Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧဖက် 5:15 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

15 သို့ဖြစ်၍ သင်ရို့သည် ဇာပိုင် ပြုမူကျင့်ကြံရမည်ကို သတိပြုကြလော့။ ပညာမဲ့သောသူများကဲ့သို့ မကျင့်ကြံဘဲ၊ ပညာဟိသောသူတိကဲ့သို့ ကျင့်ကြံကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧဖက် 5:15
26 ပူးပေါင်းရင်းမြစ်များ  

“နားထောင်ကတ်၊ မြီခွီးအုပ်စုထဲသို့ သိုးတိကို စီရွှတ်လိုက်သကဲ့သို့ သင်ရို့အား ငါ စီရွှတ်လိုက်၏။ ထို့ကြောင့် သင်ရို့သည် မြွီကဲ့သို့ လိမ္မာ၍ ဂြိုးငှက်ကဲ့သို့ အဆိပ်ကင်းကြလော့။


ထိုသူရို့ ထဲက ငါးယောက်သည် ပညာအမြော်အမြင် မဟိကြ။ ကျန်ငါးယောက်ကား ပညာအမြော်အမြင် ဟိကြ၏။


ပိလတ်မင်းက မိမိသည် ဆက်လက်လုပ်ဆောင်ရန် မဖြစ်နိုင်။ သို့ရာတွင် ရုန်းရင်းဆန်ခတ် ဖြစ်စပြုလာသည်ကို မြင်သောအခါ၊ ရီကို ယူ၍ လူထုပရိတ်သတ်ရှိ့၌ မိမိလက်ကို ဆီးကာ “ဤသူ၏အသွီးသည် ငါနှင့် မဆိုင်၊ သင်ရို့ ပြုလုပ်ခြင်းသာဖြစ်သည်” ဟု ဆိုလေ၏။


သူက “ငါ ပြစ်မှားမိယာ၊ အပြစ်မဟိသောသူ၏ အသွီးကို အပ်မိယာ” ဟု ပြော၏။ ထိုသူရို့က “ယင်းစွာ ငါရို့နှင့် ဇာဆိုင်လဲ၊ သင့်တာဝန်ရာ ဖြစ်တေ” ဟု သူရို့က ပြန်ပြောကြ၏။


ထို့နောက် ယေသျှုက “နားထောင်၊ သင်သည် ဤအကြောင်းကို တစ်ယောက်ကိုလေ့ မပြောလီကေ့၊ ယဇ်ပုရောဟိတ်ပါးသို့ လား၍ သင့်ကိုယ်ကို ပြလော့။ ထို့နောက် သင့်ရောဂါကို ပျောက်ကင်းစီသည့်အကြောင်း လူတိုင်းရှိ့မှာ သက်သီဖြစ်ခြင်းငှာ မောသျှေမိန့်မှာထားခသည့်အတိုင်း ပူဇော်သကာကို ဘုရားသျှင်အား ဆက်ကပ်လော့” ဟု ထိုသူအား မိန့်တော်မူ၏။


ထိုအခါ ယေသျှုက သူရို့အား၊ “ပရောဖက်တိ ဟောကြားခသမျှကို ယုံကြည်ရန် အားနည်းနိန်သော အို... လူမိုက်တိ၊


ညီအစ်ကိုမောင်နှမရို့၊ သင်ရို့သည် စဉ်းစားဆင်ခြင်မှု၌ အသျှေတိကဲ့သို့ မဖြစ်စီကတ်ကေ့။ ဆိုးညစ်သောအမှု၌ အသျှေတိကဲ့သို့ ဖြစ်ကြလော့။ သို့ရာတွင် သင်ရို့၏ စဉ်းစားဆင်ခြင်မှုတွင်ကား ရင့်ကျက်သောသူရို့ကဲ့သို့ ဖြစ်ကြလော့။


မိုက်မဲသော ဂလာတိအသင်းသားရို့၊ ဇာသူက သင်ရို့အား ပြုစားထားသနည်း။ လက်ဝါးကပ်တိုင်ထက်တွင် ယေသျှုခရစ်တော် အသီခံတော်မူပုံကို သင်ရို့မျက်စိရှိ့တွင် ထင်ရှားစွာ ဟိခ၏။


သင်ရို့သည် ယေလောက်တောင် မိုက်မဲကြသလော။ သင်ရို့သည် ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် အစပြုခပြီးနောက် အဂုအခါ သင်ရို့၏ ဇာတိအားဖြင့် အဆုံးသတ်ဖို့ ကြိုးစားနိန်ကြသလော။


ခရစ်တော်သည် ငါရို့ကို ချစ်တော်မူ၍ ငါရို့အတွက် မိမိကိုယ်ကို ဘုရားသခင် နှစ်သက်တော်မူရာ မွှီးကြိုင်သော ပူဇော်သကာအဖြစ် ဆက်သတော်မူသကဲ့သို့ သင်ရို့သည်လည်း မေတ္တာတရား၌ ကျင်လည်ကြလော့။


သို့ရာတွင် ထိုစကားသည် သင်ရို့ကိုလည်း ရည်ညွှန်း၍ ဆိုသတည်း။ ထို့ကြောင့် လင်ယောက်ျားတိုင်း မိမိကိုယ်ကိုချစ်သကဲ့သို့ မိမိ၏မယားကိုလည်း ချစ်ရမည်။ ထို့နည်းတူ မယားဖြစ်သောသူတိုင်းသည်လည်း မိမိ၏လင်ယောက်ျားကို ရိုသီခြင်း ဟိရမည်။


ယခု သင်ရို့အဖို့ အရေးကြီးသည့်အရာမှာ ခရစ်တော်၏ ဧဝံဂေလိတရားတော်နှင့်အညီ သင်ရို့သည် ပြုမူနီထိုင်ကြလော့။ ငါသည် သင်ရို့ထံသို့ လာပြီး တွိ့နိုင်သည်ဖြစ်စီ၊ တွိ့ဖို့ရန် ပျက်ကွက်သည်ဖြစ်စီ၊ ဧဝံဂေလိတရားနှင့်ဆိုင်သော ယုံကြည်ခြင်းအဖို့အလို့ငှာ တစ်စိတ်တစ်ဝမ်းတည်း၊ ရည်ရွယ်ချက် တစ်ခုတည်းဖြင့် ရပ်တည်၍ သင်ရို့သည် တိုက်ပွဲဝင်လျက် ဟိကြကြောင်းကို ငါကြားရလို၏။


ထို့ကြောင့် ငါရို့သည် သင်ရို့၏အကြောင်းကို ကြားရသောနိ့မှစ၍ သင်ရို့အတွက် အစဉ်အပြတ် ဆုတောင်းလျက်နိန်၏။ သင်ရို့သည် ဝိညာဉ်တော်ကပီးသည့် ဉာဏ်ပညာ၊ တတ်သိနားလည်မှုနှင့် ပြည့်စုံသဖြင့် ဘုရားသခင်၏ အလိုတော်ကို ကောင်းစွာသိကြစီရန် ငါရို့သည် ဘုရားသခင်ထံ၌ တောင်းလျှောက်လျက် ဟိကြ၏။


သင်ရို့ရဟိသော အခွင့်ကောင်းမှန်သမျှကို အသုံးပြု၍ အပြင်လူတိအား ပညာသတိနှင့် ပေါင်းသင်းဆက်ဆံကြလော့။


မည်သူတစ်ယောက်ကိုမျှ အဆိုးကို အဆိုးအားဖြင့် မတုံ့ပြန်ကတ်ကေ့၊ သို့ရာတွင် အခြားသောသူတစ်ယောက် အဖို့ငှာလည်းကောင်း၊ လူအားလုံး အဖို့ငှာလည်းကောင်း ကောင်းသောအမှုကို ဆောင်ရွက်ရန် အစဉ်မပြတ် ကြိုးစားအားထုတ်ကြလော့။


သို့ရာတွင် ချမ်းသာလိုသောသူရို့သည် အပြစ်သွီးဆောင်ခြင်းသို့ လည်းကောင်း၊ ထောင်ချောက်ထဲသို့ လည်းကောင်း၊ လူတိကို ပျက်စီးဆုံးယှုံးစီတတ်သော မိုက်မဲ၍ အန္တရယ်ဟိသည့် တပ်မက်မှုအမျိုးမျိုးထဲသို့ လည်းကောင်း ကျရောက်တတ်၏။


သင်ရို့သည် မိန့်တော်မူသော အသျှင်ကို မငြင်းပယ်မိကြစီရန် သတိပြုကြလော့။ အကြောင်းမူကား မြီကြီး၌ ဗျာဒိတ်ပီးသောသူကို ငြင်းပယ်သောသူသည် ပြစ်ဒဏ်မှ မလွတ်နိုင်ကြလျှင် ကောင်းကင်ဘုံမှ ဗျာဒိတ်ပီးတော်မူသောအသျှင်ကို ငြင်းပယ်လျှင် ဇာပိုင် အပြစ်က လွတ်နိုင်ပါအံ့နည်း။


သင်ရို့တွင် ဇာသူသည် ပညာဟိ၍ နားလည်နိုင်ကြမည်နည်း။ ထိုသူရို့သည် ကောင်းသောအကျင့်အားဖြင့် ထိုအရာကို ပြကြရမည်။ ထိုသူရို့သည် နူးညံ့သိမ်မွိ့ခြင်းနှင့် ပညာဟိခြင်းကို မိမိရို့၏ ကောင်းသောအကျင့်ဖြင့် သက်သီပြကြရမည်။


အဂုတွင် သင်ရို့သည် သမ္မာတရားကို လိုက်လျှောက်ခြင်းအားဖြင့် မိမိရို့၏ စိတ်နှလုံးအား စင်ကြယ်စီကြပြီး အခြားသော ယုံကြည်သူအချင်းချင်းကို ဟန်ဆောင်မှုကင်းလျက် ချစ်ကြသည်ဖြစ်၍ သင်ရို့ တစ်ယောက်ကိုတစ်ယာက် စိတ်နှလုံးအကြွင်းမဲ့ ချစ်ကြလော့။


ထိုအခါ ငါသည် ထိုသူကို ကိုးကွယ်ခြင်းငှာ သူ၏ခြီရင်းတွင် ပျပ်ဝပ်၏။ သို့ရာတွင် ကောင်းကင်တမန်က “ဤသို့ မပြုကေ့၊ ငါသည် အသျှင်ယေသျှု၏အကြောင်းကို သက်သီခံသော သင်နှင့် သင်၏ညီအစ်ကိုမောင်နှမရို့နှင့်အတူ လုပ်ဆောင်သူ တစ်ဦးသာ ဖြစ်၏။ ဘုရားသခင်ကိုသာ ကိုးကွယ်လော့” ဟု ဆို၏။ အကြောင်းမူကား အသျှင်ယေသျှု ဖော်ပြတော်မူသော သမ္မာတရားသည် ပရောဖက်ရို့အား လှုံ့ဆော်သောအရာဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ