Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဂလာတိ 1:4 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

4 ငါရို့အဖ ဘုရားသခင်၏ အလိုတော်နှင့်အညီ ခရစ်တော်သည် ငါရို့အား ဤဆိုးယုတ်သော မျက်မှောက်ကာလမှ ကယ်တင်နိုင်ရန် ငါရို့၏အပြစ်တိအတွက် မိမိကိုယ်ကို စွန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဂလာတိ 1:4
56 ပူးပေါင်းရင်းမြစ်များ  

ဆူးပင်များကြား၌ ကျသောမျိုးစိဟူသည်ကား တရားစကားကို ကြားသော်လည်း ဤဘဝအတွက် စိုးရိမ်စိတ်များနှင့် လောကီတပ်မက်မှုများက တရားစကားကို လွှမ်းမိုးကြီးစိုးထားသဖြင့် အသီးမသီးနိုင်သောသူကို ဆိုလိုခြင်းဖြစ်၏။


လူသားသည် သူတစ်ပါးကို စီခိုင်းရန် ကြွလာခြင်းမဟုတ်၊ လူတိကို ရွီးနုတ်ခြင်းငှာ မိမိအသက်ကို စွန့်၍ အစီခံရန် ကြွလာခြင်းဖြစ်၏” ဟု ဆုံးမသြဝါဒ ပီးတော်မူ၏။


“ဤသည်ကား အပြစ်များမှ လွတ်ခြင်းငှာ လူအများကို သွန်းလောင်းသည့် ပဋိညာဉ်တရားနှင့်ဆိုင်သောငါ၏သွီး ဖြစ်၏။


ကိုယ်တော်သည် ဒုတိယအကြိမ် ထွက်ကြွတော်မူပြီးလျှင် “အကျွန်၏အဖ၊ အကျွန်မသောက်ဘဲ ဤခွက်ကို ဖယ်ယှားပီးခြင်းငှာ မဖြစ်နိုင်လျှင်၊ ကိုယ်တော်၏အလိုတော် ပြည့်စုံတော်မူပါစီသောဝ်” ဟု ဆုတောင်းတော်မူ၏။


ထို့ကြောင့် သင်ရို့သည် ဇာပိုင် ဆုတောင်းရမည် ဆိုလျှင် “ ‘ကောင်းကင်ဘုံသျှင် အကျွန်ရို့၏အဖ၊ ကိုယ်တော်၏သန့်ယှင်းသောနာမတော်အား ရိုသီလေးမြတ်ခြင်း ဟိကြပါစီသောဝ်။


အကြောင်းမူကား လူသားပင်လျှင် သူတစ်ပါးကို ခိုင်းစီဖို့ရန် လာသည်မဟုတ်၊ သူတစ်ပါး၏ အခိုင်းအစီကို ခံခြင်းငှာ လည်းကောင်း၊ မိမိအသက်ကို စွန့်၍ လူတိကို ရွီးနုတ်ခြင်းငှာလည်းကောင်း ကြွလာခြင်းဖြစ်၏” ဟု မိန့်တော်မူ၏။


ကိုယ်တော်သည် မုန့်ကိုယူ၍ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ တပည့်တော်ရို့အား ပီးတော်မူပြီးလျှင် “ဤမုန့်ကား သင်ရို့အတွက်စွန့်သော ငါ၏ကိုယ်ခန္ဓာဖြစ်၏။ ငါ့ကို အောက်မိ့ဖို့ ဤသို့ပြုကြလော့” ဟု မိန့်တော်မူ၏။


“အိုအဖ၊ အလိုတော်ဟိလျှင် ဤဒုက္ခဝေဒနာခွက်ကို အကျွန်နှင့် ဝီးစီတော်မူပါ။ သို့သော်လည်း အကျွန့်အလိုတိုင်း မဖြစ်ပါစီကေ့။ အဖ၏အလိုတော်တိုင်းသာ ဖြစ်စီတော်မူပါ” ဟု ဆုတောင်းတော်မူ၏။


“ငါသည် ကောင်းသော သိုးထိန်းဖြစ်၏။ ကောင်းသော သိုးထိန်းသည် သိုးတိအတွက် မိမိအသက်ကို စွန့်တတ်၏။


ဤလောကသည် အဂုပင် တရားစီရင်ခြင်းကို ခံရမည့်အချိန် ဖြစ်၏။ ဤလောကကို အုပ်ချုပ်သူကလည်း အဂုပင် အပြင်သို့ နှင်ထုတ်ခြင်းကို ခံရ၏။


ယေသျှုကလည်း “ငါသည် မိမိအခွင့်အာဏာဖြင့် ဇာအရာကိုမျှ မပြုနိုင်။ ဘုရားသခင် ဖော်ပြသမျှကိုသာ တရားစီရင်၏။ ထို့ကြောင့် ငါစီရင်ခြင်းသည် မှန်ကန်၏။ အကြောင်းမူကား ငါသည် ကိုယ့်အလိုသို့ လိုက်၍ ပြုခြင်းငှာ မကြိုးစားဘဲ၊ ငါ့အား စီရွှတ်တော်မူသော သူ၏အလိုသို့သာ လိုက်၍ ငါ ပြုသောကြောင့်ဖြစ်၏။


အကြောင်းမူကား၊ ကောင်းကင်မှ ငါ ကြွလာခြင်းသည် ကိုယ့်အလိုအတိုင်း လုပ်ဆောင်ခြင်းငှာ ငါ ကြွလာသည်မဟုတ်။ သို့သော် ငါ့ကို စီရွှတ်တော်မူသော သူ၏အလိုအတိုင်း လုပ်ဆောင်ခြင်းငှာ ကြွလာခြင်းဖြစ်၏။


ထို့ကြောင့် ဘုရားသခင်ချစ်တော်မူ၍ မိမိသန့်ယှင်းသူများဖြစ်စီခြင်းငှာ ခေါ်ထားတော်မူသော ရောမမြို့သူမြို့သား အားလုံးကို ငါစာရီးလိုက်ပါ၏၊ ငါရို့အဖ ဘုရားသခင်နှင့် အသျှင်ယေသျှုခရစ်တော်သည် သင်ရို့အား ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းကို ပီးသနားတော်မူပါစီသောဝ်။


သင်ရို့သည် လောကီသားတိ ပိုင်ယှောင် အသက်မရှင်ကတ်ကေ့။ သင်ရို့၏ အတွင်းစိတ်သဘော အပြည့်အဝ ပြောင်းလဲစီခြင်းငှာ ဘုရားသခင်ကို အခွင့်ပီးကြလော့။ သို့မှသာ ဇာအရာကား ကောင်းမြတ်၏၊ ဇာအရာကို ဘုရားသခင် နှစ်သက်၏၊ ဇာအရာသည် စုံလင်သောအရာဖြစ်၏ ဟူသော ဘုရားသခင်၏အလိုတော်ကို သင်ရို့ သိနိုင်ကြလိမ့်မည်။


ထိုအသျှင်ယေသျှုသည် ငါရို့အပြစ်ကြောင့် အသီခံတော်မူ၍ ငါရို့ကို ဖြောင့်မတ်ရာသို့ ရောက်စီခြင်းငှာ သီခြင်းမှ ထမြောက်တော်မူလာခြင်း ဖြစ်၏။


ထို့အပြင် ငါရို့၏စိတ်နှလုံးကို သိမြင်တော်မူသော ဘုရားသခင်သည် ဝိညာဉ်တော်၏သဘောကို သိတော်မူ၏။ အကြောင်းမူကား ဝိညာဉ်တော်သည် ဘုရားသခင်၏ အလိုတော်နှင့်အညီ သန့်ယှင်းသူရို့အတွက် အသနားခံနိန်ခြင်းဖြစ်၏။


လူ့ဇာတိသည် အားနည်းသောကြောင့် ပညတ်တရား မတတ်နိုင်သောအမှုကို ဘုရားသခင် ပြုတော်မူခြင်းဖြစ်၏။ ဘုရားသခင်သည် မိမိ၏သားတော်ကို လူ့ဇာတိကိုဆောင်၍ စီရွှတ်လိုက်ကာ ထိုသားတော်အားဖြင့် အသွီးအသား၌ဟိသော အပြစ်ကို ဒဏ်ခတ်တော်မူလေ၏။


မိမိသားတော်ရင်းကို တောင်မှ မနှမြောဘဲ ငါရို့အားလုံးအဖို့အလို့ငှာ စွန့်တော်မူသော ဘုရားသခင်သည် ခပ်သိမ်းသောအရာတိကို မပီးဘဲ ဇာပိုင် နိန်ပါဖို့လဲ။


ငါသည် ကိုယ်တိုင် ခံယူရဟိသည့် အဓိက​အကျဆုံး​သော​အရာ​ကို သင်ရို့အား ပီးအပ်သည့် အကြောင်းမှာ ကျမ်းစာလာသည့်အတိုင်း ခရစ်တော်သည် ငါရို့အပြစ်ကြောင့် အသီခံတော်မူ၏၊


ထို့ကြောင့် ဤလောကကို အစိုးရသောဘုရားသည် မယုံကြည်သောသူရို့၏စိတ်ကို အမှောင်ဖုံးထားသဖြင့် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်တည်းဟူသော ခရစ်တော်၏ ဘုန်းတန်ခိုးတော်အကြောင်း သတင်းကောင်း၏ အလင်းကို သူရို့သည် မမြင်ရကြ။


ငါသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်ထက်မှာ အသီသတ်ခြင်းကို ခံပြီးယာ။ သို့ဖြစ်၍ ငါသည် ကိုယ်တိုင်အသက်မရှင်ဘဲ ခရစ်တော်သည် ငါ၌ အသက်ရှင်တော်မူ၏။ အဂု ငါ၌ဟိသော အသက်သည် ဘုရားသခင်၏သားတော်ကို ယုံကြည်ခြင်းအားဖြင့် ဖြစ်၏။ ထိုသားတော်သည် ငါ့ကို ချစ်သောကြောင့် ငါ့အတွက် မိမိ၏အသက်ကို စွန့်တော်မူ၏။


ငါ့အတွက်မူကား ငါရို့အသျှင် ယေသျှုခရစ်တော်၏ လက်ဝါးကပ်တိုင်တော်မှတစ်ပါး အခြား မည်သည့်အရာအတွက်နှင့်မျှ ဝါကြွားစရာမဟိ။ ထို​လက်​ဝါး​ကပ်​တိုင်၌ ဤ​လော​က​သည် ငါ့​အ​ဖို့ ရိုက်​ထား​ခြင်း​ကို ခံ​လျက်​ဟိ၏။ ငါ​သည်​လည်း ဤ​လော​က​အ​ဖို့ ရိုက်​ထား​ခြင်း​ကို​ခံ​လျက် ဟိ၏။


ခပ်သိမ်းသောအရာများသည် ဘုရားသခင်၏ အကြံအစည်တော်နှင့်အညီ ကြိုတင်သတ်မှတ်ထားတော်မူသည်အတိုင်း ဖြစ်ပျက်ကြရ၏။ ဘုရားသခင်သည် မိမိအလိုတော်အတိုင်း ရှီးမဆွကပင် ကြိုတင်သတ်မှတ်ထားတော်မူသည်နှင့်အညီ ငါရို့အား ခရစ်တော်နှင့် တစ်လုံးတစ်ဝတည်း ဖြစ်စီလျက် မိမိ၏ လူစုတော် ဖြစ်ခြင်းငှာ ရွီးချယ်တော်မူ၏။


ထိုကာလ၌ သင်ရို့သည် လောက၏ဆိုးညစ်သော လမ်းသို့ လိုက်ခကြ၏။ သင်ရို့သည် အာကာသကောင်းကင်၌ဟိသော ဝိညာဉ်တန်ခိုးများကို အစိုးရသောသူကို နာခံသောသူများဖြစ်ပြီး၊ ထိုသူသည်ကား အဂုအခါ ဘုရားသခင်၏ အလိုကို မနာခံသောသူရို့၌ လုပ်ဆောင်နိန်သောသူဖြစ်၏။


ဤနိ့ရက်သည် ဆိုးယုတ်သော ကာလဖြစ်သောကြောင့် သင်ရို့၌ ဟိသော အခွင့်အရေးများကို အကျိုးဟိအောင် အသုံးပြုကြလော့။


ခရစ်တော်သည် ငါရို့ကို ချစ်တော်မူ၍ ငါရို့အတွက် မိမိကိုယ်ကို ဘုရားသခင် နှစ်သက်တော်မူရာ မွှီးကြိုင်သော ပူဇော်သကာအဖြစ် ဆက်သတော်မူသကဲ့သို့ သင်ရို့သည်လည်း မေတ္တာတရား၌ ကျင်လည်ကြလော့။


အကြောင်းမူကား ငါရို့သည် အသွီးအသားဟိသော သူရို့နှင့် ဆိုင်ပြိုင်တိုက်ခိုက် ကြရသည်မဟုတ်။ ကောင်းကင်အရပ်မှလာသည့် ဆိုးယုတ်သော ဝိညာဉ်တန်ခိုးသျှင်နှင့် လည်းကောင်း၊ ဤမှောင်မိုက်သော လောကကို အုပ်စိုးသော သူတိ၊ တန်ခိုးသျှင်တိနှင့် လည်းကောင်း၊ အာဏာစက်တိနှင့် လည်းကောင်း ဆိုင်ပြိုင်တိုက်ခိုက်ကြရ၏။


ငါရို့၏အဖဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဘုန်းတော် ထွန်းတောက်မူပါစီ သတည်း။ အာမင်။


ယုံကြည်ခြင်းအားဖြင့် သင်ရို့၏လက်တွိ့ လုပ်ဆောင်မှု၊ ချစ်ခြင်းမေတ္တာအားဖြင့် သင်ရို့၏ ကြိုးစားအားထုတ်မှုနှင့် ငါရို့၏ အသျှင် ယေသျှုခရစ်တော်၌ မျှော်လင့်ခြင်းအားဖြင့် သင်ရို့၏ သည်းခံမှုတိကို ငါရို့၏အဖ ဘုရားသခင်ရှိ့တော်၌ ငါရို့သည် အမြဲမပြတ် အောက်မိ့လျက်ဟိကြ၏။


ငါရို့၏အဖ ဘုရားသခင်နှင့် ငါရို့၏အသျှင်ယေသျှုသည် သင်ရို့ပါးသို့ ငါရို့လာမည့်လမ်းခရီးကို ပျင်ဆင်ပီးပါစီသောဝ်။


ငါရို့၏အသျှင် ယေသျှုသည် မိမိ၏သန့်ယှင်းသူ အပေါင်းရို့နှင့်အတူ ကြွလာတော်မူသောအခါ သင်ရို့သည် ငါရို့၏အဖ ဘုရားသခင် ရှိ့တော်၌ အပြစ်ကင်း၍ သန့်ယှင်းမြင့်မြတ်စီခြင်းငှာ ကိုယ်တော်သည် သင်ရို့ကို ခိုင်ခံ့မြဲမြံတော်မူပါစီသောဝ်။


ငါရို့၏အသျှင် ယေသျှုခရစ် ကိုယ်တော်တိုင်နှင့် ငါရို့ကို ချစ်တော်မူ၍ ကောင်းမြတ်သည့် မျှော်လင့်ခြင်းနှင့် ထာဝရနှစ်သိမ့်ခြင်းကို မိမိ၏ကျေးဇူးတော်အားဖြင့် ပီးသနားတော်မူသော ငါရို့၏အဖ ဘုရားသခင်သည်၊


ကိုယ်တော်သည် လူတိုင်းကို ရွီးနုတ်တော်မူရန် မိမိကိုယ်ကို စွန့်ပီးတော်မူ၏။ ဤသည်ကား ကာလအချိန်ရောက်သောအခါ ဘုရားသခင်သည် လူတိုင်းကို ကယ်တင်ရန် အလိုဟိကြောင်း သက်သီပြတော်မူခြင်းပင် ဖြစ်၏။


ကယ်တင်သျှင် ယေသျှုခရစ်တော်သည် ငါရို့ကို ခပ်သိမ်းသော မတရားမှုထဲမှ ရွီးနုတ်ကယ်တင်ပြီး မိမိပိုင်သောသူအပေါင်းရို့သည် မိမိအတွက် သန့်ယှင်းစင်ကြယ်၍ ကောင်းသောအမှုကို ပြုခြင်းငှာ စိတ်အားထက်သန်သောသူတိ ဖြစ်လာကြစီရန် ငါရို့အတွက် မိမိကိုယ်ကို စွန့်တော်မူ၏။


ဘုရားသခင်သည် ငါရို့ ပြောဆိုနိန်ကြသော ပေါ်ထွန်းလာမည့် လောကသစ်ကို အုပ်စိုးသောသူတိ အဖြစ် ကောင်းကင်တမန်တိအား ခန့်အပ်တော်မမူ။


ဘုရားသခင်၏နှုတ်ကပတ်တော် ကောင်းမြတ်တော်မူကြောင်းကို လက်တွိ့ ခံစားဖူးသောသူ၊ နောင်ကာလ၏တန်ခိုးတော်တိကိုလည်း ခံစားဖူးကြသောသူများဖြစ်ကြ၏။


မှန်လျှင် ခရစ်တော်၏အသွီးတော်သည် မည်မျှလောက်ထိ စင်ကြယ်ခြင်းသို့ ရောက်ကြပါမည်နည်း။ ခရစ်တော်သည် ထာဝရဝိညာဉ်တော်အားဖြင့် ပြည့်စုံသော ပူဇော်သကာအဖြစ် မိမိကိုယ်ကို ဘုရားသခင်အား ပူဇော်ပီးခ၏။ ကိုယ်တော်၏အသွီးတော်သည် သီခြင်းတရားနှင့်ဆိုင်သော အကျင့်များမှ ငါရို့၏စိတ်ဝိညဉ်ကို သန့်ယှင်းစီလိမ့်မည်။ အကြောင်းမူကား ငါရို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏အမှုတော်မြတ်ကို ဆောင်ရွက်နိုင်ကြစီရန် ဖြစ်၏။


ဖောက်ပြန်တတ်သောသူရို့၊ လောကနှင့် မိတ်ဆွီဖွဲ့ခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်ကို သင်ရို့ မသိကြသလော။ ထို့ကြောင့် လောက၏မိတ်ဆွီ ဖြစ်လိုသောသူသည် ဘုရားသခင်၏ရန်သူဖြစ်လာ၏။


ငါရို့သည် အပြစ်တရား၌ သီဆုံး၍ ဖြောင့်မတ်ခြင်းတရား၌ အသက်ရှင်စီမည်အကြောင်း ခရစ်တော်သည် ငါရို့၏ အပြစ်များကို မိမိ၏ကိုယ်ခန္ဓာ၌ ယူဆောင်ကာ ကိုယ်တော်တိုင် လက်ဝါးကပ်တိုင်ထက်၌ အသီခံတော်မူ၏။ သင်ရို့သည် ကိုယ်တော်၏ ဒဏ်ရာဒဏ်ချက်တော်အားဖြင့် အနာပျောက်ကင်းခြင်း အခွင့်ကို ရကြ၏။


ဇာကြောင့်ဆိုသော် မဖြောင့်မတ်သောသူတည်းဟူသော သင်ရို့အားလုံးကို ဘုရားသခင်ထံတော်သို့ ပို့ဆောင်ပီးခြင်းငှာ ဖြောင့်မတ်သောသူတည်းဟူသော ခရစ်တော်သည် ငါရို့အပြစ်တိအတွက် တစ်ကြိမ်တည်းနှင့်အပြီး အသီခံတော်မူခ သောကြောင့် ဖြစ်၏။ ကိုယ်တော်သည် ကိုယ်ကာယအားဖြင့် အသီသတ်ခြင်းကို ခံရသော်လည်း ဝိညာဉ်တော်အားဖြင့် အသက်ရှင်လျက် ဟိတော်မူ၏။


ခရစ်တော်သည် ငါရို့၏ အပြစ်များကို ခွင့်ရွှတ်တော်မူပြီး ငါရို့၏ အပြစ်များသာမက လောကီသားအပေါင်းရို့၏ အပြစ် ဖြေစရာအကြောင်း ဖြစ်တော်မူ၏။


ခရစ်တော်သည် ငါရို့အတွက် မိမိ၏အသက်ကို စွန့်တော်မူသည်ကို ထောက်၍ ငါရို့သည် မေတ္တာအကြောင်းကို သိရကြ၏။ ငါရို့သည်လည်း မိမိရို့၏ ညီအစ်ကို မောင်နှမတိအတွက် အသက်ကို စွန့်သင့်ပေ၏။


သစ္စာဟိသော သက်သီခံ၊ သီခြင်းမှ ဦးစွာပထမ ရှင်ပြန်ထမြောက်တော်မူသော၊ လောကီသျှင်ဘုရင်တိကို အစိုးရတော်မူသော ယေသျှုခရစ်တော်ထံပါးမှ လည်းကောင်း၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်ရို့၌ ဟိပါစီသောဝ်။ ထိုသူသည် ငါရို့ကို ချစ်တော်မူ၍ မိမိ၏အသွီးတော်အားဖြင့် ငါရို့၏ အပြစ်တရားမှ ငါရို့အား လွတ်မြောက်စီတော်မူပြီးလျှင်၊


ထို့နောက် သူရို့က၊ “ကိုယ်တော်သျှင်သည် ဤစာလိပ်တော်ကို ယူ၍၊ ခြိပ်တံဆိပ်များကို ဖွင့်ထိုက်သောသူ ဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သျှင်သည် အသီသတ်ခြင်းကို ခံတော်မူသောအားဖြင့်၊ ခပ်သိမ်းသော မျိုးနွယ်စုနှင့် ဘာသာစကားအမျိုးမျိုး၊ ခပ်သိမ်းသော လူမျိုးနှင့် တိုင်းနိုင်ငံအသီးသီးထဲမှ လူတိကို ဘုရားသခင်အဖို့ ရွီးနုတ်တော်မူပါ၏။


ထို့နောက် ငါ ကြည့်လိုက်သောအခါ ဇာသူမျှ မရွီတွက်နိုင်သော လူအုပ်ကြီးကို တွိ့ရ၏။ သူရို့သည် ဘာသာစကား အမျိုးမျိုးကို ပြောဆိုသော တိုင်းနိုင်ငံအသီးသီး၊ ခပ်သိမ်းသော လူမျိုးအနွယ်အသီးသီးမှ လာကြသောသူတိ ဖြစ်ကြ၏။ သူရို့သည် ဝတ်လုံဖြူတိကို ဝတ်ပြီး စွန်ပလွံခက်တိကို ကိုင်ကာ ပလ္လင်တော်နှင့် သိုးသူငယ်တော်၏ ရှိ့၌ ရပ်နိန်ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ