Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဂလာတိ 4:9 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

9 သို့သော် အဂုမူကား သင်ရို့သည် ဘုရားသခင်ကို သိကြ၏။ တစ်နည်းဆိုသော် ဘုရားသခင်သည် သင်ရို့အား သိတော်မူယာဟု ငါဆို၏။ သို့ဖြစ်၍ အားနည်း၍ ချမ်းသာမပီးနိုင်သော လောကီတရားဖက်သို့ ဇာကြောင့် ပြန်လှည့်၍ ကျွန်ခံလိုကြသနည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဂလာတိ 4:9
30 ပူးပေါင်းရင်းမြစ်များ  

“ငါ၏အဖသည် အရာခပ်သိမ်းကို သားတော်အား ပီးထားပြီးဖြစ်၏။ အဖက လွဲ၍ သားတော်ကို တစ်ယောက်လည်း မသိကြ။ ထိုနည်းတူ သားတော်နှင့် သားတော်က ဖွင့်ပြရန် ရွီးချယ်သောသူရို့မှလွဲ၍ ခမည်းတော်ကို တစ်ယောက်လည်း မသိကြ။


စပျစ်ရည်အသစ်ကို သားရီဘူးအသစ်တွင် ထည့်ရမည်။


ငါသည် ကောင်းသောသိုးထိန်း ဖြစ်၏။ ခမည်းတော်သည် ငါ့ကို သိတော်မူ၍၊ ငါသည်လည်း ခမည်းတော်ကို သိသကဲ့သို့ ငါ၏သိုးတိကို ငါသိ၏။ ငါ့သိုးတိကလည်း ငါ့ကိုသိကြ၏။ ငါသည် သိုးတိအတွက် အသက်ကိုစွန့်၏။


ငါ့သိုးရို့သည် ငါ့စကားကို နားထောင်တတ်ကြ၏။ ငါသည် သူရို့ကို သိသည်ဖြစ်၍ သူရို့လည်း ငါ့နောက်သို့ လိုက်ကြ၏။


ထာဝရအသက်ဟူသည်ကား စစ်မှန်၍ တစ်ဆူတည်းဖြစ်တော်မူသော ဘုရားသခင်ကို လည်းကောင်း၊ ကိုယ်တော် စီရွှတ်လိုက်သော ယေသျှုခရစ်တော်ကို လည်းကောင်း သိကျွမ်းခြင်းဖြစ်၏။


များစွာသောညီအစ်ကို မောင်နှမရို့တွင် သားဦး ဖြစ်စီခြင်းငှာ ဘုရားသခင်သည် ရှီးမဆွက သိထားတော်မူသောသူတိကို သားတော်၏ ပုံသဏ္ဌာန်နှင့် တစ်ညီတည်း ဖြစ်စီခြင်းငှာ ခွဲခန့်မှတ်သားထားတော်မူ၏။


လူ့ဇာတိသည် အားနည်းသောကြောင့် ပညတ်တရား မတတ်နိုင်သောအမှုကို ဘုရားသခင် ပြုတော်မူခြင်းဖြစ်၏။ ဘုရားသခင်သည် မိမိ၏သားတော်ကို လူ့ဇာတိကိုဆောင်၍ စီရွှတ်လိုက်ကာ ထိုသားတော်အားဖြင့် အသွီးအသား၌ဟိသော အပြစ်ကို ဒဏ်ခတ်တော်မူလေ၏။


ယခု ငါရို့သည် မှန်သားပြင်၌ မထင်မရီမြင်ရသော ပုံကဲ့သို့ တွိ့မြင်ရကြ၏။ ထိုအချိန်၌ကား မျက်ဝါးထင်ထင် တွိ့မြင်ရလိမ့်မည်။ ယခုအခါ ငါသည် မစုံမလင်စွာသိမြင်ရ၏။ ဘုရားသခင်သည် ငါ့ကို စုံလင်စွာ သိမြင်တော်မူသကဲ့သို့ ထိုအခါ၌မူကား ငါသည်လည်း စုံလင်စွာ သိမြင်ရလိမ့်မည်။


အမြင်မှန် ရကြလော့။ ဒုစရိုက်အပြစ်ကို မပြုကတ်ကေ့။ အကြောင်းမူကား သင်ရို့ထဲမှ တချို့သောသူရို့သည် ဘုရားသခင်​နှင့်​ပတ်သက်၍ အသိဉာဏ်​ကင်းမဲ့​ကြ​၏။ ဤသို့ ငါဆိုရာ၌ သင်ရို့ကို အရှက်ရစီခြင်းငှာ ဖြစ်၏။


သို့ပိုင်သျှောင် ဘုရားသခင်ကို ချစ်မြတ်နိုးသောသူအား ဘုရားသခင်သည် သိတော်မူ၏။


တစ်စုံတစ်ယောက်သောသူက သင်ရို့အား ကျွန်ပြုသည် ဖြစ်စီ၊ အခွင့်အရေးယူသည် ဖြစ်စီ၊ အသုံးချခံရသည် ဖြစ်စီ၊ အထင်အမြင်သေးသည် ဖြစ်စီ၊ ပါးကိုသတ်သည် ဖြစ်စီ ထိုသူကို သင်ရို့သည် သည်းခံကြ၏။


ခရစ်တော်၏ မျက်နှာတော်တွင် ထွန်းလင်းလျက်ဟိသော ဘုရားသခင်၏ ဘုန်းတန်ခိုးတော်အကြောင်းကို သိနိုင်စီခြင်းငှာ ငါရို့၏ စိတ်နှလုံး၌ အလင်းကို ထွန်းလင်းစီတော်မူသော ဘုရားသခင်ကား “အမှောင်ထဲမှ အလင်းပေါ်ထွန်းလိမ့်မည်” ဟု မိန့်တော်မူခသော ဘုရားသခင်ပင် ဖြစ်သတည်း။


သင်ရို့သည် ယေလောက်တောင် မိုက်မဲကြသလော။ သင်ရို့သည် ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် အစပြုခပြီးနောက် အဂုအခါ သင်ရို့၏ ဇာတိအားဖြင့် အဆုံးသတ်ဖို့ ကြိုးစားနိန်ကြသလော။


ထိုနည်းတူ ငါရို့သည်လည်း ဝိညာဉ်ရေးရာ၌ မရင့်ကျက်ခင်အခါက လောကကိုအုပ်စိုးသော ဝိညာဉ်တရားအောက်တွင် ကျွန်ဖြစ်ကြ၏။


သင်ရို့သည် ဘုရားသခင်ကို သိကျွမ်းခြင်းအလို့ငှာ သင်ရို့အား ဉာဏ်ပညာကိုပီး၍ ဗျာဒိတ်တော်ကို ဖွင့်ပြမည့် ဝိညာဉ်တော်အား ရဟိကြစီရန် ငါရို့ အသျှင်ယေသျှုခရစ်တော်၏ ဘုန်းကြီးသော အဖဘုရားသခင်ထံ၌ ငါတောင်းလျှောက်ထား၏။


သို့သော်လည်း ဘုရားသခင် တည်ဆောက်ထားသော အုတ်မြစ်သည် ခိုင်ခန့်စွာ ရပ်တည်လျက်ဟိ၏။ ထိုအုတ်မြစ်ထက်တွင် “သခင်ဘုရားသည် မိမိ၏ လူတိကို သိတော်မူ၏” ဟူ၍ လည်းကောင်း၊ “ဘုရားသခင်၏နာမတော်ကို ဝန်ခံသောသူတိုင်းသည် မတရားသောအမှုကို ယှောင်ရမည်” ဟူ၍လည်းကောင်း ကမ္ပည်းစာ ရီးထား၏။


ယခင်ပညတ်တရားသည် အားနည်း၍ အသုံးမဝင်သောကြောင့် ဖယ်ထားကြ၏။


အကယ်၍ လူသည် ငါရို့၏အသျှင်နှင့် ကယ်တင်သျှင် ဖြစ်တော်မူသော ယေသျှုခရစ်တော်ကို သိကျွမ်းရခြင်းအားဖြင့် လောကီ ညစ်ညူးခြင်းများမှ လွတ်မြောက်ကြပြီးနောက်၊ တဖန် ထိုညစ်ညူးခြင်းများ၏ ကျွန်ဖြစ်ကြလျှင် ထိုသူရို့၏ နောက်ဖြစ်ဟန်သည် ရှိ့ဖြစ်ဟန်ထက် ဆိုးရွားလေ၏။


စစ်မှန်သော ဘုရားသခင်ကို သိနိုင်စီခြင်းငှာ ဘုရားသခင်၏ သားတော်သည် ကြွလာတော်မူ၍ ငါရို့အား နားလည်နိုင်သောဉာဏ်ပညာကို ပီးတော်မူကြောင်းကို ငါရို့ သိကြ၏။ ငါရို့သည် ကိုယ်တော်၏သားတော် ယေသျှုခရစ်နှင့် လည်းကောင်း၊ စစ်မှန်သော ဘုရားသခင်နှင့် လည်းကောင်း တစ်လုံးတစ်ဝတည်း အသက်ရှင်လျက် ဟိကြ၏။ ဤသည်ကား စစ်မှန်သော ဘုရားသခင် ဖြစ်တော်မူပြီး ထာဝရအသက်လည်း ဖြစ်တော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ