Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧဖက် 6:11 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

11 မာရ်နတ်၏ ဆိုးညစ်သော ပရိယာယ်များကို ခုခံကာကွယ်နိုင်ခြင်းငှာ ဘုရားသခင်ပီးတော်မူသော လက်နက်စုံကို ဝတ်ဆင်ကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧဖက် 6:11
30 ပူးပေါင်းရင်းမြစ်များ  

အကြောင်းမှုကား၊ မေသျှိယ အကွန်ဆောင်နှင့် မိစ္ဆာပရောဖက်များသည် ပေါ်လာကြလိမ့်မည်။ သူရို့သည် ဖြစ်နိုင်လျှင် ဘုရားသခင် ရွီးချယ်ထားသော သူရို့ကိုပင် လှည့်စားနိုင်ခြင်းငှာ အံ့ဖွယ်သော အမှုအရာတိနှင့် နိမိတ်လက္ခဏာတိကို ပြကြလိမ့်မည်။


ညဉ့်အချိန် ကုန်ခါနီး၍ နိ့အချိန် ရောက်ခါနီးပြီဖြစ်သောကြောင့် မှောင်မိုက်ထဲမှာ ကျင့်သောအကျင့်တိကို ဖယ်ယှား၍ အလင်း၏လက်နက်စုံကို ဝတ်ဆင်ကြကုန်အံ့။


အပြစ်နှင့် ယှက်နွယ်နိန်သော ကိုယ်ကာယ၏ တပ်မက်စိတ်အလိုနောက်သို့ မလိုက်ကြဘဲ၊ အသျှင်ယေသျှုခရစ်တော်၏ လက်နက်စုံကို ယူဆောင်၍ ဝတ်ဆင်ထားကြလော့။


သင်ရို့တွိ့ကြုံရသော စုံစမ်းနှောင့်ယှက်ခြင်းများသည် လူ၌ဖြစ်တတ်သော သာမန်စုံစမ်းနှောင့်ယှက်ခြင်းများသာဖြစ်၏။ ဘုရားသခင်သည် ကတိတည်တော်မူသော အသျှင်ဖြစ်တော်မူသဖြင့် သင်ရို့အား မခံနိုင်သော စုံစမ်းနှောင့်ယှက်ခြင်းကို ခံစီတော်မူလိမ့်မည်မဟုတ်။ စုံစမ်းနှောင့်ယှက်ခြင်း ခံရချိန်၌ ခံနိုင်သောခွန်အားကို ပီးတော်မူသဖြင့် ထိုစုံစမ်းနှောင့်ယှက်ခြင်းမှ လွတ်မြောက်ရာလမ်းကိုလည်း ပီးတော်လိမ့်မည်။


ငါရို့ ကိုင်စွဲသော လက်နက်သည် လောကနှင့်ဆိုင်သော လက်နက်တိမဟုတ်။ ခံတပ်တိကို ဖြိုဖျက်နိုင်သည့် ဘုရားသခင်၏ တန်ခိုးတော်နှင့်ပြည့်စုံသော လက်နက်တိဖြစ်ကြ၏။ ငါရို့သည် မှားယွင်းသော ငြင်းခုံမှုများကို ပယ်ဖျက်၍၊


မြွီသည် မိမိ၏ပရိယာယ်အားဖြင့် ဧဝကို လှည့်ဖြားသည့်နည်းတူ သင်ရို့၏စိတ်သည် ယိုယွင်းကာ ခရစ်တော်အား ဖြူစင်သန့်ယှင်းသော မေတ္တာစိတ် ပျောက်လားမည်ကို ငါ စိုးရိမ်မိ၏။


ထိုသို့ပြုလျှင် စာတန်သည် ငါရို့ကို အနိုင်မရစီရန် တားဆီးနိုင်မည်။ ဇာကြောင့်ဆိုသော် ငါရို့သည် စာတန်၏ အကြံအစည်များကို သိသောကြောင့်ဖြစ်၏။


ထို့ကြောင့် ဤလောကကို အစိုးရသောဘုရားသည် မယုံကြည်သောသူရို့၏စိတ်ကို အမှောင်ဖုံးထားသဖြင့် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်တည်းဟူသော ခရစ်တော်၏ ဘုန်းတန်ခိုးတော်အကြောင်း သတင်းကောင်း၏ အလင်းကို သူရို့သည် မမြင်ရကြ။


သမ္မာတရားတော်ကို ဟောပြောခြင်းဖြင့် လည်းကောင်း၊ ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် လည်းကောင်း ငါရို့သည် ဘုရားသခင်၏ အခိုင်းအစီများ ဖြစ်ကြောင်းကို ထင်ရှားစီကြ၏။ တိုက်ခိုက်ခြင်း၌ လည်းကောင်း၊ ကာကွယ်ခြင်း၌ လည်းကောင်း ငါရို့သည် ဖြောင့်မတ်ခြင်းတည်းဟူသော လက်နက်ကို အသုံးပြုကြ၏။


ထို့နောက် ငါရို့သည် ပရိယာယ်ဖြင့် လူရို့ကို လမ်းလွဲအောင် လိမ်လည်ပြောဆိုတတ်သော သူရို့၏ သြဝါဒမှိုင်းများအထဲ၌ လွင့်ပါလားသော အသျှေတိပိုင် ဖြစ်ရမည်မဟုတ်။


ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခြင်းကို ခံရ၍ သန့်ယှင်းဖြောင့်မတ်ခြင်းတည်းဟူသော စစ်မှန်သော လူသစ်ဖြစ်ကြရမည်။


ထို့ကြောင့် ဘုရားသခင်ပီးသော လက်နက်စုံကို ဝတ်ဆင်ကြလော့။ သို့မှသာလျှင် ခဲယဉ်းဆိုးယုတ်သောကာလ ကျရောက်လာသောအခါ သင်ရို့သည် ရန်သူ၏တိုက်ခိုက်မှုကို ခုခံကာကွယ် နိုင်ကြလိမ့်မည်။ အဆုံးတိုင်အောင် တိုက်ခိုက်ပြီးသောအခါ သင်ရို့သည် ရပ်တည်နိုင်ကြလိမ့်မည်။


ဖန်ဆင်းတော်မူသောအသျှင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ အသိပညာအားဖြင့် အသစ်ပျင်ဆင်ထားသော လူသစ်ကို ဝတ်ဆင်ထားသောသူ ဖြစ်ကြ၏။


သို့ရာတွင် ငါရို့သည် နိ့အချိန်၌ ကျင်လည်သောသူတိ ဖြစ်ကြသောကြောင့် ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာတည်းဟူသော ရင်အုပ်တန်ဆာကို ဝတ်ဆင်လျက်၊ ကယ်တင်ခြင်းခံရရန် မျှော်လင့်ခြင်းတည်းဟူသော သံခမောက်ကို ဆောင်းကာ သမ္မာသတိဟိကြကုန်အံ့။


ထို့ကြောင့် ယခုတွင် ကိုယ်တော်သည် မိမိအားဖြင့် ဘုရားသခင်ထံပါးသို့ ရောက်လာကြသောသူရို့အား ကယ်တင်ခြင်းငှာ အစဉ်သဖြင့် တတ်နိုင်တော်မူ၏။ အကြောင်းမူကား ကိုယ်တော်သည် ထိုသူရို့အတွက် ဘုရားသခင်ကို အသနားခံရန် ထာဝရအသက်ရှင်တော်မူသောကြောင့်ဖြစ်၏။


ထို့ကြောင့် သင်ရို့ကိုယ်တိုင် ဘုရားသခင်ကို နာခံကြလော့။ မာရ်နတ်ကို ခုခံတွန်းလှန်ကြလော့။ ထိုသို့ပြုလျှင် သူသည် သင်ရို့ပါးမှ ထွက်ဗြီးလားလိမ့်မည်။


သမ္မာသတိဟိလျက် နိုးကြားစွာ စောင့်နိန်ကြလော့။ သင်ရို့၏ ရန်သူဖြစ်သော မာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ မွားမျိုရမည့်သူကို လှည့်လည် ရှာဖွီလျက်ဟိ၏။


သင်ရို့ ပြိုလဲမကျစီရန် စောင့်ရှောက်တော်မူနိုင်၍၊ သင်ရို့ကို အပြစ်ကင်းစီလျက် ဘုန်းတန်ခိုးတော် ထွန်းတောက်ရာ ရှိ့တော်မှောက်သို့ ဝမ်းမြောက်စွာ ဝင်ရောက်ခွင့်ကို ပီးတော်မူနိုင်သော၊


မြီကြီးသားရို့အား လှည့်ဖြားသော နတ်မိစ္ဆာဟူ၍ လည်းကောင်း၊ စာတန်မာရ်နတ်ဟူ၍ လည်းကောင်း ခေါ်ဝေါ်ခြင်းကို ခံရသူ ရှိ့ဟောင်း မြွီနဂါးကြီးသည် မိမိ၏ ကောင်းကင်တမန်တိနှင့်အတူ မြီကြီးထက်သို့ ပစ်ချခြင်းကို ခံရလေ၏။


သားရဲနှင့်တကွ သူ၏ရှိ့တွင် နိမိတ်လက္ခဏာများကိုပြသော မိစ္ဆာပရောဖက်သည် အဖမ်းခံရ၏။ ထိုမိစ္ဆာပရောဖက်သည်ကား သားရဲ၏အမှတ်တံဆိပ်ကို ခံယူ၍ သူ၏ရုပ်တုကို ရှိ့ခိုးသူရို့အား နိမိတ်လက္ခဏာများကို ပြခြင်းအားဖြင့် လိမ်လည်လှည့်ဖျားသောသူ ဖြစ်သတည်း။ ထိုသူနှစ်ယောက်စလုံးသည် အသက်ရှင်လျက်ပင် တောက်လောင်နိန်သော ကန့်နှင့်ရောသော မီးအိုင်ထဲသို့ ပစ်ချခြင်းကို ခံရကြ၏။


“သို့ရာတွင် အခြားသော သွာတိရမြို့ ယုံကြည်သူရို့သည်ကား ဤဆိုးညစ်သည့် အယူဝါဒကို မလိုက်နာကြ။ ‘စာတန်မာန်နတ်၏ နက်နဲသည့် လျှို့ဝှက်ချက်များ’ ဟု သူရို့ ခေါ်ဆိုကြသည့် အရာများကိုလည်း မခံမယူကြ။ သင်ရို့ အထက်၌ အခြားဝန်ထုပ်ဝန်ပိုး တစ်စုံတစ်ခုကိုမျှ ငါမတင်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ