ဟေဗြဲ 2:9 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား9 သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် လူတိုင်းအတွက် အသီခံခြင်းငှာ ကောင်းကင်တမန်တိအောက် ခေတ္တမျှ နှိမ့်ချထားခြင်းကို ခံရသော ယေသျှုကို ငါရို့သည် မြင်ကြရပြီ။ ထိုအသျှင်သည် မိမိအသီခံတော်မူခြင်းကြောင့် ဘုန်းတန်ခိုးတော်ဖြင့်လည်းကောင်း၊ ဂုဏ်အသရေဖြင့်လည်းကောင်း ချီးမြှောက်ခြင်းခံရသည်ကို ငါရို့ မြင်တွိ့ကြရ၏။ အခန်းကိုကြည့်ပါ။ |
ငါရို့၏ယုံကြည်ခြင်းကို စတင်ဖြစ်တည်စီ၍ အဆုံးတိုင်အောင် စုံလင်စီတော်မူသော အသျှင်ယေသျှုကို စိ့စိ့ထောက်ရှုကြကုန်အံ့။ အကြောင်းမူကား ကိုယ်တော်သည် မိမိအဖို့ ပျင်ဆင်ထားသော ဝမ်းမြောက်ဖွယ်ရာအကြောင်းကြောင့် ရှက်ကြောက်ဖွယ်အမှုကို မှတ်တော်မမူဘဲ လက်ဝါးကပ်တိုင်၌ အသီခံတော်မူပြီးလျှင် ဘုရားသခင်ပလ္လင်တော်၏ လက်ယာဖက်၌ ထိုင်တော်မူလေ၏။
ထို့နောက် သူရို့က၊ “ကိုယ်တော်သျှင်သည် ဤစာလိပ်တော်ကို ယူ၍၊ ခြိပ်တံဆိပ်များကို ဖွင့်ထိုက်သောသူ ဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သျှင်သည် အသီသတ်ခြင်းကို ခံတော်မူသောအားဖြင့်၊ ခပ်သိမ်းသော မျိုးနွယ်စုနှင့် ဘာသာစကားအမျိုးမျိုး၊ ခပ်သိမ်းသော လူမျိုးနှင့် တိုင်းနိုင်ငံအသီးသီးထဲမှ လူတိကို ဘုရားသခင်အဖို့ ရွီးနုတ်တော်မူပါ၏။