Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဂလာတိ 2:20 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

20 ငါသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်ထက်မှာ အသီသတ်ခြင်းကို ခံပြီးယာ။ သို့ဖြစ်၍ ငါသည် ကိုယ်တိုင်အသက်မရှင်ဘဲ ခရစ်တော်သည် ငါ၌ အသက်ရှင်တော်မူ၏။ အဂု ငါ၌ဟိသော အသက်သည် ဘုရားသခင်၏သားတော်ကို ယုံကြည်ခြင်းအားဖြင့် ဖြစ်၏။ ထိုသားတော်သည် ငါ့ကို ချစ်သောကြောင့် ငါ့အတွက် မိမိ၏အသက်ကို စွန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဂလာတိ 2:20
65 ပူးပေါင်းရင်းမြစ်များ  

လူသားသည် သူတစ်ပါးကို စီခိုင်းရန် ကြွလာခြင်းမဟုတ်၊ လူတိကို ရွီးနုတ်ခြင်းငှာ မိမိအသက်ကို စွန့်၍ အစီခံရန် ကြွလာခြင်းဖြစ်၏” ဟု ဆုံးမသြဝါဒ ပီးတော်မူ၏။


ထိုအခါ မာရ်နတ်သည် ရောက်လာပြီးလျှင် “သင်သည် ဘုရားသခင်၏ သားမှန်လျှင် ဤကျောက်ခဲတိကို မုန့်ဖြစ်အောင် အမိန့်ပီးတော်မူပါ” ဟု ဆို၏။


နာသနေလကလည်း “ဆရာ၊ ကိုယ်တော်သည် ဘုရားသခင်၏သားတော် ဖြစ်ပါ၏။ ဣသရေလလူမျိုးရို့၏ ဘုရင်ဖြစ်ပါ၏” ဟု လျှောက်လေ၏။


“ငါသည် ကောင်းသော သိုးထိန်းဖြစ်၏။ ကောင်းသော သိုးထိန်းသည် သိုးတိအတွက် မိမိအသက်ကို စွန့်တတ်၏။


ကိုယ့်မိတ်ဆွီရို့အတွက် ကိုယ့်အသက်ကို စွန့်ပီးခြင်းမေတ္တာထက် သာ၍ ကြီးမြတ်သော မေတ္တာဟူ၍ မဟိ။


အို အဖ၊ ကိုယ်တော်သည် အကျွန်၌ လည်းကောင်း၊ အကျွန်သည် ကိုယ်တော်၌ လည်းကောင်း တစ်လုံးတစ်ဝတည်းဖြစ်သကဲ့သို့ သူရို့အားလုံးသည်လည်း အကျွန်ရို့နှင့် တစ်လုံးတစ်ဝတည်း ဖြစ်ပါစီအကြောင်း အကျွန် ဆုတောင်းပါ၏။ အကျွန့်အား ကိုယ်တော်စီရွှတ်လိုက်ကြောင်းကို လောကသားတိ ယုံကြည်ကြစီရန် ထိုသူရို့ကို တစ်လုံးတစ်ဝတည်း ဖြစ်စီတော်မူပါ။


ဘုရားသခင်သည် လောကသားရို့ကို လွန်စွာချစ်တော်မူသဖြင့် မိမိ၌ တစ်ပါးတည်းသောသားတော်ကို ပီးတော်မူ၏။ အကြောင်းမူကား ထိုသားတော်ကို ယုံကြည်သော သူရို့သည် ပျက်စီးခြင်းသို့ မရောက်ဘဲ ထာဝရအသက်ကို ရစီခြင်းငှာဖြစ်၏။


ခမည်းတော်သည် မိမိသားတော်ကို ချစ်တော်မူသောကြောင့် ခပ်သိမ်းသော တန်ခိုးအာဏာကို သားတော်၌ ပီးအပ်လေ၏။


အသက်ရှင်သော ခမည်းတော်သည် ငါ့အား စီရွှတ်တော်မူ၏။ ငါသည်လည်း ခမည်းတော်အားဖြင့် အသက်ရှင်၏။ ထိုနည်းတူ ငါ၏အသွီးကို သောက်၍ အသားကို စားသောသူရို့သည် ငါ့ကြောင့် အသက်ရှင်လိမ့်မည်။


ကိုယ်တော်သည် ဘုရားသခင်ထံမှ ကြွလာသော သန့်ယှင်းသောသူ ဖြစ်ကြောင်းကို အကျွန်ရို့သည် ယုံကြည်သောကြောင့် သိကြပါ၏” ဟု လျှောက်လေ၏။


သူရို့သည် ဆက်လက်ပြီး ခရီးပြုကြစဉ် ရီဟိသောအရပ်သို့ ရောက်ကြသဖြင့် အရာဟိက၊ “ဤအရပ်၌ ရီဟိပါ၏။ ငါသည် ဗတ္တိဇံမင်္ဂလာ ခံယူရန် တားဆီးနိုင်သည့်အရာ ဟိပါသလော” ဟု ဆို၏။


ထိုသူသည် ချက်ချင်းပင် တရားဇရပ်များသို့ လား၍ ယေသျှုသည် ဘုရားသခင်၏ သားတော်ဖြစ်ကြောင်း စတင်၍ ဟောပြောလေ၏။


အကြောင်းမူကား “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်” ဟု ကျမ်းစာက ပြောထားသည်နှင့်အညီ၊ အစမှ အဆုံးတိုင်အောင် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်သည် မိမိ၏မျက်မှောက်တော်တွင် ငါရို့အား ဖြောင့်မတ်ခြင်းတရား၌ ဇာပိုင် တည်နိုင်သည်ဆိုစွာကို ဤသတင်းကောင်းတရားတော်က ဖော်ပြထား၏။


ငါရို့သည် မိမိအတွက် အသက်ရှင်နိန်ကြသည်မဟုတ်၊ မိမိအတွက် အသီခံနိန်ကြသည်မဟုတ်။


ဘုရားသခင်သည် ယေသျှုခရစ်တော်၌ ယုံကြည်ခြင်းအားဖြင့် လူတိကို ဖြောင့်မတ်ရာသို့ ရောက်စီတော်မူ၏။ လူအားလုံးသည် ကွဲပြားခြားနားခြင်း လုံးဝမဟိသောကြောင့် ယေသျှုခရစ်တော်၌ ယုံကြည်သောသူအားလုံးကို ဤဖြောင့်မတ်ရာသို့ ရောက်စီတော်မူခြင်းဖြစ်၏။


ထိုအသျှင်ယေသျှုသည် ငါရို့အပြစ်ကြောင့် အသီခံတော်မူ၍ ငါရို့ကို ဖြောင့်မတ်ရာသို့ ရောက်စီခြင်းငှာ သီခြင်းမှ ထမြောက်တော်မူလာခြင်း ဖြစ်၏။


ငါရို့သည် ယခု အသက်ရှင်လျက်ဟိသော ဘဝ၌ ယုံကြည်ခြင်းဖြင့် ဘုရားသခင်၏ ကျေးဇူးတော် ခံစားရသောအခွင့်ကို ထိုအသျှင်အားဖြင့် ရဟိကြ၏။ သို့ဖြစ်၍ ငါရို့သည် ဘုရားသခင်၏ ဘုန်းတန်ခိုးတော်ကို မျှော်လင့်ခြင်း၌ ဂုဏ်ယူဝင့်ကြွားလျက် ဟိကြ၏။


အကြောင်းမူကား ငါရို့သည် ကူညီမည့်သူ မဟိ ဖြစ်နိန်စဉ်တွင် ခရစ်တော်သည် ဘုရားသခင် သတ်မှတ်သားထားသော အချိန်တွင် အပြစ်သားတိအတွက် အသီခံပီးတော်မူခ၏။


သို့ရာတွင် ငါရို့သည် အပြစ်သားဖြစ်လျက်ပင်၊ ခရစ်တော်သည် ငါရို့အတွက် အသီခံပီးခတော်မူသည်ဖြစ်၍ ဘုရားသခင်သည် ငါရို့ကို ဇာလောက် ချစ်သည်ကို ငါရို့အား ထင်ရှားစွာ ပြတော်မူ၏။


သင်ရို့၏ကိုယ်အင်္ဂါတိကို ဒုစရိုက် လက်နက်များအဖြစ်ဖြင့် အပြစ်တရားအတွက် မဆက်သကြနှင့်။ သီခြင်းမှ ထမြောက်၍ အသက်ရှင်သောသူများဖြစ်သောကြောင့် သင်ရို့၏ကိုယ်အင်္ဂါတိကို သုစရိုက်လက်နက်အဖြစ် ဖြောင့်မတ်ခြင်းတရားအတွက် ဘုရားသခင်အား ဆက်သကြလော့။


ငါရို့သည်လည်း ခရစ်တော်နှင့်အတူ အသီခံထားပြီးပြီဖြစ်၍ ထိုအသျှင်နှင့်အတူ အသက်ရှင်ကြလိမ့်မည်ဟု ယုံကြည်လျက်ဟိကြ၏။


သို့ရာတွင် ခရစ်တော်သည် သင်ရို့အထဲ၌ ကိန်းဝပ်တော်မူလျှင် သင်ရို့၏ခန္ဓာကိုယ်သည် အပြစ်ကြောင့် သီနိန်သော်လည်း သင်ရို့၏ဝိညာဉ်သည်ကား ဖြောင့်မတ်ခြင်းတရားကြောင့် အသက်ရှင်လျက်ဟိ၏။


မကွာဝီးသည်သာမက၊ ငါရို့သည် ခပ်သိမ်းသောဤအမှုတိကို ကြုံတွိ့ရကြသောအခါ ငါရို့ကို ချစ်တော်မူသော အသျှင်အားဖြင့် လုံးဝ အောင်မြင်မှုကို ရဟိကြ၏။


သို့ရာတွင် သခင်ဘုရားနှင့်ပေါင်းဖော်သော သူသည် ထိုသခင်နှင့် တစ်​စိတ်​တစ်​ဝိညာဉ်​တည်း ဖြစ်၏။


သင်ရို့သည် မည်သည့်အရာကို ယုံကြည်ရမည်ကို အမိန့်ပီးရန် ငါရို့ ကြိုးစားနိန်ခြင်းမဟုတ်။ ငါရို့ကလည်း သင်ရို့ဝမ်းမြောက်ခြင်းအတွက် သင်ရို့နှင့်အတူ လုပ်ဆောင်သောသူများသာဖြစ်၏။ အကြောင်းမူကား သင်ရို့၏ ယုံကြည်ခြင်းသည် ခိုင်မာလျက်ဟိကြောင်းကို ငါရို့ သိကြသောကြောင့်ဖြစ်၏။


ငါရို့သည် လောက၌ အသက်ရှင်နီထိုင်လျက် ဟိကြသည် မှန်သော်လည်း လောကီအလိုသို့လိုက်၍ တိုက်ပွဲ ဝင်နိန်ကြသည်မဟုတ်။


ဤသို့ ငါ၏ ဝါကြွားမှုသည် အခါယပြည် တစ်လျှောက်လုံး ဇာသူမျှ ပိတ်ပင်၍ ရလိမ့်မည်မဟုတ်ကြောင်းကို ငါ၌ဟိသော ခရစ်တော်၏ သမ္မာတရားကို အမှီပြု၍ ငါဆို၏။


ခရစ်တော်သည် ငါ့အားဖြင့် မိန့်တော်မူကြောင်း သက်သီအားလုံးကို သင်ရို့ တောင်းဆိုကြသည့်အတိုင်း ရကြလိမ့်မည်။ ခရစ်တော်သည် သင်ရို့နှင့်အတူ ဟိသောအခါ အားနည်းတော်မမူဘဲ မိမိ၏တန်ခိုးတော်ကို သင်ရို့၌ ထင်ရှားစွာ ပြတော်မူ၏။


သင်ရို့သည် ယုံကြည်ခြင်း၌ တည်သည်၊ မတည်သည်ကို မိမိကိုယ်ကို ဆန်းစစ် ဆုံးဖြတ်ကြလော့။ သင်ရို့အထဲ၌ ယေသျှု ခရစ်တော်ဟိကြောင်းကို သေချာစွာ သိကြသလော။ သို့မဟုတ်လျှင် သင်ရို့သည် စုံစမ်းစစ်ဆီးခြင်း၌ ယှုံးနိမ့်ကြပြီလော။


ခရစ်တော်၏ မေတ္တာတော်သည် ငါရို့ကို လွှမ်းမိုးလျက်ဟိ၏။ အကြောင်းမူကား တစ်ယောက်သောသူသည် လူတိုင်းအတွက် အသီခံသည်ဖြစ်၍ လူအပေါင်းရို့သည် ထိုသူနှင့်အတူ သီလျက်ဟိကြောင်းကို အဂုအခါ ငါရို့သည် သိကြ၏။


ကိုယ်တော်သည် လူအပေါင်းရို့အတွက် အသီခံတော်မူသည့်အကြောင်းမှာ အသက်ရှင်လျက်ဟိသော သူရို့သည် မိမိရို့အတွက် အသက်မရှင်ကြတော့ဘဲ မိမိရို့အတွက် အသက်ကို စွန့်တော်မူပြီး ရှင်ပြန်ထမြောက်တော်မူသော သခင်အဖို့ အသက်ရှင်ကြစီရန် ဖြစ်သတည်း။


အကြောင်းမူကား ငါရို့သည် အမြင်အားဖြင့် မဟုတ်ဘဲ ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ကြ၏။


ငါရို့အဖ ဘုရားသခင်၏ အလိုတော်နှင့်အညီ ခရစ်တော်သည် ငါရို့အား ဤဆိုးယုတ်သော မျက်မှောက်ကာလမှ ကယ်တင်နိုင်ရန် ငါရို့၏အပြစ်တိအတွက် မိမိကိုယ်ကို စွန့်တော်မူ၏။


သို့သော်လည်း လူသည် ပညတ်တရား၏ အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ မရောက်နိုင်၊ ယေသျှုခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်သာလျှင် ရနိုင်ကြောင်းကို ငါရို့သိကြ၏။ ငါရို့ကလည်း ပညတ်တရား၏ အကျင့်အားဖြင့် မဟုတ်ဘဲ ခရစ်တော်ကို ယုံကြည်အားဖြင့် ဖြောင့်မတ်ရာသို့ရောက် ကြ၏။ ဇာကြောင့်ဆိုသော် ပညတ်တရား၏ အကျင့်အားဖြင့် တစ်ယောက်မျှ ဖြောင့်မတ်ရာသို့ မရောက်နိုင်သောကြောင့် ဖြစ်၏။


အဂုတွင် ကျမ်းစာတော်မြတ်၌၊ “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်” ဟု ဆိုထားသဖြင့် ပညတ်တရားအားဖြင့် ဇာသူတစ်ယောက်လေ့ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို မရနိုင်ကြောင်း ထင်ရှား၏။


ခရစ်တော် ယေသျှုနှင့်ဆိုင်သော သူရို့သည် လူ့ဇာတိစိတ်ကို လည်းကောင်း၊ ဇာတိစိတ်၏အလိုဆန္ဒများကို လည်းကောင်း လက်ဝါးကပ်တိုင်ထက်တွင် ရိုက်ထားကြပြီ။


ငါ့အတွက်မူကား ငါရို့အသျှင် ယေသျှုခရစ်တော်၏ လက်ဝါးကပ်တိုင်တော်မှတစ်ပါး အခြား မည်သည့်အရာအတွက်နှင့်မျှ ဝါကြွားစရာမဟိ။ ထို​လက်​ဝါး​ကပ်​တိုင်၌ ဤ​လော​က​သည် ငါ့​အ​ဖို့ ရိုက်​ထား​ခြင်း​ကို ခံ​လျက်​ဟိ၏။ ငါ​သည်​လည်း ဤ​လော​က​အ​ဖို့ ရိုက်​ထား​ခြင်း​ကို​ခံ​လျက် ဟိ၏။


ယုံကြည်ခြင်းအားဖြင့် ခရစ်တော်သည် သင်ရို့၏ စိတ်နှလုံး၌ ကိန်းဝပ်တော်မူစီခြင်းငှာ လည်းကောင်း ငါသည် ဆုတောင်း၏။ ထိုမျှမက သင်ရို့သည် မေတ္တာ၌ တိုက်မြစ်ချ၍ အမြစ်စွဲစီရန် လည်းကောင်း၊


ခရစ်တော်သည် ငါရို့ကို ချစ်တော်မူ၍ ငါရို့အတွက် မိမိကိုယ်ကို ဘုရားသခင် နှစ်သက်တော်မူရာ မွှီးကြိုင်သော ပူဇော်သကာအဖြစ် ဆက်သတော်မူသကဲ့သို့ သင်ရို့သည်လည်း မေတ္တာတရား၌ ကျင်လည်ကြလော့။


လင်ယောက်ျားရို့၊ ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူ၍ အသင်းတော်အဖို့ မိမိအသက်ကို စွန့်တော်မူသကဲ့သို့ သင်ရို့၏ မယားတိကို ချစ်ကြလော့။


အကြောင်းမူကား ငါ့အဖို့မှာ အသက်ရှင်ခြင်းသည် ခရစ်တော်ပင် ဖြစ်၏။ သီလျှင်မူကား သာ၍ အကျိုးဟိ၏။


ခရစ်တော်ထံမှ ရဟိသည့် စွမ်းရည်အားဖြင့် ငါသည် ဇာအခြေအနေမျိုးကိုမဆို ရင်ဆိုင်နိုင်၏။


ဘုရားသခင်သည် လူမျိုးအပေါင်းရို့အတွက် ဘုန်းတော်နှင့် ပြည့်စုံသည့် လျှို့ဝှက်နက်နဲသောအရာကို မိမိလူစုတော်အား သိစီရန် အလိုတော် ဟိတော်မူ၏။ ထိုလျှို့ဝှက်နက်နဲသောအရာကား ခရစ်တော်သည် သင်ရို့အထဲ၌ ကျိန်းဝပ်နိန်ခြင်းပင်ဖြစ်၏။ တစ်နည်းအားဖြင့်ဆိုသော် သင်ရို့သည် ဘုရားသခင်၏ ဘုန်းတော်ကို မျှော်လင့်ရမည် အကြောင်းဖြစ်၏။


ထို့အပြင် သီဆုံးခြင်းမှ ထမြောက်တော်မူ၍ ကျရောက်လာမည့် ဘုရားသခင်၏အမျက်တော်မှ ငါရို့ကို ကယ်နုတ်တော်မူသော သားတော်ယေသျှုသည် ကောင်းကင်ဘုံမှ ကြွလာတော်မူမည်ကို စောင့်မျှော်ကြသည့်အကြောင်း ထိုသူအပေါင်းရို့သည် ပြောဆိုလျက်ဟိကြ၏။


ငါရို့သည် အိပ်ပျော်လျက်ဟိသည်ဖြစ်စီ၊ နိုးလျက်ဟိသည်ဖြစ်စီ ထိုအသျှင်နှင့်အတူ အသက်ရှင်ခြင်းငှာ ကိုယ်တော်သည် ငါရို့အတွက် အသီခံတော်မူ၏။


ကယ်တင်သျှင် ယေသျှုခရစ်တော်သည် ငါရို့ကို ခပ်သိမ်းသော မတရားမှုထဲမှ ရွီးနုတ်ကယ်တင်ပြီး မိမိပိုင်သောသူအပေါင်းရို့သည် မိမိအတွက် သန့်ယှင်းစင်ကြယ်၍ ကောင်းသောအမှုကို ပြုခြင်းငှာ စိတ်အားထက်သန်သောသူတိ ဖြစ်လာကြစီရန် ငါရို့အတွက် မိမိကိုယ်ကို စွန့်တော်မူ၏။


ယဇ်ပုရောဟိတ်မည်သည်ကား ပူဇော်သကာများနှင့် ယဇ်ကောင်များကို ဘုရားသခင်အား ပူဇော်ဆက်ကပ်ရန် ခန့်ထားခြင်းဖြစ်၏။ ထို့ကြောင့် ငါရို့၏ယဇ်ပုရောဟိတ်မင်း၌လည်း ထိုသို့ပူဇော်ခြင်းငှာ တစ်စုံတစ်ခု ဟိရမည် ဖြစ်၏။


သင်ရို့သည် ကိုယ်တော့်ကို မမြင်ဖူးသော်လည်း ချစ်ကြ၏။ သင်ရို့သည် ကိုယ်တော့်ကို အဂု မမြင်ရသော်လည်း ယုံကြည်ကြပြီး နှုတ်ဖြင့် မဖော်ပြနိုင်သော ဝမ်းမြောက်ခြင်းနှင့် ရွှင်မြူးလျက် ဘုန်းတော်ကို ချီးမွမ်းကြ၏။


သို့ရာတွင် ကိုယ်တော်သည် အလင်း၌ ဟိတော်မူသကဲ့သို့ ငါရို့သည်လည်း အလင်း၌ အသက်ရှင်လျှောက်လှမ်းကြလျှင် ငါရို့သည် တစ်ယောက်နှင့်တစ်ယောက် မိတ်ဖွဲ့ခြင်း ဟိကြသည်ဖြစ်၍ ဘုရားသခင်၏သားတော် ယေသျှု၏ အသွီးတော်သည်လည်း ငါရို့၏ ခပ်သိမ်းသော အပြစ်များကို စင်ကြယ်စီတော်မူ၏။


ခမည်းတော်သည် မိမိ၏သားတော်အား လောကကို ကယ်တင်သောအသျှင်အဖြစ် စီရွှတ်တော်မူကြောင်းကို ငါရို့ မြင်ရ၍ သက်သီခံကြ၏။


စစ်မှန်သော ဘုရားသခင်ကို သိနိုင်စီခြင်းငှာ ဘုရားသခင်၏ သားတော်သည် ကြွလာတော်မူ၍ ငါရို့အား နားလည်နိုင်သောဉာဏ်ပညာကို ပီးတော်မူကြောင်းကို ငါရို့ သိကြ၏။ ငါရို့သည် ကိုယ်တော်၏သားတော် ယေသျှုခရစ်နှင့် လည်းကောင်း၊ စစ်မှန်သော ဘုရားသခင်နှင့် လည်းကောင်း တစ်လုံးတစ်ဝတည်း အသက်ရှင်လျက် ဟိကြ၏။ ဤသည်ကား စစ်မှန်သော ဘုရားသခင် ဖြစ်တော်မူပြီး ထာဝရအသက်လည်း ဖြစ်တော်မူ၏။


သစ္စာဟိသော သက်သီခံ၊ သီခြင်းမှ ဦးစွာပထမ ရှင်ပြန်ထမြောက်တော်မူသော၊ လောကီသျှင်ဘုရင်တိကို အစိုးရတော်မူသော ယေသျှုခရစ်တော်ထံပါးမှ လည်းကောင်း၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်ရို့၌ ဟိပါစီသောဝ်။ ထိုသူသည် ငါရို့ကို ချစ်တော်မူ၍ မိမိ၏အသွီးတော်အားဖြင့် ငါရို့၏ အပြစ်တရားမှ ငါရို့အား လွတ်မြောက်စီတော်မူပြီးလျှင်၊


နားထောင်လော့။ ငါသည် တန်းခါးရှိ့တွင် ရပ်၍ တန်းခါးခေါက်လျက် နိန်၏။ ငါ၏အသံကို ကြား၍ တန်းခါးကို ဖွင့်၏။ ထိုသူ၏ အိမ်သို့ ငါဝင်ပြီးလျှင် သူနှင့်အတူ စားသောက်မည်။ သူသည်လည်း ငါနှင့်အတူ စားသောက်ရလိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ