5 ကာမဂုဏ်လိုက်စားသောသူ၊ မစင်ကြယ်သောသူ၊ လောဘလွန်ကျူးခြင်းတည်းဟူသော ရုပ်တုကို ကိုးကွယ်သောသူရို့သည် ခရစ်တော်နှင့် ဘုရားသခင်၏ နိုင်ငံတော်သို့ တစ်ခါလေ့ ဝင်ရလိမ့်မည် မဟုတ်ကြောင်းကို သင်ရို့သိကြ၏။
“အဂု ငါသည် သင်ရို့အား ဘုရားသခင်၏ လက်တော်သို့ လည်းကောင်း၊ ကျေးဇူးတရားလက်သို့ လည်းကောင်း အပ်နှံ၏။ ထိုကျေးဇူးတရားသည် သင်ရို့ကို တည်ဆောက်လျက် မိမိ၏လူအားလုံးအဖို့ လျာထားသော ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာကို သင်ရို့အား ပီးလိမ့်မည်။
ဘုရားသခင်ရှိ့တော်၌ သင်၏စိတ်ထား မမှန်ကန်သောကြောင့် ငါရို့၏ အပေါင်းအပါလည်းမဖြစ်နိုင်။ ငါရို့၏အလုပ်၌လည်း မပါဝင်နိုင်။
လူ့ဇာတိစိတ်နှင့်ဆိုင်သော အပြုအမူများမှာ သိသာထင်ရှား၏။ ထိုအရာများကား ကာမဂုဏ်လိုက်စားခြင်း၊ မစင်ကြယ်ခြင်း၊ အကျင့်ပျက်ခြင်း၊
ငြူစူခြင်း၊ သောက်စားမူးယစ်ခြင်း၊ အပျော်ကြူးခြင်း စသည့်အရာများကို လုပ်ဆောင်လာကြ၏။ ထိုသို့သော အရာများကို ပြုမူသောသူရို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို ဝင်ရလိမ့်မည်မဟုတ် ဟု အယင်က သင်ရို့အား ငါသတိပီးခသည်အတိုင်း အဂုလည်း ငါသတိပီးလိုက်၏။
သင်ရို့သည် ဘုရားသခင်၏လူစုတော် ဖြစ်သဖြင့် ကာမဂုဏ်လိုက်စားမှု၊ မစင်ကြယ်မှုနှင့် လောဘလွန်ကြူးမှု အကြောင်းများကို သင်ရို့တွင် ပြောဆိုခြင်းပင် မဟိစီကေ့။
ကိုယ်တော်သည် ငါရို့အား မှောင်မိုက်တန်ခိုးမှ ကယ်နုတ်တော်မူ၍ ချစ်တော်မူသော သားတော်၏ နိုင်ငံတော်ထဲသို့ ခေါ်သွင်းတော်မူ၏။
ထို့ကြောင့် ကာမဂုဏ်လိုက်စားခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာပြင်းပြခြင်း၊ မကောင်းမှုကို ပြုလုပ်လိုသောဆန္ဒပြင်းပြခြင်းနှင့် ရုပ်တုကိုးကွယ်ခြင်း ပုံစံတစ်မျိုးဖြစ်သော လောဘလွန်ကျူးခြင်းများ စသည့် မြီကြီးနှင့်ဆိုင်သော လုပ်ဆောင်ချက်များကို သီဆုံးစီကြလော့။
ထို့ကြောင့် ငွီကို တတ်မက်ခြင်းသည် ဒုစရိုက်အမျိုးမျိုး၏ အရင်းအမြစ်ဖြစ်၏။ တချို့လူရို့သည် ငွီရလိုစိတ် အားကြီးမှုကြောင့် ယုံကြည်ခြင်းတရားမှ လွဲလျှော်၍ ပူပန်ခြင်းဝေဒနာများသည် ထိုသူရို့၏စိတ်နှလုံးကို ထုတ်ချင်းပေါက်အောင် ထိုးကြလေ၏။
ဤမျက်မှောက်ကာလ၌ လောကီစည်းစိမ် ချမ်းသာကြွယ်ဝသောသူရို့ကို မာန မထောင်လွှားရန် သတိပီးလော့။ စည်းစိမ်ချမ်းသာတည်းဟူသော မတည်မြဲသောအရာ၌ မိမိရို့၏မျှော်လင့်ခြင်းကို မအပ်နှံဘဲ၊ ငါရို့ခံစားဖို့အတွက် အရာခပ်သိမ်းကို ကြွယ်ဝစွာ ပီးတော်မူသော ဘုရားသခင်ကိုသာ မျှော်လင့်ကြရန် သတိပီးလော့။
ထိမ်းမြားလက်ထပ်ခြင်းအမှုကိုလည်း လူတိုင်း လေးစားကြရမည်။ လင်ယောက်ျားနှင့် ဇနီးမယားသည် တစ်ဦးကို တစ်ဦး သစ္စာဟိကြရမည်။ အကြောင်းမူကား မတရားသောမေထုန်ပြုသောသူနှင့် အိမ်ထောင်ရေးဖောက်ပြန်သော သူရို့ကို ဘုရားသခင် စီရင်တော်မူလိမ့်မည်။
သို့ရာတွင် ကြောက်တတ်သောသူ၊ မယုံကြည်သောသူ၊ စက်ဆုပ်ရွံဖွယ်ကောင်းသောသူ၊ လူ့အသက်ကို သတ်သောသူ၊ အကျင့်ပျက်သောသူ၊ ပြုစားတတ်သောသူ၊ ရုပ်တုကိုးကွယ်သောသူရို့နှင့် လိမ်လည်ပြောဆိုသော သူရို့သည် ကန့်နှင့်ရောသော မီးအိုင်ထဲ၌ ကျရကြလိမ့်မည်။ ဤကား ဒုတိယသီဆုံးခြင်း ဖြစ်သတည်း” ဟု မိန့်တော်မူ၏။
သို့ရာတွင် ခွီးတိ၊ ပြုစားတတ်သော သူတိ၊ ကာမဂုဏ်လိုက်စားသော သူတိ၊ လူ့အသက်ကို သတ်သောသူတိ၊ ရုပ်တုကိုးကွယ်သော သူတိနှင့် လိမ်လည်ပြောဆို၍ ကျင့်ကြံသော သူရို့သည် မြို့ပြင်တွင် နိန်ရကြလိမ့်မည်။