6 သတင်းကောင်းတရားကို အဦးဆုံး ကြားနာရသောသူရို့သည် မယုံကြည်ကြသောကြောင့် ထိုငြိမ်ဝပ်ချမ်းသာကို မခံစားခရကြပေ။ သို့သော် အခြားသူရို့သည်ကား ထိုငြိမ်ဝပ်ချမ်းသာကို ခံစားကြရ၏။
“ထို့ကြောင့် ယေသျှုက သင်ရို့ကို ငါဆိုသည်ကား ဘုရားသခင်၏နိုင်ငံတော်ကို သင်ရို့ပါးက သိမ်းယူ၍ နိုင်ငံတော်၏အသီးကို သီးမည့် လူတိပါးသို့ ပီးအပ်လိမ့်မည်” ဟု ထပ်၍ မိန့်တော်မူ၏။
ထို့နောက် ပေါလုကလည်း “သို့ဖြစ်၍ ငါသည် သင်ရို့ကို သိစီလိုသည်မှာ၊ ငါ့ဘုရားသခင်၏ ကယ်တင်ခြင်းတရားသည် တခြားလူမျိုးရို့အား ပီးလိုက်သည်ဖြစ်၍ သူရို့သည် နားထောင်ကြလိမ့်မည်” ဟု ဟောပြောကာ အဆုံးသတ်လေ၏။
ညီအစ်ကိုမောင်နှမရို့၊ ငါဆိုလိုသည်ကား၊ ကျန်ကြွင်းသော အချိန်ကာလသည် အလွန် တိုတောင်းလှ၏။ ယခုမှစ၍ အိမ်ထောင်သည် ယောက်ျားများသည် လူလွတ်ကဲ့သို့ နီထိုင်အပ်၏။
ဘုရားသခင်သည် တခြားလူမျိုးရို့၏ ယုံကြည်ခြင်းကိုထောက်၍ ဖြောင့်မတ်သောသူ ဖြစ်မည်ဟု ကျမ်းစာတော်မြတ်က ကြိုတင်၍ ဖော်ပြထားပြီး “သင့်အားဖြင့် လူမျိုးအပေါင်းရို့သည် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာကို ခံစားရကြလိမ့်မည်” ဟု သတင်းကောင်းကို အာဗြဟံအား ကြေညာခ၏။
သူရို့သည် ယုံကြည်ခြင်း မဟိသောကြောင့် ထိုငြိမ်ဝပ်ချမ်းသာခြင်းကို ဆုံးယှုံးခကြသည့်နည်းတူ ငါရို့သည် ထိုသို့ မဆုံးယှုံးကြစီခြင်းငှာ အကောင်းဆုံး ကြိုးစားအားထုတ်ကြလော့။
အကြောင်းမူကား သူရို့ ကြားခသည့်အတိုင်း ငါရို့သည်လည်း ထိုသတင်းကောင်းတရားတော်ကို ကြားပြီးဖြစ်ကြ၏။ သို့ရာတွင် ထိုသတင်းကောင်းတရားသည် သူရို့အဖို့ ကောင်းကျိုး မဟိခပေ။ အကြောင်းမှာ သူရို့သည် ထိုသတင်းကောင်းတရားကို ကြားကြသော်လည်း ယုံကြည်ခြင်းဖြင့် လက်မခံကြသောကြောင့်ဖြစ်၏။
သို့ဖြစ်၍ ဘုရားသခင်၏လူတိအတွက် ငြိမ်ဝပ်ချမ်းသာခြင်းနှင့်ဆိုင်သော ဥပုသ်နိ့ သည် ကျန်နိန်သိမ့်၏။