ဧဖက် 5:3 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား3 သင်ရို့သည် ဘုရားသခင်၏လူစုတော် ဖြစ်သဖြင့် ကာမဂုဏ်လိုက်စားမှု၊ မစင်ကြယ်မှုနှင့် လောဘလွန်ကြူးမှု အကြောင်းများကို သင်ရို့တွင် ပြောဆိုခြင်းပင် မဟိစီကေ့။ အခန်းကိုကြည့်ပါ။ |
“အစားအစာသည် ဝမ်းအတွက်ဖြစ်၏။ ဝမ်းသည်လည်း အစားအစာအတွက်ဖြစ်၏” ဟု သင်ရို့ ဆိုလိမ့်မည်။ ထိုစကားသည် မှန်ပေ၏။ သို့ရာတွင် ဘုရားသခင်သည် ထိုနှစ်ခုလုံးကို ဖျက်ဆီးတော်မူလိမ့်မည်။ ကိုယ်ခန္ဓာသည် မတရားသောမေထုန် လိုက်စားခြင်းငှာ မဟုတ်၊ သခင်ဘုရား၏ အမှုတော်ကို ဆောင်ရွက်ခြင်းငှာ ဖြစ်၏။ သခင်ဘုရားသည်လည်း ခန္ဓာကိုယ်အဖို့ ထောက်ပံ့တော်မူ၏။
နောက်တစ်ကြိမ် ငါလာသောအခါ ငါ၏ ဘုရားသခင်သည် သင်ရို့ရှိ့၌ ငါ့အား နှိမ့်ချတော်မူပြီး အယင်က အပြစ်ပြုခသော သူများအတွက် လည်းကောင်း၊ သူတစ်ပါးမယားကို ပြစ်မှားခြင်း၊ ကိလေသာလွန်ကျူးခြင်းနှင့် ကာမဂုဏ်လိုက်စားခြင်း စသည့် အမှုအရာများကို ပြုလုပ်ခြင်းမှ နောင်တမရသောသူများအတွက် လည်းကောင်း မျက်ရည်ကျရမည်ကို ငါသည် စိုးရိမ်မိ၏။
ယခု သင်ရို့အဖို့ အရေးကြီးသည့်အရာမှာ ခရစ်တော်၏ ဧဝံဂေလိတရားတော်နှင့်အညီ သင်ရို့သည် ပြုမူနီထိုင်ကြလော့။ ငါသည် သင်ရို့ထံသို့ လာပြီး တွိ့နိုင်သည်ဖြစ်စီ၊ တွိ့ဖို့ရန် ပျက်ကွက်သည်ဖြစ်စီ၊ ဧဝံဂေလိတရားနှင့်ဆိုင်သော ယုံကြည်ခြင်းအဖို့အလို့ငှာ တစ်စိတ်တစ်ဝမ်းတည်း၊ ရည်ရွယ်ချက် တစ်ခုတည်းဖြင့် ရပ်တည်၍ သင်ရို့သည် တိုက်ပွဲဝင်လျက် ဟိကြကြောင်းကို ငါကြားရလို၏။