Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧဖက် 6:6 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

6 သူရို့ နှစ်သက်စီခြင်းငှာ သူရို့၏ ရှိ့မှောက်၌သာ နားထောင်ကြသည် မဟုတ်ဘဲ၊ ခရစ်တော်၏ ကျွန်တိကဲ့သို့ ဘုရားသခင်၏ အလိုတော်ဟိသည့်အတိုင်း စိတ်ရောကိုယ်ပါ အစီခံကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧဖက် 6:6
20 ပူးပေါင်းရင်းမြစ်များ  

ကောင်းကင်ဘုံသျှင် ငါ့အဖ၏ အလိုတော်ကို လုပ်ဆောင်သောသူသည် ငါ့အမိ၊ ငါ့ညီအစ်ကိုနှင့် ငါ့ညီမဖြစ်ကြ၏” ဟု မိန့်တော်မူ၏။


“ငါ့ကို ‘အသျှင်ဘုရား၊ အသျှင်ဘုရား’ ဟု ခေါ်သောသူတိုင်း ကောင်းကင်နိုင်ငံသို့ ဝင်ရလိမ့်မည်မဟုတ်။ သို့သော် ကောင်းကင်ဘုံသျှင် ငါ့အဖ၏ အလိုတော်အတိုင်း လုပ်ဆောင်သော သူရို့သာလျှင် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်။


ဘုရားသခင်၏ အလိုတော်အတိုင်း ဆောင်ရွက်သောသူ မှန်သမျှသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိ ဖြစ်၏” ဟု မိန့်တော်မူ၏။


သင်ရို့သည် တစ်ချိန်က အပြစ်တရား၏ ကျွန်တိ ဖြစ်ခဖူးသော်လည်း ယခုတွင် ခံယူထားသော ဩဝါဒစကား၌ တွိ့ရသော သမ္မာတရားများကို စိတ်နှလုံးအကြွင်းမဲ့ လိုက်နာကြသည်ဖြစ်၍ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပါ၏။


အကြောင်းမူကား ကျွန်ဖြစ်စဉ် သခင်ဘုရား၏ ခေါ်ယူတော်မူခြင်းကို ခံရသောသူသည် သခင်ဘုရား၏ လွတ်လပ်သောသူဖြစ်၏။ ထိုနည်းတူ၊ လွတ်လပ်သောသူသည် ခရစ်တော်၏ ခေါ်ယူတော်မူခြင်းကို ခံရသောအခါ ခရစ်တော်၏ ကျွန်ဖြစ်လာ၏။


ဤသို့ ပြောဆိုရာတွင် ငါသည် လူ၏အလိုကို လိုက်ရန် ကြိုးစားနိန်သလော။ သို့မဟုတ် ဘုရားသခင်၏ အလိုတော်ကို လိုက်ရန် ကြိုးစားနိန်သလော။ ထိုသို့မဟုတ်လျှင် ငါသည် လူတိစိတ်ကို ကြေနပ်စီခြင်းငှာ ကြိုးစားနိန်သလော။ အကယ်၍ ငါသည် လူတိစိတ်ကို ကြေနပ်စီခြင်းငှာ ကြိုးစားနိန်လျှင် ခရစ်တော်၏ အခိုင်းအစီ ဖြစ်နိုင်မည်မဟုတ်။


ထို့ကြောင့် သင်ရို့သည် မိုက်မဲ၍ မနီကြဘဲ၊ သခင်ဘုရား၏အလိုတော်ကို ကြိုးစား၍ ရှာကြလော့။


သို့ဖြစ်၍ အဆွီရို့၊ ငါသည် သင်ရို့နှင့်အတူ ဟိစဉ် သင်ရို့သည် ငါ့စကားကို အစဉ်အမြဲ နားထောင်ခကြသည်နည်းတူ အဂုလည်း ငါသည် သင်ရို့နှင့် ဝီးကွာလျက် ဟိသောအခါ၌လည်း ငါ့စကားကို နားထောင်ခြင်းငှာ ပို၍ပင် အရေးကြီးပေ၏။ သင်ရို့၏ ကယ်တင်ခြင်း ပြည့်စုံစီခြင်းငှာ ကြောက်ရွံ့တုန်လှုပ်သောစိတ်နှင့် လုပ်ဆောင်လျက် နိန်ကြလော့။


ထို့ကြောင့် ငါရို့သည် သင်ရို့၏အကြောင်းကို ကြားရသောနိ့မှစ၍ သင်ရို့အတွက် အစဉ်အပြတ် ဆုတောင်းလျက်နိန်၏။ သင်ရို့သည် ဝိညာဉ်တော်ကပီးသည့် ဉာဏ်ပညာ၊ တတ်သိနားလည်မှုနှင့် ပြည့်စုံသဖြင့် ဘုရားသခင်၏ အလိုတော်ကို ကောင်းစွာသိကြစီရန် ငါရို့သည် ဘုရားသခင်ထံ၌ တောင်းလျှောက်လျက် ဟိကြ၏။


ခရစ်တော်ယေသျှု၏ အခိုင်းအစီဖြစ်၍ သင်ရို့အထဲက တစ်ဦးဖြစ်သော ဧပဖြကလည်း နှုတ်ဆက်လိုက်ပါ၏။ သင်ရို့သည် ဘုရားသခင်၏ အလိုတော်ကို ပြည့်ဝစွာလိုက်နာကာ ရင့်ကျက်၍ ယုံကြည်ခြင်းပြည့်ဝသော ခရစ်ယာန်များအဖြစ် ခိုင်မြဲစွာ ရပ်တည်နိုင်ကြစီရန် သူသည် သင်ရို့အတွက် စိတ်အားထက်သန်စွာ အမြဲတစီ ဘုရားသခင်ထံတော်၌ ဆုတောင်းပီးလျက်ဟိ၏။


ထိုသို့ပြုမည့်အစား ဘုရားသခင်သည် ငါရို့ကို အသိအမှတ်ပြုသဖြင့် သတင်းကောင်းတရားကို ယုံကြည်အပ်နှံထားတော်မူသည်နှင့်အညီ ငါရို့သည် ဘုရားသခင်၏ အလိုတော်အတိုင်း ဟောပြောကြ၏။ ငါရို့သည် လူရို့၏ နှစ်သက်မှုကို ရစီရန်မဟုတ်ဘဲ ငါရို့၏ စိတ်နှလုံးကို စစ်ဆေးတော်မူသော ဘုရားသခင်၏ နှစ်သက်မှုကိုရစီရန် ကြိုးစားကြ၏။


ဘုရားသခင်သည် သင်ရို့ကို သန့်ယှင်းစီရန်နှင့် ကာမဂုဏ်လိုက်စားခြင်းမှ လုံးဝ လွတ်ကင်းစီရန် အလိုဟိတော်မူ၏။


သင်ရို့သည် ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ပြီးသောအခါ ကိုယ်တော်၏ကတိတော်အတိုင်း အကျိုးကို ခံစားရခြင်းငှာ မဆုတ်မနစ် ကြိုးစားအားထုတ်ရန် လိုအပ်၏။


မိမိ၏အလိုတော်ကို ဆောင်ရွက်နိုင်ကြစီရန် ကောင်းသောအမှုအမျိုးမျိုးဖြင့် သင်ရို့ကို ပြည့်စုံတော်မူပါစီသောဝ်။ ထို့အပြင် ကိုယ်တော်သည် မိမိ၏နှစ်သက်ဖွယ်သောအမှုကို ယေသျှုခရစ်တော်အားဖြင့် ငါရို့၌ လုပ်ဆောင်တော်မူပါစီသောဝ်။ ထိုခရစ်တော်၏ ဘုန်းတန်ခိုးတော်သည် ကမ္ဘာအဆက်ဆက် တည်ဟိပါစီသောဝ်။ အာမင်။


သင်ရို့သည် ကောင်းသောအမှုကို ပြုခြင်းအားဖြင့် လူမိုက်ရို့၏ အသိဉာဏ်ကင်းမဲ့စွာ ပြောဆိုမှုကို ရပ်တန့်စီရန် ဘုရားသခင် အလိုဟိတော်မူ၏။


သို့ဖြစ်၍ ဤလောကတွင် သင်ရို့ အသက်ရှင်ရန် ကျန်နိန်သိမ့်သော အချိန်ကာလ၌ လူ့စိတ်အလိုသို့ မလိုက်ဘဲ ဘုရားသခင်၏ အလိုတော်ကို လိုက်၍ အသက်ရှင်နိုင်ရန် ဖြစ်သည်။


လောကနှင့်တကွ လူတိ တပ်မက်သောအရာများသည် ကွယ်ပျောက်လားတတ်၏။ သို့သော်လည်း ဘုရားသခင်၏ အလိုတော်နှင့်အညီ ဆောင်ရွက်သောသူမူကား ကာလအစဉ် တည်လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ