Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဂလာတိ 3:23 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

23 သို့သော် ယုံကြည်ခြင်းတရား ရောက်မလာခင် ငါရို့သည် ယုံကြည်ခြင်းတရား ထင်ရှားလာသည်အထိ ပညတ်တရားအောက်၌ အချုပ်သားတိကဲ့သို့ ချုပ်ထားခြင်းကို ခံရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဂလာတိ 3:23
15 ပူးပေါင်းရင်းမြစ်များ  

ဘုရားသခင် စီရွှတ်တော်မူသောသူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြောဆိုတတ်၏။ အကြောင်းမူကား ဘုရားသခင်သည် ထိုသူအား ဝိညာဉ်တော်ကို ပြည့်ဝစွာ ပီးတော်မူသောကြောင့်ဖြစ်၏။


အကြောင်းမူကား ဘုရားသခင်သည် လူတိုင်းကို မိမိ၏ကရုဏာတော်သက်ရောက်စီခြင်းငှာ အမိန့်မနာခံခြင်း၌ ချုပ်ထားတော်မူ၏။


ပညတ်တရား၏ မိန့်မှာချက်ဟူသမျှသည် ပညတ်တရားအောက်၌ အသက်ရှင်နိန်ကြသောသူရို့၌ သက်ရောက်မှုဟိသည်ကို ငါရို့သည် ယခု သိကြသည်ဖြစ်၍ လူသားအားလုံးသည် စကားတခွန်းမျှ ပြောခွင့်မဟိဘဲ လောကတစ်ခုလုံးသည် ဘုရားသခင်၏ တရားစီရင်ခြင်းအောက်၌ သက်ရောက်နိန်၏။


သို့ဖြစ်လျှင် ပညတ်တရား၏ ရည်ရွယ်ချက်ကား မည်သို့နည်း။ ပညတ်တရားကို ဘုရားသခင် ချပီးတော်မူခသည်မှာ အပြစ်ဒုစရိုက်၏သဘောကို ဖော်ပြရန်သာ ဖြစ်၏။ ထိုပညတ်တရားသည် ကတိတော်ကို ခံယူရဟိသူ အာဗြဟံ၏ သားစဉ်မြီးဆက် မပေါ်သိမ့်ခင် ကာလအတွင်း၌သာလျှင် တည်ဟိရန်သာ ဖြစ်၏။ ဘုရားသခင်သည် ထိုပညတ်တရားကို ကောင်းကင်တမန်များအားဖြင့် ကြားဝင်စိ့စပ်ပီးသူတစ်ဦးအား ပီးအပ်တော်မူခ၏။


ငါ့ကို ပြောလော၊ ပညတ်တရား၏ လက်အောက်တွင် နီလိုသောသူရို့၊ သင်ရို့သည် ပညတ်တရား၏ မိန့်ဆိုထားသော အရာများကို နားမလည် ကြသလော။


အကယ်၍ ဝိညာဉ်တော်သည် သင်ရို့အား ဦးဆောင်လမ်းပြတော်မူလျှင် သင်ရို့သည် ပညတ်တရား၏အောက်၌ ဟိကြသည်မဟုတ်။


ဤသူရို့အားလုံးသည် ယုံကြည်ခြင်းဖြင့် သီလားကတ်ယာ။ သူရို့သည် ဘုရားသခင် ကတိပီးထားသော အရာများကို မခံစားရခသော်လည်း ထိုအရာများကို အဝီးမှ လှမ်းမြင်၍ လက်ခံကာ မိမိရို့သည် မြီကြီးထက်၌ အာဂန္တုများ၊ သူစိမ်းများသာဖြစ်ကြောင်း ဝန်ခံကြလေ၏။


ငါရို့၏ယုံကြည်ခြင်းကို စတင်ဖြစ်တည်စီ၍ အဆုံးတိုင်အောင် စုံလင်စီတော်မူသော အသျှင်ယေသျှုကို စိ့စိ့ထောက်ရှုကြကုန်အံ့။ အကြောင်းမူကား ကိုယ်တော်သည် မိမိအဖို့ ပျင်ဆင်ထားသော ဝမ်းမြောက်ဖွယ်ရာအကြောင်းကြောင့် ရှက်ကြောက်ဖွယ်အမှုကို မှတ်တော်မမူဘဲ လက်ဝါးကပ်တိုင်၌ အသီခံတော်မူပြီးလျှင် ဘုရားသခင်ပလ္လင်တော်၏ လက်ယာဖက်၌ ထိုင်တော်မူလေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ