အာဗြဟံသည် အရီဖျားလှီးခြင်းကို မခံယူခင်ကတည်းက သူ၏ယုံကြည်ခြင်းကြောင့် ဘုရားသခင်က သူ့ကို ဖြောင့်မတ်သောသူအဖြစ် လက်ခံတော်မူခ၏။ ထို့ကြောင့် အရီဖျားလှီးခြင်းသည်ကား ယုံကြည်ခြင်းကို ဖော်ပြသည့် အမှတ်လက္ခဏာတစ်ခု ဖြစ်၏။ ထို့အပြင် အာဗြဟံသည် အရီဖျားလှီးခြင်းမခံယူဘဲ ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သောသူ ဖြစ်လာသောသူအားလုံး၏ဖခင် ဖြစ်လေ၏။