Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဟေဗြဲ 4:16 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

16 သို့ဖြစ်၍ ငါရို့သည် ယုံကြည်သောစိတ်ဖြင့် ဘုရားသခင်၏ကျေးဇူးတော်ပလ္လင်သို့ ချဉ်းကပ်ကြကုန်အံ့။ အကြောင်းမူကား ထိုအရပ်၌ ငါရို့သည် အကူအညီလိုအပ်သည့်အချိန်၌ ကျေးဇူးတော်ကို တွိ့မြင်၍ ကရုဏာတော်ကို ခံစားကြရလိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေဗြဲ 4:16
18 ပူးပေါင်းရင်းမြစ်များ  

တခြားလူမျိုးတိနှင့် ယုဒလူမျိုးတိ ဖြစ်ကြသော ငါရို့အားလုံးသည် ခရစ်တော်အားဖြင့် တစ်ပါးတည်းသော ဝိညာဉ်တော်ကို အမှီပြုလျက် ခမည်းတော်၏ ရှိ့တော်မှောက်သို့ ဝင်ရောက်ခွင့် ရကြ၏။


ငါရို့သည် ထိုသခင်ကို ယုံကြည်ခြင်းဖြင့် ရဲ့ဝံ့ခြင်းကို လည်းကောင်း၊ ဘုရားသခင်၏ အပါးတော်သို့ ယုံကြည်စိတ်ချစွာဖြင့် လည်းကောင်း ချဉ်းကပ်ခွင့်ကို ရကြ၏။


ထို့ကြောင့် ငါရို့သည်ကား “ဘုရားသခင်သည် ငါ့ကို ကူညီမစတော်မူသော အသျှင်ဖြစ်၍ ငါသည် ကြောက်ရွံ့ လိမ့်မည်မဟုတ်။ လူသည် ငါ့ကို ဇာပိုင် ပြုနိုင်ပါအံ့နည်း” ဟု ယုံကြည်စိတ်ချစွာဖြင့် ပြောဆိုကြကုန်အံ့။


သို့ရာတွင် ယေသျှုသည် ဘုရားသခင်၏အိမ်တော်ကို အုပ်စိုးရသော သားတော်အဖြစ်ဖြင့် သစ္စာဟိတော်မူ၏။ ငါရို့သည် ရဲစွမ်းသတ္တိနှင့် ပြည့်စုံလျက်၊ ငါရို့၏မျှော်လင့်သောအရာ၌ တည်နိန်ကြလျှင် ကိုယ်တော်၏အိမ်တော်ပင်ဖြစ်ကြ၏။


မောသျှေ၏ပညတ်တရားသည် ပြည့်စုံခြင်းသို့ မရောက်နိုင်၊ ယခုအခါ သာ၍ကောင်းမြတ်သော မျှော်လင့်ခြင်းတစ်ခုကို ရထားကြသည်ဖြစ်၍ ငါရို့သည် ထိုမျှော်လင့်ခြင်းအားဖြင့် ဘုရားသခင်ထံတော်ပါးသို့ ရောက်လာကြ၏။


ထို့ကြောင့် ယခုတွင် ကိုယ်တော်သည် မိမိအားဖြင့် ဘုရားသခင်ထံပါးသို့ ရောက်လာကြသောသူရို့အား ကယ်တင်ခြင်းငှာ အစဉ်သဖြင့် တတ်နိုင်တော်မူ၏။ အကြောင်းမူကား ကိုယ်တော်သည် ထိုသူရို့အတွက် ဘုရားသခင်ကို အသနားခံရန် ထာဝရအသက်ရှင်တော်မူသောကြောင့်ဖြစ်၏။


သေတ္တာ၏အထက်တွင် ခေရုဗိမ်ရို့သည် ဘုရားသခင်၏ဘုန်းတော်ကို ဖော်ညွှန်းလျက်ဟိကြ၏။ ထိုခေရုဗိမ်ရို့သည် အပြစ်ဖြေရာနီရာ အထက်က သူရို့၏အတောင်များကို ဖြန့်မိုးထားကြ၏။ သို့ရာတွင် ဤအရာများကို ယခု အသေးစိပ်ပြောပြ၍ မရနိုင်ပေ။


သင်ရို့သည် တစ်ခါက ဘုရားသခင်၏ လူစုတော် မဟုတ်သော်လည်း အဂုအခါ ကိုယ်တော်၏ လူစုတော် ဖြစ်ကြပြီ။ သင်ရို့သည် တစ်ခါက ဘုရားသခင်၏ ကရုဏာတော်ကို မခံရကြသော်လည်း အဂုမူကား ကိုယ်တော်၏ ကရုဏာတော်ကို ခံစားရကြပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ