ဟေဗြဲ 5:1 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား1 ယဇ်ပုရောဟိတ်မင်းဟူသည်မှာ အပြစ်ဖြေရန်အတွက် ယဇ်ပူဇော်မှုများကို ဆောင်ရွက်ခြင်းနှင့် ပူဇော်သကာများကို ဆက်သခြင်းဖြင့် ဘုရားသခင်၏အမှုတော်မြတ်ကို မိမိရို့၏ကိုယ်စား ဆောင်ရွက်စီခြင်းငှာ လူတိက ရွီးချယ်ခန့်ထားသောသူ ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ယုံကြည်ခြင်းအားဖြင့် အာဗေလသည် ကာဣနထက် သာ၍မြတ်သော ပူဇော်သကာယဇ်ကို ဘုရားသခင်အား ပူဇော်ခ၏။ သူသည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သောသူ တစ်ယောက်အဖြစ် ဘုရားသခင်၏အသိအမှတ်ပြုခြင်းကို ခံရလေ၏။ အကြောင်းမှာ ဘုရားသခင်သည် သူ၏ပူဇော်သကာများကို လက်ခံတော်မူသောကြောင့် ဖြစ်၏။ သို့ဖြစ်၍ သူသည် သီလွန်သော်လည်း ယုံကြည်ခြင်းအားဖြင့် ယခုတိုင်အောင် စကားပြောလျက် ဟိ၏။
ကိုယ်တော်သည် အခြားသော ယဇ်ပုရောဟိတ်မင်းရို့ကဲ့သို့ နိ့စဉ်နိ့တိုင်း ယဇ်ပူဇော်ရန် မလိုအပ်ပေ။ အခြားသော ယဇ်ပုရောဟိတ်တိမှာကား မိမိရို့အပြစ်အတွက် ပထမဦးစွာ ပူဇော်သကာကို ပူဇော်ပြီးနောက် လူတိအပြစ်အတွက် တဖန် ပူဇော်သကာကို ပူဇော်ကြရ၏။ သို့ရာတွင် ယေသျှုသည် မိမိကိုယ်ကို ပူဇော်သောအခါ လူသားအားလုံး၏ အပြစ်အတွက် တစ်ခါတည်း အပြီးပူဇော်ထားပြီးဖြစ်၏။