16 ငါဆိုသည်ကား ဝိညာဉ်တော်အားဖြင့် အသက်ရှင်ကြလော့။ သို့ပြုလျှင် လူ့ဇာတိအလိုသို့ မလိုက်ဘဲနိန်လိမ့်မည်။
ထို့ကြောင့် သင်ရို့သည် သင်ရို့၏ ဇာတိခန္ဓာအလို နောက်သို့ လိုက်ပါကြရသည့်တိုင်အောင်၊ သီတတ်သောသင်ရို့၏ဇာတိခန္ဓာ၌ အပြစ်တရားကို အုပ်စိုးခွင့် မပီးကတ်ကေ့။
ထို့ကြောင့် ယခုတွင် ခရစ်တော်ယေသျှု၌ဟိသော သူရို့အတွက် အပြစ်စီရင်ခြင်းဟူ၍ မဟိ။
ညီအစ်ကိုမောင်နှမရို့၊ ငါဆိုလိုသည်ကား၊ ကျန်ကြွင်းသော အချိန်ကာလသည် အလွန် တိုတောင်းလှ၏။ ယခုမှစ၍ အိမ်ထောင်သည် ယောက်ျားများသည် လူလွတ်ကဲ့သို့ နီထိုင်အပ်၏။
ချစ်သော မိတ်ဆွီရို့၊ ဤကတိတော် အားလုံးသည် ငါရို့အတွက်ပင် ဖြစ်၏။ ထို့ကြောင့် ငါရို့သည် မိမိကိုယ်ကို ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ် ညစ်ညူးခြင်း အပေါင်းမှ ကင်းစင်စီ၍ ဘုရားသခင်ကို ကြောက်ရွံ့ရိုသီခြင်းအားဖြင့် သန့်ယှင်းခြင်းနှင့် ပြည့်ဝကြကုန်အံ့။
ငါဆိုလိုသည်ကား ဤသို့ ဖြစ်၏။ ဘုရားသခင်သည် အာဗြဟံနှင့် ပဋိညာဉ်ပြုတော်မူပြီးလျှင် ပဋိညာဉ်ကို စောင့်ထိန်းရန် ကတိထားတော်မူ၏။ အနှစ် ၄၃၀ လွန်ပြီးမှ ပေါ်ပေါက်လာသော ပညတ်တရားသည် ဘုရားသခင်၏ ကတိတော်ကို မပယ်ဖျက်နိုင်သကဲ့သို့ ပဋိညာဉ်တော်ကိုလည်း ချိုးဖျက်၍ မရနိုင်။
လူ့ဇာတိသဘော၌ မျိုးစိ့ကြဲသောသူသည် ဇာတိသဘောအားဖြင့် ပျက်စီးခြင်းကို ရိတ်ရလိမ့်မည်။ ဝိညာဉ်သဘော၌ မျိုးစိ့ကြဲသောသူသည် ဝိညာဉ်သဘောအားဖြင့် ထာဝရအသက်ကို ရိတ်သိမ်းရလိမ့်မည်။
အမှန်စင်စစ် ငါရို့သည် ထိုသူရို့ကဲ့သို့ ဇာတိ၏အလိုသို့ လိုက်လျက်၊ ကိုယ်ကာယ၏ အလိုနှင့် စိတ်၏အလိုအတိုင်း ကျင့်ခကြ၏။ ငါရို့သည် ဇာတိသဘောအတိုင်း အခြားသူများနည်းတူ ဘုရားသခင်၏ အမျက်တော်ကို ခံထိုက်သောသူတိ ဖြစ်ခကြ၏။
သင်ရို့သည် ခရစ်တော်၌ အရီဖျားလှီးခြင်းကို ခံယူခြင်းမှာ လူ့လက်ဖြင့် လုပ်ဆောင်ခြင်း မဟုတ်။ ဇာတိအပြစ်၏တန်ခိုးမှ လွတ်မြောက်စီသော ခရစ်တော်အားဖြင့် အရီဖျားလှီးခြင်းကို ခံယူခြင်းဖြစ်၏။
မသိနားမလည်စဉ်အခါက မိမိရို့၏ စိတ်ဆန္ဒဟိသည့်အတိုင်း ပြုမူခသကဲ့သို့ ဆက်လက်မပြုမူဘဲ ဘုရားသခင်၏စကားကို နားထောင်ကြလော့။
အဂုတွင် သင်ရို့သည် သမ္မာတရားကို လိုက်လျှောက်ခြင်းအားဖြင့် မိမိရို့၏ စိတ်နှလုံးအား စင်ကြယ်စီကြပြီး အခြားသော ယုံကြည်သူအချင်းချင်းကို ဟန်ဆောင်မှုကင်းလျက် ချစ်ကြသည်ဖြစ်၍ သင်ရို့ တစ်ယောက်ကိုတစ်ယာက် စိတ်နှလုံးအကြွင်းမဲ့ ချစ်ကြလော့။
အဆွီရို့၊ သင်ရို့သည် ဤလောကတွင် အာဂန္တုများဖြစ်ကြသဖြင့် စိတ်ဝိညာဉ်ကို အစဉ်သဖြင့် ဆန့်ကျင်တိုက်ခိုက်လျက်နိန်သော ကိုယ်ကာယတပ်မက်မှုများကို အယှုံးမပီးကြရန် ငါ တိုက်တွန်းနှိုးဆော်ပါ၏။
ဤအကြောင်းကြောင့် သီလွန်သော သူရို့ကိုလည်း သတင်းကောင်းကို ဟောပြောရခြင်းဖြစ်၏။ ဤသည်ကား ထိုသူရို့သည် ကိုယ်ကာယအားဖြင့် အသက်ရှင်စဉ်အခါက လူတိုင်းနည်းတူ အပြစ်စီရင်ခြင်းကို ခံရသော်လည်း ဝိညာဉ်မူကား ဘုရားသခင်အားဖြင့် အသက်ရှင်ရန် ဖြစ်၏။