ဟေဗြဲ 1:9 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား9 ကိုယ်တော်သည် ဖြောင့်မတ်ခြင်းတရားကို နှစ်သက်တော်မူ၍ မတရားသောအမှုကို မုန်းတော်မူ၏။ ထို့ကြောင့် ကိုယ်တော်၏ ဘုရားသခင်တည်းဟူသော ဘုရားသခင်သည် ကိုယ်တော်အား ရွီးချယ်၍ မိမိ၏ အပေါင်းအဖော်ရို့ထက် ပို၍ ချီးမြှောက်ကာ ဝမ်းမြောက်ခြင်းကို ပီးတော်မူသည်” ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
နာဇရက်မြို့သား ယေသျှုအကြောင်းကို လည်းကောင်း၊ ဘုရားသခင်သည် သန့်ယှင်းသော ဝိညာဉ်တော်နှင့် တန်ခိုးတော်ကို ထိုအသျှင်အား ဘိသိက်ပီးတော်မူသည်ကို လည်းကောင်း သင်ရို့သည် သိကြ၏။ ဘုရားသခင်သည် ထိုအသျှင်နှင့်အတူ ဟိတော်မူသောကြောင့်၊ ထိုအသျှင်သည် မာရ်နတ်၏ တန်ခိုးအောက်မှာ ဟိနိန်ကြသောသူ အားလုံးကို ကျန်းမာ စီတော်မူလျက်၊ ကောင်းမြတ်သောအမှုတိကို လုပ်ဆောင်ကာ အရပ်ရပ်သို့ လှည့်လည်တော်မူခသည်ကို သင်ရို့သည် သိကြ၏။
သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် လူတိုင်းအတွက် အသီခံခြင်းငှာ ကောင်းကင်တမန်တိအောက် ခေတ္တမျှ နှိမ့်ချထားခြင်းကို ခံရသော ယေသျှုကို ငါရို့သည် မြင်ကြရပြီ။ ထိုအသျှင်သည် မိမိအသီခံတော်မူခြင်းကြောင့် ဘုန်းတန်ခိုးတော်ဖြင့်လည်းကောင်း၊ ဂုဏ်အသရေဖြင့်လည်းကောင်း ချီးမြှောက်ခြင်းခံရသည်ကို ငါရို့ မြင်တွိ့ကြရ၏။
ငါရို့သည် ငါရို့၏အသျှင် ယေသျှုခရစ်၏ခမည်းတော် တည်းဟူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြကုန်အံ့။ အကြောင်းမူကား ကိုယ်တော်၏ မဟာကရုဏာတော်ကြောင့် ယေသျှုခရစ်ကို သီခြင်းတရားမှ ရှင်ပြန်ထမြောက်စီတော်မူခြင်းအားဖြင့် ငါရို့အား အသစ်သောဘဝကို ပီးတော်မူ၏။ သို့ဖြစ်၍ အသက်ရှင်သော မျှော်လင့်ခြင်းနှင့် ငါရို့အား ပြည့်ဝစီပြီးလျှင်၊