Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧဖက် 6:19 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

19 ငါသည် တရားစကားကို ဟောပြောသောအခါ ဘုရားသခင်သည် ထိုဧဝံဂေလိတရား၏ နက်နဲသောအရာကို သိနားလည်ပြီး ရဲရင့်စွာ ဟောပြောနိုင်ရန် ငါ့အဖို့လည်း ဆုတောင်းပီးကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧဖက် 6:19
34 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ပေါလုနှင့် ဗာနဗ ရို့က “ငါရို့သည် သင်ရို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အဦးဆုံး ပြောပြလိုပါ၏။ သို့သော်လည်း သင်ရို့သည် ထာဝရအသက်ကို တန်ဖိုးမထားဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ငြင်းပယ်ကြသောကြောင့် ငါရို့သည် သင်ရို့ကို ထားခပြီးလျှင် အခြားလူမျိုးတိပါးသို့ ခရီးဆက်ကြရမည်ဟု ရဲရင့်ပြတ်သားစွာ ထုတ်ဖော်ပြောဆိုကြလေ၏။


တမန်တော်ရို့သည် သခင်ဘုရားအကြောင်းကို ရဲရင့်စွာဟောပြောလျက် ထိုနီရာ၌ အချိန်အတန်ကြာ တည်းခိုနိန်ခလေ၏။ အသျှင်ဘုရားကလည်း တမန်တော်တိအား နိမိတ်လက္ခဏာနှင့် အံဖွယ်သောအမှုအရာတိကို ပြနိုင်စီခြင်းငှာ တန်ခိုးပီးတော်မူသည်ဖြစ်၍ သူရို့ဟောပြောသော သတင်းကောင်းတရားသည် သခင်ဘုရား၏ကျေးဇူးတော် အမှန်ပင်ဖြစ်ကြောင်းကို သက်သီပြတော်မူ၏။


ထိုသူသည် တရားဇရပ်၌ ရဲရင့်စွာဖြင့် ဟောပြောခြင်းငှာ စတင်လေ၏။ ပြစ်ကိလနှင့် အာကုလရို့သည် သူဟောပြောသည်ကို ကြားသောအခါ ထိုသူ့ကို မိမိရို့အိမ်သို့ ခေါ်ယူ၍ ဘုရားသခင်၏တရားလမ်းကို သာ၍ မှန်ကန်စွာ သိစီခြင်းငှာ သူ့အား ယှင်းပြကြ၏။


ပေါလုသည် တရားဇရပ်သို့ ဝင်၍ ထိုနီရာ၌ လူရို့အား သုံးလပတ်လုံး ရဲ့ရင့်စွာ ဟောပြောလျက် ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ထိုသူရို့ နားလည်သဘောပေါက်စီခြင်းငှာ ဆွေးနွေးနှီးနှောလေ၏။


ထိုအခါ ထိုသူအပေါင်းရို့သည် သန့်ယှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝပြီးလျှင် ဝိညာဉ်တော်သည် ထိုသူရို့အား အခွင့်ပီးသောကြောင့် အခြားသော ဘာသာစကားများဖြင့် စတင်၍ ပြောဆိုကြ၏။


ထိုသူရို့အား ဘုရားသခင်၏ နိုင်ငံတော်အကြောင်းနှင့် အသျှင်ယေသျှုခရစ်တော်၏ အကြောင်းအလုံးစုံကို ရဲရင့်စွာ လွတ်လွတ်လပ်လပ် ဟောပြောသွန်သင်လေ၏။


ပေတရုနှင့် ယောဟန်ရို့သည် ပညာမတတ်သောသူ၊ သာမန်လူများသာ ဖြစ်လျက်ပင် ဤသို့ ရဲရင့်ကြသည်ကို တရားလွှတ်တော်အဖွဲ့ဝင်များ မြင်တွိ့ကြသောအခါ အလွန်အံ့သြကြ၏။ ထိုသူရို့သည် ယေသျှု၏အပေါင်းအဖော်များ ဖြစ်ခကြသည်ကိုလည်း သတိပြုမိကြ၏။


အို၊ သခင်ဘုရား၊ အဂုခါ ထိုသူရို့၏ ခြိမ်းခြောက်ခြင်းကို သိမှတ်တော်မူပါ။ ကိုယ်တော်သျှင်၏ အခိုင်းအစီတိအား အသျှင်၏တရားတော်ကို ရဲရင့်စွာ ဟောပြောနိုင်ခွင့် ပြုတော်မူပါ။


ထိုသို့ ဆုတောင်းပြီးသောအခါ၌ သူရို့စုဝေးနိန်သောအရပ်သည် တုန်လှုပ်လေ၏။ သူရို့သည်လည်း သန့်ယှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝလျက် ဘုရားသခင်၏ တရားတော်ကို ရဲရင့်စွာ စတင်၍ ဟောပြောကြလေ၏။


ထိုအခါ ဗာနဗသည် လာ၍ သူ့အား ကူညီရန် တမန်တော်တိပါးသို့ ခေါ်လားလေ၏။ သူက သျှောလုသည် လမ်းခရီးတွင် သခင်ဘုရားအား ဖူးမြင်ခပုံနှင့် သခင်ဘုရားက သူ့အား ဇာပိုင် အမိန့်ဟိခပုံကို ထိုသူရို့အား ယှင်းပြခ၏။ သူသည် ဒမာသက်မြို့တွင် ယေသျှု၏နာမကို အမှီပြု၍ ရဲရင့်စွာ ဟောပြောခပုံကိုလည်း ပြောပြလေ၏။


သျှောလုသည် ဟေလသဘာသာစကားကို ပြောသော ယုဒအမျိုးသားရို့နှင့် အခြီအတင် ဆွေးနွေးလေ၏။ သို့သော် သူ့အား သတ်ဖြတ်ရန် ကြံစည်ကြ၏။


ညီအစ်ကို မောင်နှမရို့၊ ငါရို့၏အသျှင် ယေသျှုခရစ်တော်အားဖြင့် လည်းကောင်း၊ သန့်ယှင်းသောဝိညာဉ်တော်က ပီးတော်မူသော ချစ်ခြင်းမေတ္တာအားဖြင့် လည်းကောင်း ငါ၏အဖို့အလို့ငှာ ငါနှင့်အတူ ဘုရားသခင်ကို စိတ်အားကြီးစွာဖြင့် ဆုတောင်းကူညီကြရန် သင်ရို့ကို ငါ တိုက်တွန်းနိုးဆော်လိုက်ပါ၏။


ဘုရားသခင်၏ဘုန်းတန်ခိုးတော်ကို ငါရို့ ထောမနာပြုကြကုန်အံ့။ အကြောင်းမူကား ငါရို့ ဟောပြောသော ယေသျှုခရစ်တော်၏ သတင်းကောင်းအားဖြင့် လည်းကောင်း၊ လွန်ခသော အချိန်ကာလများစွာကပင် ကွယ်ဝှက်ထားခသည့် နက်နဲသော သမ္မာတရားကို ဖွင့်ပြခြင်းအားဖြင့် လည်းကောင်း ကိုယ်တော်သည် သင်ရို့အား မိမိရို့၏ယုံကြည်ခြင်း၌ ခိုင်မြဲစွာ ရပ်တည်ခြင်းငှာ မစနိုင်တော်မူ၏။


အကြောင်းမူကား သင်ရို့သည် ခရစ်တော်၌ ဟိကြသဖြင့် နှုတ်သတ္တိ၊ ဉာဏ်သတ္တိနှင့်တကွ အစစအရာရာတွင် ကြွယ်ဝပြည့်စုံလျက် ဟိကြ၏။


ငါဟောပြောသော ပညာသည်ကား ဘုရားသခင်၏ ကွယ်ဝှက်ထားသော အရာဖြစ်၏။ ဘုရားသခင်သည် ဤလောကကို ဖန်ဆင်းတော်မမူမီကပင် ထိုဉာဏ်ပညာကို ငါရို့၏ ဘုန်းတန်ခိုးအတွက် ကြိုတင်သတ်မှတ်ထားတော်မူ၏။


ငါရို့သည် ဘုရားသခင်၏ နက်နဲသော သမ္မာတရားတော်ကို စောင့်ထိန်းရသည့် ဘဏ္ဍာထိန်း ကဲ့သို့လည်းကောင်း၊ ခရစ်တော်၏ အခိုင်းအစီများကဲ့သို့လည်းကောင်း ဖြစ်သည်ဟု သင်ရို့ မှတ်ယူသင့်ကြ၏။


သင်ရို့သည်လည်း ဆုတောင်းခြင်းအားဖြင့် ငါရို့ကို ကူညီကြ၏။ သို့ဖြစ်၍ များစွာသော သင်ရို့၏ ဆုတောင်းခြင်းကိုလည်း နားညောင်းတော်မူပြီး ဘုရားသခင်သည် ငါရို့အား ပီးတော်မူသော ဆုကျေးဇူးတော်များအတွက် များစွာသော သူရို့သည် ငါရို့အတွက် ကျေးဇူးတော်ကို ချီးမွမ်းကြလိမ့်မည်။


ထို့ကြောင့် ငါရို့သည် ဤသို့သော မျှော်လင့်ခြင်း ဟိကြသဖြင့် အလွန်ရဲရင့်ကြ၏။


ကောရိန္သုမြို့၌ဟိသော မိတ်ဆွီရို့၊ သင်ရို့ကို ပွင့်လင်းစွာ ငါပြောဆို၍ ငါရို့၏စိတ်နှလုံးကို သင်ရို့အတွက် ကျယ်ကျယ် ဖွင့်ထားခယာ။


ငါသည် သင်ရို့အား ယုံကြည်စိတ်ချ၍ သင်ရို့အတွက် များစွာဂုဏ်ယူ၏။ ဆင်းရဲဒုက္ခအားလုံးကို ငါရို့ ခံစားရသောအခါ သင်ရို့သည် ငါအား အလွန် နှစ်သိမ့်စီခသောကြောင့် ဝမ်းမြောက်ခြင်းနှင့်လည်း ပြည့်ဝလျက်ဟိ၏။


သင်ရို့သည် ယုံကြည်ခြင်း၊ ဟောပြောခြင်းနှင့် အသိပညာ၌လည်းကောင်း၊ ကူညီမစခြင်းတွင် စိတ်အားထက်သန်ခြင်းနှင့် လည်းကောင်း၊ ငါရို့၌ထားသော သင်ရို့၏ ချစ်ခြင်းမေတ္တာ သည် လည်းကောင်း အလွန် ကြွယ်ဝကြပေ၏။ သို့ဖြစ်၍ သင်ရို့၌ ထိုကျေးဇူးပြုခြင်း အမှုကိုလည်း ကြွယ်ဝခြင်းငှာ ငါရို့ အလိုဟိ၏။


မိမိရည်ရွယ်ချက်အတိုင်း ပြုတော်မူသည်ဖြစ်၍ ခရစ်တော်၌ နက်နဲသောအကြံအစည်တော်ကို ငါရို့အား သိစီတော်မူ၏။


ဘုရားသခင်၏နက်နဲသော အကြံအစည်တော်သည် ဇာပိုင် အကောင်အထည်ပေါ် လာမည်ကို လူအပေါင်းရို့အား ယှင်းလင်းဖော်ပြစီခြင်းငှာ အခွင့်ထူးကို လည်းကောင်း ငါ့အား ပီးသနားတော်မူ၏။ ခပ်သိမ်းသောအရာတိကို ဖန်ဆင်းတော်မူသော ဘုရားသခင်သည် ရှီးကာလ အဆက်ဆက်က ထိုအကြံအစည်တော်ကို ဝှက်ထားတော်မူခ၏။


ငါ၏ရည်ရွယ်ချက်မှာ သူရို့၏စိတ်နှလုံးကို အားပီးတိုက်တွန်းရန်နှင့် သူရို့ကို ချစ်ခြင်းမေတ္တာ၌ တည်စီခြင်းငှာ ဖြစ်၏။ အကြောင်းမူကား ခရစ်တော်ကိုယ်တိုင်ပင် ဘုရားသခင်၏ လျှို့ဝှက်နက်နဲသောအရာ ဖြစ်သည်ကို သူရို့ သိမြင်လာကြရန် ကြွယ်ဝပြည့်စုံသော ဉာဏ်ပညာနှင့် ပြည့်ဝစုံလင်စီခြင်းငှာ ဖြစ်၏။


ခရစ်တော်၏ နက်နဲသည့်အရာနှင့် စပ်ဆိုင်သော နှုတ်ကပတ်တရားတော်ကို ဟောပြောနိုင်ရန် အခွင့်အလမ်းကောင်းကို ဘုရားသခင်သည် ငါရို့အား ပီးတော်မူခြင်းငှာ ငါရို့အတွက်လည်း ဆုတောင်းပီးကြလော့။ ထိုတရားတော်ကြောင့် ငါသည် အဂု ထောင်ကျနိန်၏။


ငါရို့သည် သင်ရို့ဟိရာ သက်သာလောနိတ်မြို့သို့ မလာခင် ဖိလိပ္ပိမြို့တွင် ကဲ့ရဲ့ပြောဆိုမှုနှင့် နှိပ်စက်မှုတိကို ခံခရကြောင်း သင်ရို့သိကြ၏။ ထိုသို့ ဆန့်ကျင်ခြင်းကို ခံရသော်လည်း သတင်းကောင်းကို သင်ရို့အား ဟောပြောရန် ဘုရားသခင်သည် ငါရို့ကို ရဲ့ရင့်စီတော်မူ၏။


ညီအစ်ကိုမောင်နှမရို့၊ ငါရို့အတွက်လည်း ဆုတောင်းပီးကြလော့။


နောက်ဆုံးအနေဖြင့် ဆိုရလျှင် ညီအစ်ကိုမောင်နှမရို့၊ သခင်ဘုရား၏ တရားတော်သည် သင်ရို့နှင့်အတူ ဟိသကဲ့သို့ လျင်မြန်စွာ ပျံ့နှံ့၍ ထိုတရားတော်မြတ်ကို ရိုသီလေးမြတ်သောစိတ်ထားဖြင့် ခံယူကြစီခြင်းငှာ ငါရို့အတွက် ဆုတောင်းပီးကြလော့။


ငါရို့၏ဘာသာတရားသည် ဇာလောက်ထိ နက်နဲသည်ကို ဇာသူမျှ မငြင်းနိုင်ပေ၊ ကိုယ်တော်သည် လူသား၏ ပုံသဏ္ဍန်အားဖြင့် ပေါ်ထွန်းတော်မူသည်မှာ ဟုတ်မှန်တော်မူကြောင်းကို ဝိညာဉ်တော်အားဖြင့် ဖော်ပြတော်မူပြီ၊ ကောင်းကင်တမန်များသည် ကိုယ်တော့်ကို မြင်ရကြပြီ။ ကိုယ်တော်၏အကြောင်းကို လူမျိုးအပေါင်းရို့အား ဟောပြောကြပြီ၊ လောကီသားရို့သည်လည်း ယုံကြည်ကြပြီ၊ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူပြီ။


ထို့အပြင် ငါတည်းခိုရန် အခန်းတစ်ခုကို အဆင်သင့် ပျင်ထားပါလော့။ ဇာကြောင့်ဆိုသော် ဘုရားသခင်သည် သင်ရို့၏ ဆုတောင်းခြင်းကို နားညောင်းတော်မူသည်ဖြစ်၍ ငါ့အား သင်ရို့ပါးသို့ ပြန်လည်ပို့ဆောင်တော်မူလိမ့်မည်ဟု ငါသည် ငါမျှော်လင့်လျက်ဟိ၏။


ငါရို့သည် အရာရာ၌ ကြည်လင်သော အသိစိတ်ဖြင့် ကောင်းမွန်စွာ အသက်ရှင်နီထိုင်ခြင်းငှာ အလိုဟိကြသည်ဖြစ်၍ ငါရို့အတွက်လည်း ဆုတောင်းပီးကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ