ဂလာတိ 3:16 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား16 အဂုတွင် ဘုရားသခင်ပြုတော်မူသော သူ၏ ကတိတော်သည် အာဗြဟံနှင့် သူ၏ သားစဉ်မြီးဆက်အတွက်သာ ဖြစ်၏။ သားသမီးဆိုသောစကားသည် လူအများကိုရည်စူး၍ “သားစဉ်မြီးဆက်များ” ဟု ကျမ်းစာ၌ ပြောလိုခြင်းမဟုတ်ဘဲ၊ တစ်ယောက်သောသူကိုသာ ရည်စူး၍ “သားစဉ်မြီးဆက်” ဟု ဆိုပေ၏။ ထိုသို့ ရည်စူးခြင်းကို ခံရသောသူကား ခရစ်တော်ပင် ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် ကတိတော်သည် အာဗြဟံ၏ အမျိုးအနွယ်အားလုံးကို ဘုရားသခင်၏အခမဲ့ လက်ဆောင်အဖြစ်ဖြင့် အာမခံဟိစီခြင်းငှာ ယုံကြည်ခြင်းပေါ်တွင် အခြေခံထားခြင်းဖြစ်၏။ ထိုကတိတော်သည် ပညတ်တရားကို ကျင့်သောသူတိ အတွက် မဟုတ်၊ အာဗြဟံကဲ့သို့ ယုံကြည်သောသူတိ အတွက် ဖြစ်၏။ အာဗြဟံသည်ကား ငါရို့ယုံကြည်သူအားလုံး၏ ယုံကြည်ခြင်းဖခင် ဖြစ်၏။
ဣသရေလလူမျိုးရို့သည် ဘုရားသခင်၏လူမျိုးတော်ဖြစ်၏။ သို့ဖြစ်၍ ဘုရားသခင်သည် သူရို့ကို မိမိ၏သားသမီးအရာ၌ ချီးမြှောက်ခြင်းဖြင့်လည်းကောင်း၊ ဘုရားသခင်၏ဘုန်းတန်ခိုးတော်တိကို ဖွင့်ပြခြင်းဖြင့်လည်းကောင်း၊ ပဋိညာဉ်များပြုခြင်းဖြင့်လည်းကောင်း၊ ပညတ်တရားကို ပီးထားခြင်းဖြင့် လည်းကောင်း ပြုတော်မူခ၏။ သူရို့သည်လည်း မှန်သောဝတ်ပြုခြင်းကို ပြုလျက်၊ ဘုရားသခင်၏ကတိတော်များကို ခံရကြ၏။
သို့ဖြစ်လျှင် ပညတ်တရား၏ ရည်ရွယ်ချက်ကား မည်သို့နည်း။ ပညတ်တရားကို ဘုရားသခင် ချပီးတော်မူခသည်မှာ အပြစ်ဒုစရိုက်၏သဘောကို ဖော်ပြရန်သာ ဖြစ်၏။ ထိုပညတ်တရားသည် ကတိတော်ကို ခံယူရဟိသူ အာဗြဟံ၏ သားစဉ်မြီးဆက် မပေါ်သိမ့်ခင် ကာလအတွင်း၌သာလျှင် တည်ဟိရန်သာ ဖြစ်၏။ ဘုရားသခင်သည် ထိုပညတ်တရားကို ကောင်းကင်တမန်များအားဖြင့် ကြားဝင်စိ့စပ်ပီးသူတစ်ဦးအား ပီးအပ်တော်မူခ၏။