Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဂလာတိ 2:2 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

2 အကြောင်းမူကား ငါသည် ဘုရားသခင်၏ ဗျာဒိတ်တော်အတိုင်း ဤသို့ လားရခြင်းဖြစ်၏။ ငါသည် ခေါင်းဆောင်တိနှင့် သီးသန့် တွိ့ဆုံပြီး တခြားလူမျိုးရို့အား ငါဟောပြောထားသည့် သတင်းကောင်းကို တင်ပြ၏။ ဤသို့ တင်ပြရခြင်းမှာ ငါသည် အယင်က လုပ်ခသည့် အရာများသည် လည်းကောင်း၊ အဂု လုပ်နိန်သည့် အရာများသည် လည်းကောင်း အချည်းနှီး မဖြစ်စီလိုသောကြောင့် ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဂလာတိ 2:2
26 ပူးပေါင်းရင်းမြစ်များ  

“နားထောင်ကတ်၊ မြီခွီးအုပ်စုထဲသို့ သိုးတိကို စီရွှတ်လိုက်သကဲ့သို့ သင်ရို့အား ငါ စီရွှတ်လိုက်၏။ ထို့ကြောင့် သင်ရို့သည် မြွီကဲ့သို့ လိမ္မာ၍ ဂြိုးငှက်ကဲ့သို့ အဆိပ်ကင်းကြလော့။


ဗာနဗနှင့် ပေါလုက မိမိရို့အားဖြင့် လူမျိုးခြားတိ၌ ဘုရားသခင်ပြုတော်မူသော နိမိတ်လက္ခဏာတိ၊ အံ့ဩဖွယ်သောအမှုအရာတိကို ပြန်လည်ပြောပြကြသည်ကို ကြားရသောအခါ လူအပေါင်းရို့သည် ဆိတ်ငြိမ်နိန်ကြ၏။


ဤကိစ္စနှင့်ပတ်သက်၍ ပေါလုနှင့် ဗာနဗ ရို့သည် ထိုသူရို့နှင့် ပြင်းထန်စွာ ငြင်းခုံကြ၏။ ထို့ကြောင့် ပေါလု၊ ဗာနဗနှင့်အတူ အန္တိအုတ်မြို့မှ ယုံကြည်သူတချို့သည် ဤပြဿနာကြောင့် ယေရုဆလင်မြို့သို့လား၍ တမန်တော်တိ၊ အသင်းတော်လူကြီးတိနှင့် တွိ့ဆုံသင့်ကြောင်း ဆုံးဖြတ်ကြ၏။


သူရို့သည် ယေရုဆလင်မြို့သို့ ရောက်ကြသောအခါ တမန်တော်တိနှင့် အသင်းတော်လူကြီးတိ၊ အသင်းသူ အသင်းသားတိက သူရို့ကို ကြိုဆိုလက်ခံကြ၏။ သူရို့ကလည်း ဘုရားသခင်သည် မိမိရို့အားဖြင့် ပြုတော်မူခသော အရာအားလုံးကို ပြောပြကြ၏။


တစ်ညတွင် ပေါလုသည် ဗျာဒိတ်ရူပါရုံတစ်ခုကို မြင်လေ၏၊ ထိုရူပါရုံ၌ သူ့အား အသျှင်ဘုရားက ပြောသည်မှာ “မကြောက်ကေ့၊ ဆက်လက်၍ ဟောပြောလော့၊ လက်မြှောက်အရှုံးမပီးကေ့၊


ထိုည၌ သခင်ဘုရားသည် ပေါလု၏အနား၌ ရပ်လျက်၊ “မကြောက်ကေ့၊ သင်သည် ဤယေရုဆလင်မြို့၌ ငါ၏အကြောင်းကို သက်သီခံသည့်နည်းတူ၊ ရောမမြို့၌လည်း သက်သီခံရလိမ့်မည်” ဟု မိန့်တော်မူ၏။


သို့သော်လည်း လူအားလုံးက လေးစားကြသော ကျမ်းတတ်ဆရာတစ်ယောက်ဖြစ်သည့် ဂါမလျေလဟု နာမည်ဟိသော ဖာရိယှဲတစ်ယောက်သည် တရားလွှတ်တော်၌ ထရပ်၍ တမန်တော်ရို့အား တစ်အောင့်ချေလောက် အပြင်သို့ခေါ်ထုတ်လားရန် အမိန့်ပီးပြီးလျှင်၊


ထို့ကြောင့်၊ ဤသို့ပြုတော်မူခြင်းသည် လူ့အလိုဆန္ဒ သို့မဟုတ် လူ၏အကျင့် အားဖြင့်မဟုတ်။ ဘုရားသခင်၏ ကရုဏာတော်၌သာ တည်နိန်၏။


ငါရို့ ဟောပြောကြေငြာသော လက်ဝါးကပ်တိုင်ထက်တွင် အသီခံတော်မူသည့် ခရစ်တော်၏အကြောင်းသည် ယုဒလူရို့အဖို့ ထိမိ၍ လဲစရာဖြစ်ပြီး၊ တခြားလူမျိုးရို့အဖို့မူကား အချည်းနှီးသော တရားဖြစ်၏။


အကြောင်းမူကား သင်ရို့နှင့်အတူ ဟိစဉ်က ငါသည် ယေသျှုခရစ်တော်၏ အကြောင်းနှင့် အထူးသဖြင့် လက်ဝါးကပ်တိုင်၌ ကိုယ်တော် အသီခံတော်မူသည့် အကြောင်းမှတစ်ပါး အခြားသောအရာ မှန်သမျှကို မိ့ပျောက်စီခြင်းငှာ စိတ်ပိုင်းဖြတ်ထား၏။


အဗြီးပြိုင်ပွဲ တစ်ပွဲ၌ အဗြီးသမားများစွာ ဝင်ရောက်ယှဉ်ပြိုင်ကြသော်လည်း တစ်ယောက်တည်းသာလျှင် အောင်ဆု ရဟိသည့်အကြောင်းကို သင်ရို့သိကြ၏။ သို့ဖြစ်၍ သင်ရို့သည် အောင်ဆုကို ရနိုင်ခြင်းငှာ ဗြီးကြလော့။


ထို့ကြောင့် ငါသည် ပန်းဝင်ရာသို့ တည့်မတ်စွာ ဗြီး၏။ ငါသည် လက်ဝှေ့ထိုးသောအခါ လီကို ထိုးသတ်သော လက်ဝှေ့သမားတစ်ယောက်ကဲ့သို့ မဟုတ်။


ဝါကြွားခြင်းသည် အကျိုးမဟိသော်လည်း ငါသည် ဝါကြွားရဦးမည်။ သို့ဖြစ်၍ သခင်ဘုရားက ငါ့အား ပီးသနားတော်မူသော ရူပါရုံများနှင့် ဗျာဒိတ်တော်များအကြောင်းကို အဂု ပြောပြမည်။


ထိုသတင်းကောင်းသည် ဇာသူ့ပါးကလေ့ ငါ ရသည်မဟုတ်။ ထိုသတင်းကောင်းကို ငါ့အား ဇာသူလေ့ မသင်ပီးခ၊ ယေသျှုခရစ်ကိုယ်တော်တိုင် ဗျာဒိတ်တော်အားဖြင့် ငါ့အား ပီးအပ်တော်မူခ၏။


ကိုယ်တော်၏သတင်းကောင်းကို လူမျိုးခြားတိအား ဟောပြောရန် မိမိ၏သားတော်ကို ငါ့အား ဖော်ပြတော်မူ၏။ ထိုအခါ ငါသည် ဇာသူ့ပါးမှ အကြံဉာဏ်ကို တောင်းခံခြင်း မပြုခပေ။


ခရစ်တော်၏ ကျေးဇူးတော်အားဖြင့် သင်ရို့အား ခေါ်ယူတော်မူသော အသျှင်ကို သင်ရို့သည် ဤမျှလောက် စောလျင်စွာ စွန့်ခွါ၍ အခြားသော သတင်းကောင်းကို နာယူလျက်ဟိသဖြင့် ငါသည် အလွန်အံ့သြ၏။


ခေါင်းဆောင်တိဟု ထင်မှတ်ရသော သူရို့သည် အယင်က ဇာပိုင်လူမျိုးပင် ဖြစ်ပါစီ ငါ့အတွက် ခြားနားခြင်းမဟိ။ ဘုရားသခင်သည် အပြင်ပန်းသဏ္ဌာန်အားဖြင့် လူတိအား အကဲဖြတ်တော်မမူ။ ဇာကြောင့်ဆိုသော် သူရို့သည် ငါဟောပြောသော သတင်းကောင်းတရား၌ ဇာတစ်ခုကိုလေ့ မဖြည့်စွက်ခပေ။


ခေါင်းဆောင်တိဖြစ်ကြသည့် ယာကုပ်၊ ပေတရုနှင့် ယောဟန်ရို့က ငါ့အား ဘုရားသခင်ပီးတော်မူသော အခွင့်ထူးကို အသိမှတ်ပြုကြ၏။ ထို့ကြောင့် ငါရို့အားလုံးသည် လုပ်ဖော်ဆောင်ဖက်များ ဖြစ်ကြသည့်အနိန်ဖြင့် သူရို့သည် ဗာနဗနှင့် ငါ့အား လက်ဆွဲနုတ်ဆက်ကြ၏။ သူရို့သည် ယုဒလူမျိုးကြား၌ လည်းကောင်း၊ ဗာနဗနှင့် ငါ့အား တခြားလူမျိုးတိကြား၌ လည်းကောင်း လုပ်ဆောင်ကြရန် ငါရို့သဘောတူကြ၏။


သင်ရို့သည် ကောင်းမွန်စွာ လုပ်ဆောင်နိန်ခ၏။ သမ္မာတရားကို မလိုက်နာစီရန် သင်ရို့အား ဇာသူက တားဆီးသနည်း။ ထိုသူသည် သင်ရို့အား ဇာပိုင် ဖြားယောင်းသွီးဆောင်ခသနည်း။


ထိုသူရို့အလယ်တွင် ကြယ်များသဖွယ် ထွန်းလင်းတောက်ပ ကြရမည်။ ဤသို့ ပြုကြမည်ဆိုပါက ငါ၏ ကြိုးစားလုပ်ဆောင်ခသမျှသည် အချည်းနှီးမဖြစ်သဖြင့် ခရစ်တော်၏ နိ့ရက်တွင် ငါ၌ ဂုဏ်ယူဝါကြွားစရာ အကြောင်းဟိလိမ့်မည်။


သင်ရို့သည် သခင်ဘုရား၌ သူ့အား ဝမ်းမြောက်စွာ ကြိုဆိုကြလော့။ ထိုသူကဲ့သို့ သူရို့ကိုလည်း ရိုသီလေးစားကြလော့။


ထို့ကြောင့် သင်ရို့သည် စာတန်မာရ်နတ်၏ စုံစမ်းသွီးဆောင်ရာသို့ လိုက်ပါသဖြင့် ငါရို့၏ လုပ်ဆောင်ခသမျှသည် အချည်းနှီးဖြစ်မည်ကို ငါသည် စိုးရိမ်ကြောင့်ကြသောကြောင့် သင်ရို့၏ ယုံကြည်ခြင်းကို သိလိုသဖြင့် ငါသည် တိမောသေကို ရွှတ်လိုက်ခြင်းဖြစ်၏။


ငါသည် အဗြီးပြိုင်ပွဲ၌ အစွမ်းကုန် ကြိုးစားပြီး အဆုံးတိုင်အောင် ဗြီးခပြီးယာ၊ ငါသည် ယုံကြည်ခြင်းတရားကို စောင့်ထိန်းခယာ။


ထို့ကြောင့် ဤလောက်များသော သက်သီများသည် ငါရို့အား ဝိုင်းရံလျက်ဟိကြသည်ဖြစ်၍ ငါရို့၌ အနှောင့်အယှက်ဖြစ်စီသော အရာဟူသမျှကို လည်းကောင်း၊ မိမိရို့၌ ငြိတွယ်နိန်သည့် အပြစ်များကို လည်းကောင်း ဖယ်ယှား၍ ငါရို့ရှိ့၌ ထားသောပန်းဖူးတိုင်သို့ ရောက်ခြင်းငှာ လုံ့လစိုက်၍ ဗြီးကြကုန်အံ့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ