ဟေဗြဲ 10:12 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား12 သို့ရာတွင် ခရစ်တော်သည်ကား ထာဝရအတွက် တစ်ခုတည်းသော အပြစ်ဖြေရာယဇ်ကို တစ်ကြိမ်တည်း ပူဇော်ပြီးလျှင် ဘုရားသခင်၏လက်ယာဖက်၌ ထိုင်နိန်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
သားတော်သည် ဘုရားသခင်၏ဘုန်းတော်ကို ထွန်းတောက်စီတော်မူပြီး တိကျမှန်ကန်သော ဘုရားသခင်၏ဇာတိတော် ဖြစ်၏။ မိမိ၏တန်ခိုးနှင့် ပြည့်စုံတော်မူသော နှုတ်ကပတ်တော်အားဖြင့် စကြဝဠာကို တည်စီတော်မူ၏။ လူသားတိကို အပြစ်မှ လွတ်မြောက်ရန် ဆောင်ရွက်ပီးပြီးနောက် ကောင်းကင်ဘုံ၌ အနန္တတန်ခိုးသျှင် ဘုရားသခင်၏ လက်ယာတော်ဖက်တွင် ထိုင်တော်မူ၏။
ကိုယ်တော်သည် အခြားသော ယဇ်ပုရောဟိတ်မင်းရို့ကဲ့သို့ နိ့စဉ်နိ့တိုင်း ယဇ်ပူဇော်ရန် မလိုအပ်ပေ။ အခြားသော ယဇ်ပုရောဟိတ်တိမှာကား မိမိရို့အပြစ်အတွက် ပထမဦးစွာ ပူဇော်သကာကို ပူဇော်ပြီးနောက် လူတိအပြစ်အတွက် တဖန် ပူဇော်သကာကို ပူဇော်ကြရ၏။ သို့ရာတွင် ယေသျှုသည် မိမိကိုယ်ကို ပူဇော်သောအခါ လူသားအားလုံး၏ အပြစ်အတွက် တစ်ခါတည်း အပြီးပူဇော်ထားပြီးဖြစ်၏။
မှန်လျှင် ခရစ်တော်၏အသွီးတော်သည် မည်မျှလောက်ထိ စင်ကြယ်ခြင်းသို့ ရောက်ကြပါမည်နည်း။ ခရစ်တော်သည် ထာဝရဝိညာဉ်တော်အားဖြင့် ပြည့်စုံသော ပူဇော်သကာအဖြစ် မိမိကိုယ်ကို ဘုရားသခင်အား ပူဇော်ပီးခ၏။ ကိုယ်တော်၏အသွီးတော်သည် သီခြင်းတရားနှင့်ဆိုင်သော အကျင့်များမှ ငါရို့၏စိတ်ဝိညဉ်ကို သန့်ယှင်းစီလိမ့်မည်။ အကြောင်းမူကား ငါရို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏အမှုတော်မြတ်ကို ဆောင်ရွက်နိုင်ကြစီရန် ဖြစ်၏။