Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဟေဗြဲ 2:16 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

16 အကယ်စင်စစ် ကိုယ်တော်သည် ကောင်းကင်တမန်တိကို ကူညီမစ တော်မူသည်မဟုတ်၊ အာဗြဟံ၏ အမျိုးအနွယ်တိကို ကူညီ မစ တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေဗြဲ 2:16
11 ပူးပေါင်းရင်းမြစ်များ  

သင်သည် ပညတ်တရားကို ကျင့်လျှင် သင်၏အရီဖျားလှီးခြင်းသည် အကျိုးဟိ၏။ သို့ရာတွင် သင်သည် ပညတ်တရားကို မကျင့်လျှင် သင်၏အရီဖျားလှီးခြင်းသည် အရီဖျား မလှီးသည်နှင့် အတူတူသာဖြစ်၏။


အဂုတွင် ဘုရားသခင်ပြုတော်မူသော သူ၏ ကတိတော်သည် အာဗြဟံနှင့် သူ၏ သားစဉ်မြီးဆက်အတွက်သာ ဖြစ်၏။ သားသမီးဆိုသောစကားသည် လူအများကိုရည်စူး၍ “သားစဉ်မြီးဆက်များ” ဟု ကျမ်းစာ၌ ပြောလိုခြင်းမဟုတ်ဘဲ၊ တစ်ယောက်သောသူကိုသာ ရည်စူး၍ “သားစဉ်မြီးဆက်” ဟု ဆိုပေ၏။ ထိုသို့ ရည်စူးခြင်းကို ခံရသောသူကား ခရစ်တော်ပင် ဖြစ်၏။


သင်ရို့သည် ခရစ်တော်နှင့်စပ်ဆိုင်လျှင် အာဗြဟံ၏ သားစဉ်မြီးဆက်များဖြစ်ကြပြီး ဘုရားသခင်၏ ကတိတော်ကို ခံစားရကြလိမ့်မည်။


အကြောင်းမူကား ငါရို့၏အသွီးအသားနှင့် စပ်ဆိုင်သော ဖခင်များသည် အကောင်းဆုံးဟု ထင်မှတ်၍ တစ်ဒင်္ဂကာလအတွက် ဆုံးမပဲ့ပြင်တတ်ကြ၏။ ဘုရားသခင်သည်ကား မိမိ၏သန့်ယှင်းခြင်းပါရမီ၌ ငါရို့ကို ဝင်စားစီခြင်းငှာ ငါရို့၏ကောင်းကျိုးချမ်းသာအတွက် ဆုံးမပဲ့ပြင်တော်မူ၏။


ထို့အပြင် ဤနည်းအားဖြင့် သီခြင်းတရားကို ကြောက်၍ ဘဝတစ်လျှောက်လုံး ကျွန်ခံနိန်ကြရသော သူတိကို လွတ်မြောက်စီတော်မူ၏။


အကြောင်းမှာ လူတိ အပြစ်မှ ခွင့်ရွှတ်ခြင်း ရစီခြင်းငှာ ကိုယ်တော်သည် ဘုရားသခင်၏အမှုတော်ကို ဆောင်ရွက်ရာ၌ သစ္စာနှင့်လည်းကောင်း ကရုဏာနှင့်လည်းကောင်း ပြည့်စုံသော ယဇ်ပုရောဟိတ်မင်း ဖြစ်လာစီရန်နှင့် အရာရာ၌ မိမိ၏ညီအစ်ကို မောင်နှမကဲ့သို့ ဖြစ်လာစီရန် ဖြစ်၏။


လူအပေါင်းရို့သည် ကျိန်ဆိုခြင်းကို ပြုသောအခါ မိမိရို့ထက်သာ၍ ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကို တိုင်တည်၍ ကျိန်ဆိုလေ့ဟိကြ၏။ ထိုသို့ ကျိန်ဆိုခြင်းသည် အချင်းချင်း အငြင်းပွားမှုများကို ပြေငြိမ်းစီ၏။


ဤကမ္ဘာ မတည်မဟိခင်ကပင် ကိုယ်တော်အား ဘုရားသခင် ရွီးချယ်တော်မူပြီးလျှင်၊ ဤနောက်ဆုံးသော အချိန်ကာလများ၌ သင်ရို့၏ အကျိုးအလို့ငှာ ပေါ်ထွန်းစီတော်မူခ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ