3 ငါ၏ အပေါင်းဖော်ဖြစ်သော တိတုသည် ဂရိလူမျိုးဖြစ်လျက်ပင် အရီဖျားလှီးခြင်းကိုခံရန် အတင်းအကြပ် မခံယူစီ။
ငါရို့အထဲက လူတချို့သည် ငါရို့ပါးက ညွှန်ကြားချက် မပီးဘဲ သင်ရို့ပါးသို့ လား၍ သင်ရို့အား စိတ်အနှောင့်အယှက် ဖြစ်စီကြသည်ဟု ငါရို့ ကြားရ၏။
ပေါလုသည် တိမောသေကို မိမိနှင့်အတူ ခေါ်လိုသည်ဖြစ်၍ ထိုအရပ်တွင် နီထိုင်ကြသော ယုဒလူမျိုးတိကြောင့် သူ့အား အရီဖျားလှီးခြင်းကို ပီးလေ၏။ အကြောင်းမူကား သူ၏အဖသည် ဟေလသလူမျိုး တစ်ယောက်ဖြစ်သည်ကို သူရို့အားလုံး သိကြ၏။
သို့သော် ငါရို့ညီအစ်ကို တိတုကို မတွိ့ရသဖြင့် ငါသည် အလွန် စိတ်ပူပန်ခြင်းဖြစ်၏။ ထို့ကြောင့် ငါသည် ထိုမြို့မှ လူတိကို နှုတ်ဆက်ပြီးလျှင် မာကေဒေါနိပြည်သို့ ထွက်လားလေ၏။
တစ်ဆယ့်လေးနှစ် ကြာပြီးနောက် ငါသည် တိတုကို ခေါ်၍ ဗာနဗနှင့်အတူ ယေရုဆလင်မြို့သို့ ပြန်တက်လားကြ၏။
ဒေမသည် လောကကို ချစ်သောကြောင့် ငါ့ကို စွန့်ခွါ၍ သက်သာလောနိတ်မြို့သို့ ထွက်ခွာလားခယာ။ ကရက္ကေသည် ဂလာတိပြည်သို့ လည်းကောင်း၊ တိတုသည် ဒါလမာတိပြည်သို့ လည်းကောင်း ထွက်လားခကတ်ယာ။
ငါရို့နှင့်အတူ ယုံကြည်ခြင်း၌ တည်နိန်ခြင်းအားဖြင့် စစ်မှန်သောငါ၏သားဖြစ်သူ တိတုပါးသို့ ငါ စာရီးလိုက်ပါ၏။ အဖဘုရားသခင်နှင့် ငါရို့၏ကယ်တင်သျှင် ခရစ်တော်ယေသျှုသည် သင်ရို့အား ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းကို ပီးသနားတော်မူပါစီသောဝ်။