Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဂလာတိ 1:7 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

7 အမှန်ဆိုသော် “အခြားသော သတင်းကောင်း” ဟူ၍မဟိ။ သို့ရာတွင် လူတချို့သည် သင်ရို့ကို အနှောက်အယှက်ဖြစ်စီပြီး ခရစ်တော်၏ သတင်းကောင်းကို မှောက်လှန်လိုခြင်းငှာ ကြိုးစားနိန်ခြင်းသာ ဖြစ်သည်ဟု ငါပြောဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဂလာတိ 1:7
38 ပူးပေါင်းရင်းမြစ်များ  

အကြောင်းမူကား မေသျှိယအယောင်ဆောင်တိ၊ ပရောဖက်အယောင်ဆောင်တိ ပေါ်လာ၍ ဖြစ်နိုင်လျှင် ရွီးကောက်ထားသောသူတိကိုပင် လှည့်ဖျားနိုင်ခြင်းငှာ အံ့ဩဖွယ်ရာများ၊ ကြီးမားသောနိမိတ်လက္ခဏာများကို ပြကတ်လိမ့်မည်။


“သင်သည်ကား မာရ်နတ်၏သား၊ ဖြောင့်မတ်ခြင်းတရား ဟူသမျှ၏ ရန်သူ ဖြစ်၏။ သင်သည် ကောက်ကျစ်ယုတ်မာသော ပရိယာယ်အမျိုးမျိုးဖြင့် သခင်ဘုရား၏ သမ္မာတရား တိကို လှည့်ဖြားခြင်းငှာ အစဉ်မပြတ် ကြိုးစားနိန်သည်တကား။


ငါရို့အထဲက လူတချို့သည် ငါရို့ပါးက ညွှန်ကြားချက် မပီးဘဲ သင်ရို့ပါးသို့ လား၍ သင်ရို့အား စိတ်အနှောင့်အယှက် ဖြစ်စီကြသည်ဟု ငါရို့ ကြားရ၏။


သင်ရို့အထဲမှ တချို့သော လူတိက လိမ်ဝါပြောဆိုကာ ယုံကြည်သူများကို သူရို့နောက်သို့ ဆွဲဆောင်လားမည့် အချိန်ကာလသည် ရောက်လာလိမ့်မည်။


ထိုသူရို့သည် စစ်မှန်သော တမန်တော်များ မဟုတ်၊ မှားယွင်းသောတမန်တော်များသာ ဖြစ်ကြ၏။ မိမိကိုယ်ကို ခရစ်တော်၏ စစ်မှန်သော တမန်တော်တိ ဖြစ်ယောင်ဆောင်လျက် လှည့်စားသောသူများဖြစ်၏။


ငါရို့သည် များစွာသောသူရို့ ပြုသကဲ့သို့ ဘုရားသခင်၏ နှုတ်ကပါတ်တရားတော်ကို ကိုယ်ကျိုးအတွက် ဟောပြောခြင်း မဟုတ်ဘဲ ငါရို့အား ဘုရားသခင် စီရွှတ်တော်မူသောကြောင့် ကိုယ်တော်၏ ရှိ့တော်၌ ဖြူစင်သောစိတ်ဖြင့် ခရစ်တော်၏ အခိုင်းအစီများကဲ့သို့ ငါရို့ ဟောပြောကြ၏။


ငါရို့သည် ဖုံးအုပ်ထားသော အရာအားလုံးနှင့် ရှက်ဖွယ်ကောင်းသော အပြုအမူများကို စွန့်ပယ်၍ လိမ်လည်မှုကိုမပြုဘဲ ဘုရားသခင်၏ နှုတ်ကပါတ်တော်ကို မှောက်လှန်၍ မဟောပြော။ ငါရို့သည် ဘုရားသခင်၏ မျက်မှောက်တော်၌ သမ္မာတရား၏အလင်းတွင် အသက်ရှင်လှုပ်ရှား၍ လူအပေါင်းရို့၏ အသိစိတ်ကို ကြည်လင်အောင် ပြုမူဆောင်ရွက်ကြ၏။


ခရစ်တော်၏ ကျေးဇူးတော်အားဖြင့် သင်ရို့အား ခေါ်ယူတော်မူသော အသျှင်ကို သင်ရို့သည် ဤမျှလောက် စောလျင်စွာ စွန့်ခွါ၍ အခြားသော သတင်းကောင်းကို နာယူလျက်ဟိသဖြင့် ငါသည် အလွန်အံ့သြ၏။


ဤသို့ ဆိုရခြင်းမှာ ယုံကြည်သူအဖြစ် အယောင်ဆောင်သူ တချို့သည် လျှို့ဝှက်စွာ ဝင်ရောက်လာသောကြောင့်ဖြစ်၏။ ထိုသူရို့သည် ငါရို့အား ကျွန်ပြုလို၍ ခရစ်တော် ယေသျှုအားဖြင့် ငါရို့ရဟိသော လွတ်လပ်မှုကို စုံစမ်းရန် ငါရို့အသိုင်းအဝိုင်းထဲသို့ ဝင်ရောက်လာခြင်းဖြစ်၏။


အခြားသောသူရို့သည် သင်ရို့အား အရေးတယူ ပြုကြ၏။ သို့ရာတွင် ထိုသို့ပြုခြင်းမှာ မကောင်းသော ရည်ရွယ်ချက်ဖြင့်သာ ဖြစ်၏။ သူရို့သည် သင်ရို့၏ အလွန် အရေးတယူပြုမှုကို ခံစားရခြင်းငှာ သင်ရို့အား ငါနှင့် အဆက်အသွယ် ပြတ်စီလိုသောကြောင့် ဖြစ်၏။


သို့ရာတွင် ငါသည် သင်ရို့အား အဂုတိုင်အောင် ယုံကြည်စိတ်ချခြင်း ဟိ၏။ ငါရို့၏ အသက်ရှင်မှုသည် သခင်ဘုရားနှင့် တစ်လုံးတစ်ဝတည်း ဖြစ်ကြသဖြင့် သင်ရို့သည် တခြားသောအယူကို လက်ခံကြလိမ့်မည်မဟုတ် ဟူ၍ ငါ့ကို ယုံကြည်စိတ်ချစီ၏။ သို့သော် သင်ရို့အား နှောက်ယှက်သူ ဇာသူမဆို ဘုရားသခင်၏ ပြစ်ဒဏ်စီရင်ခြင်းကို ခံရလိမ့်မည်။


သင်ရို့ကို နှောက်ယှက်နိန်သော လူတိကို နှင်ထုတ်စီခြင်းငှာ ငါအလိုဟိ၏။ သူရို့သည် ကိုယ့်ကိုကိုယ် သင်းကွပ်လိုက်ကြလျှင် ကောင်းလိမ့်မည်။


နိဂုံးချုပ်ဆိုရသော် ငါ့အား ဇာသူလေ့ အနှောက်အယှက် မပီးပါစီကေ့။ ဇာကြောင့်ဆိုသော် ငါ၏ ကိုယ်ခန္ဓာ၌ဟိသော ဒဏ်ရာဒဏ်ချက်များသည် ယေသျှု၏ ကျွန်ဖြစ်ကြောင်း သက်သီပြလျက် ဟိသောကြောင့်ဖြစ်၏။


သူရို့သည် သမ္မာတရားမှ လမ်းလွဲလျက် သီလွန်သောသူရို့သည် ရှင်ပြန်ထမြောက်ကြလေပြီဟု ဆိုကာ တချို့သောယုံကြည်သူရို့၏ ယုံကြည်ခြင်းကို ဖျက်ဆီးနိန်ကြ၏။


သင်ရို့အား လှည့်ဖျားခြင်းငှာ ကြိုးစားနိန်ကြသော သူရို့၏ အကြောင်းနှင့်ပတ်သက်၍ ဤစာကို သင်ရို့ပါးသို့ ငါရီးပီးလိုက်၏။


အဆွီရို့၊ ဝိညာဉ်တော်ကို ခံယူရဟိသည်ဟု ပြောဆိုသောသူတိုင်းကို မယုံကြည်ကတ်ကေ့။ သူရို့ ခံယူရဟိသည်ဆိုသော ဝိညာဉ်တော်သည် ဘုရားသခင်ထံတော်မှ ဆင်းသက်လာသည့် ဝိညာဉ်တော် ဟုတ်မဟုတ် စစ်ဆေးကြလော့။ ဇာကြောင့်ဆိုသော် မိစ္ဆာပရောဖက်များသည် ဤလောကသို့ ရောက်နိန်ကြသောကြောင့် ဖြစ်၏။


ထိုတရားတော်ကို မသွန်သင်သောသူသည် သင်ရို့ပါးသို့ ရောက်လာလျှင် သင်ရို့အိမ်တွင် လက်မခံကတ်ကေ့။ သင်ရို့၌ “ငြိမ်သက်ခြင်း ဟိပါစီ” ဟု နှုတ်မဆက်ကတ်ကေ့။


လူ့ဇာတိကိုခံယူ၍ ယေသျှု ခရစ်တော် ကြွလာတော်မူသည်ကို လက်မခံသောသူဖြစ်သည့် များစွာသော လှည့်ဖြားသောသူရို့သည် ဤလောကထဲသို့ ရောက်နိန်ယာ။ ထိုသို့သောသူသည် လှည့်ဖြားသောသူ၊ ခရစ်တော်ကို ဆန့်ကျင်သောသူဖြစ်၏။


အကြောင်းမူကား ဘုရားဝတ်၌ မွိ့ပျော်ခြင်းမဟိသော လူတချို့သည် သင်ရို့အထဲသို့ တိတ်တဆိတ် ဝင်ရောက်လျက် ဟိနိန်ကြသောကြောင့် ဖြစ်၏။ သူရို့သည် ငါရို့ ဘုရားသခင်၏ ကျေးဇူးတော်ကို သူရို့၏ ကာမဂုဏ်လိုက်စားခြင်းအဖြစ် မှောက်လှန်ကြလျက် ငါရို့၏ တစ်ပါးတည်းသောအသျှင်နှင့် သခင် ဖြစ်တော်မူသော ယေသျှုခရစ်တော်ကို ငြင်းပယ်ကြ၏။ ထိုသူရို့ကား ရှီးမဆွကပင်လျှင် ပြစ်ဒဏ်စီရင်ရန် သမ္မာကျမ်းစာ၌ ဖော်ပြထားပြီးဖြစ်ကြ၏။


မြီကြီးသားရို့အား လှည့်ဖြားသော နတ်မိစ္ဆာဟူ၍ လည်းကောင်း၊ စာတန်မာရ်နတ်ဟူ၍ လည်းကောင်း ခေါ်ဝေါ်ခြင်းကို ခံရသူ ရှိ့ဟောင်း မြွီနဂါးကြီးသည် မိမိ၏ ကောင်းကင်တမန်တိနှင့်အတူ မြီကြီးထက်သို့ ပစ်ချခြင်းကို ခံရလေ၏။


သူသည် ပထမသားရဲ၏ ရှိ့၌ ပြပိုင်ခွင့်ဟိသည့် နိမိတ်လက္ခဏာများကို ပြ၍ မြီကြီးသားရို့အား လှည့်ဖြားလေ၏။ ဒါးဒဏ်ရာကို ရဟိသော်လည်း အသက်ရှင်နိန်သူ ထိုသားရဲအား ရိုသီဂုဏ်ပြုသည့် အနိန်ဖြင့် သူ၏ရုပ်တုကို ပြုလုပ်ရန် မြီကြီးသားရို့အား စီခိုင်း၏။


သားရဲနှင့်တကွ သူ၏ရှိ့တွင် နိမိတ်လက္ခဏာများကိုပြသော မိစ္ဆာပရောဖက်သည် အဖမ်းခံရ၏။ ထိုမိစ္ဆာပရောဖက်သည်ကား သားရဲ၏အမှတ်တံဆိပ်ကို ခံယူ၍ သူ၏ရုပ်တုကို ရှိ့ခိုးသူရို့အား နိမိတ်လက္ခဏာများကို ပြခြင်းအားဖြင့် လိမ်လည်လှည့်ဖျားသောသူ ဖြစ်သတည်း။ ထိုသူနှစ်ယောက်စလုံးသည် အသက်ရှင်လျက်ပင် တောက်လောင်နိန်သော ကန့်နှင့်ရောသော မီးအိုင်ထဲသို့ ပစ်ချခြင်းကို ခံရကြ၏။


သင်ပြုသော အမှုများကို ငါသိ၏။ ထိုအရာများမှာ သင်သည် ဇာပိုင် ကြိုးပမ်းလုပ်ဆောင်ကြောင်း၊ ဇာမျှလောက် သည်းခံကြောင်းကို ငါသိ၏။ သင်သည် ဆိုးညစ်သောသူရို့ကို သည်းမခံနိုင်ကြောင်း၊ တမန်တော် မဟုတ်ဘဲ မိမိကိုယ်ကိုမိမိ တမန်တော်ဟု ခေါ်ဆိုကြသော သူရို့အား စစ်ဆီး၍ လှည့်ဖြားသောသူတိ ဖြစ်ကြောင်းကို သိကြောင်းပင် ဖြစ်၏။


သို့သော် သင့်အား အပြစ်တင်စရာဟိသည်မှာ ယေဇဗေလဟုခေါ်သော မိန်းမကို သင်သည် လက်ခံထားခြင်းပင် ဖြစ်၏။ ထိုမိန်းမသည် မိမိကိုယ်ကို ပရောဖက်မတစ်ယောက် ဖြစ်သည်ဟု ဆို၏။ ထိုမိန်းမသည် ငါ၏ အစီခံရို့အား မတရားသောမေထုန် လိုက်စားစီရန်နှင့် ရုပ်တုတိအား ပူဇော်သည့်အစားအစာများကို စားစီရန် သွန်သင်သဖြင့် လမ်းလွဲစီလေ၏။


သို့ရာတွင် နိကောလ၏တပည့်ရို့ကျင့်ကြံပုံကို ငါ မုန်းသကဲ့သို့ သင်သည်လည်း မုန်းသဖြင့် သင့်အား ချီးမွမ်းစရာဟိ၏။


ကောင်းကင်တမန်သည် နဂါးကို တွင်းနက်ကြီးထဲသို့ ပစ်ချကာ တွင်းကို ပိတ်ပြီး အနှစ်တစ်ထောင်ကုန်ဆုံးသည့်တိုင်အောင် လူမျိုးတကာရို့အား မလှည့်ဖျားနိုင်စီခြင်းငှာ တံဆိပ်ခတ်နှိပ်၍ ထား၏။ ထိုကာလပြီးနောက် သူ့အား ခေတ္တခဏ လွှတ်ပီးရမည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ