ဟေဗြဲ 13:9 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား9 အသစ်အဆန်းသော ဩဝါဒအမျိုးမျိုးနောက်သို့ မလိုက်ကတ်ကေ့။ အစားအစာနှင့် ပတ်သက်၍ စည်းမျဉ်းများကို လိုက်နာခြင်းအားဖြင့် မဟုတ်ဘဲ၊ ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် အတွင်းလူကို ခွန်အားနှင့် ပြည့်စုံစီခြင်းသည် ကောင်းမြတ်ပေ၏။ ထိုစည်းမျဉ်းများသည် လိုက်နာသောသူအား အထောက်အပံ့ မပြုနိုင်။ အခန်းကိုကြည့်ပါ။ |
နိ့ရက် တစ်ရက်သည် တခြားနိ့ရက်ထက် သာ၍ မြတ်သည်ဟု ထင်မှတ်သောသူသည် အသျှင်ဘုရားကို ရိုသီသောအားဖြင့် ထင်မှတ်ကတ်။ မည်သည့်အစားအစာကိုမဆို စားမည့်သူရို့သည်လည်း အသျှင်ဘုရားကို ရိုသီသောအားဖြင့် စားကတ်။ အကြောင်းမူကား သူရို့သည် ထိုအစားအစာအတွက် ဘုရားသခင်အား ကျေးဇူးတော်ကို ချီးမွမ်းကြ၏။ မစားသောသူသည်လည်း အသျှင်ဘုရားကို ရိုသီသောစိတ်ဖြင့် မစားကတ်ကေ့။ သူရို့သည်လည်း ဘုရားသခင်အား ကျေးဇူးတော်ကို ချီးမွမ်းကြ၏။
“အစားအစာသည် ဝမ်းအတွက်ဖြစ်၏။ ဝမ်းသည်လည်း အစားအစာအတွက်ဖြစ်၏” ဟု သင်ရို့ ဆိုလိမ့်မည်။ ထိုစကားသည် မှန်ပေ၏။ သို့ရာတွင် ဘုရားသခင်သည် ထိုနှစ်ခုလုံးကို ဖျက်ဆီးတော်မူလိမ့်မည်။ ကိုယ်ခန္ဓာသည် မတရားသောမေထုန် လိုက်စားခြင်းငှာ မဟုတ်၊ သခင်ဘုရား၏ အမှုတော်ကို ဆောင်ရွက်ခြင်းငှာ ဖြစ်၏။ သခင်ဘုရားသည်လည်း ခန္ဓာကိုယ်အဖို့ ထောက်ပံ့တော်မူ၏။
သူရို့သည် မိတ်ဖွဲ့စားသောက်ပွဲ၌ အရှက်အကြောက်မဟိဘဲ စားသောက်လျက် သင်ရို့၏ ဂုဏ်သိက္ခာကို ညစ်နွမ်းစီကြ၏။ ထိုသူရို့ကား ကိုယ်ကျိုးကိုသာ ကြည့်တတ်သူများဖြစ်၏။ သူရို့သည် လီတိုက်ရာသို့ လွင့်ပါလားတတ်သော မိုးရီမပါသည့် မိုးတိမ်နှင့် လည်းကောင်း၊ ဆောင်းဦးပေါက်တွင် အသီးမသီး၊ အမြစ်မှ ဆွဲနှုတ်ခံရ၍ နှစ်ခါသီရသည့် သစ်ပင်နှင့် လည်းကောင်း တူကြ၏။