Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဟေဗြဲ 1:8 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

8 သို့သော်လည်း သားတော်အကြောင်းနှင့်ပတ်သတ်၍ မိန့်တော်မူသည်မှာ၊ “အို ဘုရားသခင် ကိုယ်တော်၏ နိုင်ငံတော်သည် အစဉ်ထာဝရ တည်လိမ့်မည်။ ကိုယ်တော်သည် မိမိ၏ လူတိကို တရားမျှတစွာ အုပ်စိုးတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေဗြဲ 1:8
33 ပူးပေါင်းရင်းမြစ်များ  

ဗျာဒိတ်တော်သည်ကား “အပျိုစင်တစ်ယောက်သည် ပဋိသန္ဓေတည်၍ သားယောက်ျားကို ဖွားမြင်လိမ့်မည်၊ ထိုသားကို ဧမာနွေလဟူ၍ အမည်မှည့်ရလိမ့်မည်” ဟု လာသတည်း (ဧမာနွေလ၏အဓိပ္ပာယ်ကား “ငါရို့နှင့်အတူဟိသော ဘုရားသခင်” ဖြစ်၏)။


ယင်းအတွက်ကြောင့် အကျွန်ရို့လည်း ကိုယ်တော်၏ မျက်မှောက်တော်၌ သန့်ယှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းအားဖြင့် တစ်သက်လုံး ရှင်သန်ဖို့ဖြစ်၏။


ခမည်းတော်နှင့် ငါသည် တစ်လုံးတစ်ဝတည်း ဖြစ်၏” ဟု မိန့်တော်မူ၏။


ယုဒလူတိကလည်း “ကောင်းမြတ်သောအမှုတိကို ပြခသည့်အတွက်ကြောင့် သင့်ကို ကျောက်ခဲနှင့်ပစ်ရန် လုပ်ကြသည်မဟုတ်။ သင်သည် လူစင်စစ်ဖြစ်လျက်ပင် ဘုရားအယောင်ဆောင်၍ ဘုရားသခင်ကို ပြစ်မှားသော စကားကြောင့် ကျောက်ခဲနှင့်ပစ်ရန် လုပ်ကြခြင်း ဖြစ်သည်” ဟု ပြန်ပြောကြ၏။


ထိုအခါ သောမသည်လည်း “ကိုယ်တော်သည် အကျွန်၏အသျှင်၊ အကျွန်၏ ဘုရားသခင် ပါတကား” ဟု လျှောက်လေ၏။


သူရို့သည် ထင်ရှားသောဟေဗြဲမျိုးနွယ်မှ ဆင်းသက်လာကြ၏။ ခရစ်တော်သည်လည်း လူ့ဇာတိအားဖြင့် သူရို့ထဲမှ ပေါ်ထွန်းလာတော်မူ၏။ ထိုအသျှင်သည် အရာခပ်သိမ်းကို အုပ်စိုးတော်မူ၍ ထာဝရချီးမွမ်းထိုက်တော်မူသော ဘုရားသခင် ဖြစ်တော်မူ၏။ အာမင်။


ခရစ်တော်သည် ရန်သူအပေါင်းကို မိမိ၏ခြီဖဝါးအောက်၌ ချထားတော်မူသည်အထိ အုပ်စိုးတော်မူရမည်။


ငါရို့၏ဘာသာတရားသည် ဇာလောက်ထိ နက်နဲသည်ကို ဇာသူမျှ မငြင်းနိုင်ပေ၊ ကိုယ်တော်သည် လူသား၏ ပုံသဏ္ဍန်အားဖြင့် ပေါ်ထွန်းတော်မူသည်မှာ ဟုတ်မှန်တော်မူကြောင်းကို ဝိညာဉ်တော်အားဖြင့် ဖော်ပြတော်မူပြီ၊ ကောင်းကင်တမန်များသည် ကိုယ်တော့်ကို မြင်ရကြပြီ။ ကိုယ်တော်၏အကြောင်းကို လူမျိုးအပေါင်းရို့အား ဟောပြောကြပြီ၊ လောကီသားရို့သည်လည်း ယုံကြည်ကြပြီ၊ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူပြီ။


ဤနည်းအားဖြင့် သင်ရို့သည် ကယ်တင်သျှင်ဖြစ်တော်မူသော ငါရို့၏ အသျှင် ယေသျှု ခရစ်တော်၏ ထာဝရနိုင်ငံတော်သို့ ဝင်နိုင်မည့် အခွင့်ကို ပြည့်ဝစွာ ရကြလိမ့်မည်။


စစ်မှန်သော ဘုရားသခင်ကို သိနိုင်စီခြင်းငှာ ဘုရားသခင်၏ သားတော်သည် ကြွလာတော်မူ၍ ငါရို့အား နားလည်နိုင်သောဉာဏ်ပညာကို ပီးတော်မူကြောင်းကို ငါရို့ သိကြ၏။ ငါရို့သည် ကိုယ်တော်၏သားတော် ယေသျှုခရစ်နှင့် လည်းကောင်း၊ စစ်မှန်သော ဘုရားသခင်နှင့် လည်းကောင်း တစ်လုံးတစ်ဝတည်း အသက်ရှင်လျက် ဟိကြ၏။ ဤသည်ကား စစ်မှန်သော ဘုရားသခင် ဖြစ်တော်မူပြီး ထာဝရအသက်လည်း ဖြစ်တော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ