Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဟေဗြဲ 3:2 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

2 မောသျှေသည် ဘုရားသခင်၏အိမ်တော်၌ လုပ်ဆောင်ရသည့် အလုပ်တွင် သစ္စာဟိသကဲ့သို့ ကိုယ်တော်သည် ဤအမှုတော်ကို ဆောင်ရွက်ရန် ခန့်အပ်တော်မူသော ဘုရားသခင်ကို သစ္စာဟိတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေဗြဲ 3:2
14 ပူးပေါင်းရင်းမြစ်များ  

ငါသည် ငါ့ခမည်းတော်၏ ပညတ်တိကို စောင့်ထိန်း၍ ငါ့ခမည်းတော်၏ မေတ္တာ၌ တည်နိန်သကဲ့သို့ သင်ရို့သည်လည်း ငါ၏ပညတ်တိကို စောင့်ထိန်းလျှင် ငါ၏မေတ္တာ၌ တည်နိန်ကြလိမ့်မည်။


ကိုယ်တော်သည် အကျွန့်အား လုပ်ဆောင်စီသောအမှုကို ပြီးမြောက်အောင် လုပ်ဆောင်ခြင်းအားဖြင့် အကျွန်သည် မြီကြီးထက်မှာ ကိုယ်တော်၏ဘုန်းတန်ခိုးတော်ကို ထင်ရှားစီပြီးယာ။


မိမိရို့၏တရားကို ဟောပြောသောသူသည် မိမိ၏ဘုန်းကို ရဟိ၏။ သို့သော် မိမိအား စီရွှတ်တော်မူသောသူ၏ ဘုန်းတန်ခိုးကို ရှာသောသူမူကား ရိုးသားစွာ ဟောပြောတတ်၏။ ထိုသူ၌ အမှားမဟိ။


ငါ့ကို စီရွှတ်တော်မူသော အသျှင်သည် ငါနှင့်အတူ ဟိတော်မူ၏။ အကြောင်းမူကား ထိုအသျှင် နှစ်သက်သောအမှုကို ငါသည် အစဉ်မပြတ် လုပ်ဆောင်သည်ဖြစ်သောကြောင့် ငါ့အား တစ်ယောက်တည်း စွန့်ပစ်ထားတော်မမူ” ဟု မိန့်တော်မူ၏။


သင်ရို့သည်လည်း ကိုယ်တော်နှင့် တစ်လုံးတစ်ဝတည်းဖြစ်လျက် အခြားသောသူအပေါင်းရို့နှင့်အတူ တည်ဆောက်ခြင်းကို ခံရသဖြင့် ဝိညာဉ်တော်အားဖြင့် ဘုရားသခင်ကျိန်းဝပ်တော်မူရာ ဌာနတော် ဖြစ်လာ၏။


ငါသည် ငါ၏လုပ်ဆောင်မှုအတွက် ငါ့ကို ခွန်အား ပီးတော်မူသော ငါရို့အသျှင် ခရစ်တော်ယေသျှု၏ ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ အကြောင်းမူကား ကိုယ်တော်သည် ငါ့ကို ထိုက်တန်သည်ဟု ထင်မှတ်တော်မူ၍ ကိုယ်တော်အဖို့ အမှုတော်ကို ဆောင်ရွက်ရန် ခန့်အပ်ထားသောကြောင့် ဖြစ်၏။


သို့သော်လည်း ငါလာရောက်ရန် နှောင့်နှေးကြန့်ကြာနိန်လျှင် အသက်ရှင်တော်မူသော ဘုရားသခင်၏အသင်းတော်ဖြစ်သော ဘုရားသခင်၏အိမ်ထောင်စု၌ မည်သို့ စီမံခန့်ခွဲသင့်သည်ကို သင်သည် ဤစာအားဖြင့် သိခွင့်ရလိမ့်မည်။ အသင်းတော်သည်ကား သမ္မာတရား၏ အုတ်မြစ်ဖြစ်သည့်အပြင် မဏ္ဍိုင်လည်း ဖြစ်၏။


အကြောင်းမှာ လူတိ အပြစ်မှ ခွင့်ရွှတ်ခြင်း ရစီခြင်းငှာ ကိုယ်တော်သည် ဘုရားသခင်၏အမှုတော်ကို ဆောင်ရွက်ရာ၌ သစ္စာနှင့်လည်းကောင်း ကရုဏာနှင့်လည်းကောင်း ပြည့်စုံသော ယဇ်ပုရောဟိတ်မင်း ဖြစ်လာစီရန်နှင့် အရာရာ၌ မိမိ၏ညီအစ်ကို မောင်နှမကဲ့သို့ ဖြစ်လာစီရန် ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ