော်မူသော အသျှင်ယေသျှုကို စိ့စိ့ထောက်ရှုကြကုန်အံ့။ အကြောင်းမူကား ကိုယ်တော်သည် မိမိအဖို့ ပျင်ဆင်ထားသော ဝမ်းမြောက်ဖွယ်ရာအကြောင်းကြောင့် ရှက်ကြောက်ဖွယ်အမှုကို မှတ်တော်မမူဘဲ လက်ဝါးကပ်တိုင်၌ အသီခံတော်မူပြီးလျှင် ဘုရားသခင်ပလ္လင်တော်၏ လက်ယာဖက်၌ ထိုင်တော်မူလေ၏။


များစွာသော သားသမီးတိကို မိမိ၏ဘုန်းစည်းစိမ်၌ ခံစားစီခြင်းငှာ အရာခပ်သိမ်းကို ဖန်ဆင်းတော်မူပြီး ထိန်းသိမ်းစောင့်ရှောက်လျက် ဟိတော်မူသော ဘုရားသခင်သည် ယေသျှုအား စုံလင်တော်မူစီရန် ဆင်းရဲဒုက္ခကို ခံယူစီတော်မူခြင်းသည် ဖြောင့်မတ်မှန်ကန်တော်မူ၏။ အကြောင်းမူကား ယေသျှုသည် ထိုသူရို့ကို ကယ်တင်ခြင်းသို့ ပို့ဆောင်ပီးသောသူတစ်ယောက် ဖြစ်သောကြောင့်တည်း။


ဤသို့သော ကြီးမြတ်သော ကယ်တင်ခြင်းတရားကို ဂရုမစိုက်ဘဲ နီကြလျှင် ငါရို့သည် ပြစ်ဒဏ်စီရင်ခြင်းက ဇာပိုင် လွတ်မြောက်နိုင်ပါဖို့လဲ။ သခင်ဘုရား ကိုယ်တိုင် ပထမဦးစွာ ဤကယ်တင်ခြင်းတရားကို ဟောကြားတော်မူခသည်ဖြစ်၍ ကြားနာရသောသူရို့က ထိုတရားတော်သည် မှန်ကန်ကြောင်းကို ငါရို့အား သက်သီပြခလေ၏။


ခရစ်တော်သည် လူသားအာလုံးအတွက် ပူဇော်သကာဆက်ကပ်ခြင်းငှာ တဲတော်၏အသန့်ယှင်းဆုံးသော နီရာသို့ ဝင်သောအခါ ဆိတ်၏အသွီး၊ နွား၏အသွီးများကို ယူဆောင်၍ ဝင်တော်မူခြင်းမဟုတ်၊ မိမိ၏အသွီးတော်ကို ယူဆောင်၍ ဝင်တော်မူခြင်းအားဖြင့် ငါရို့အား ထာဝရ ကယ်တင်ခြင်းကို ပီးတော်မူ၏။


ထို့ကြောင့် ခရစ်တော်သည် အသစ်သောပဋိညာဉ်ကို ပျင်ဆင်တော်မူသော ကြားဝင်​စိ့စပ်ပီး​သူ ဖြစ်၏။ အကြောင်းမူကား ဘုရားသခင်သည် မိမိခေါ်ထားတော်မူသော သူရို့အား ကတိပီးထားတော်မူသည့် ထာဝရကောင်းကြီးမင်္ဂလာများကို ရကြစီခြင်းငှာ ဖြစ်၏။ ပထမပဋိညာဉ်တရား အောက်၌ ပြစ်မှားမိခသော လူတိကို အပြစ်မှ လွတ်မြောက်ရန် ကိုယ်တော်သည် အသီခံ ပီးတော်မူခ၏။


ခရစ်တော်သည်လည်း များစွာသောသူရို့၏အပြစ်များကို ဖယ်ယှားရန် မိမိကိုယ်ကို တစ်ကြိမ်တည်း ပူဇော်ပြီးမှ ဒုတိယအကြိမ်၌ကား အပြစ်အတွက်မဟုတ်ဘဲ မိမိအား စောင့်မျှော်နိန်ကြသောသူရို့ကို ကယ်တင်ရန် ပေါ်ထွန်းလာတော်မူလိမ့်မည်။


အဂုတွင် သင်ရို့သည် သမ္မာတရားကို လိုက်လျှောက်ခြင်းအားဖြင့် မိမိရို့၏ စိတ်နှလုံးအား စင်ကြယ်စီကြပြီး အခြားသော ယုံကြည်သူအချင်းချင်းကို ဟန်ဆောင်မှုကင်းလျက် ချစ်ကြသည်ဖြစ်၍ သင်ရို့ တစ်ယောက်ကိုတစ်ယာက် စိတ်နှလုံးအကြွင်းမဲ့ ချစ်ကြလော့။


စစ်မှန်သော ဘုရားသခင်ကို သိနိုင်စီခြင်းငှာ ဘုရားသခင်၏ သားတော်သည် ကြွလာတော်မူ၍ ငါရို့အား နားလည်နိုင်သောဉာဏ်ပညာကို ပီးတော်မူကြောင်းကို ငါရို့ သိကြ၏။ ငါရို့သည် ကိုယ်တော်၏သားတော် ယေသျှုခရစ်နှင့် လည်းကောင်း၊ စစ်မှန်သော ဘုရားသခင်နှင့် လည်းကောင်း တစ်လုံးတစ်ဝတည်း အသက်ရှင်လျက် ဟိကြ၏။ ဤသည်ကား စစ်မှန်သော ဘုရားသခင် ဖြစ်တော်မူပြီး ထာဝရအသက်လည်း ဖြစ်တော်မူ၏။


ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်၌ မိမိကိုယ်ကို စောင့်ထိန်း၍ ထာဝရအသက်ကို ပီးတော်မူမည့် ငါရို့၏အသျှင် ယေသျှုခရစ်တော်၏ ကရုဏာတော်ကို စောင့်မျှော်နိန်ကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ