Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧဖက် 5:11 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

11 မှောင်မိုက်၌ ကျင်လည်သောသူရို့ ပြုမူကြသည့် အကျိုးမဟိသော အမှုများကို မပြုဘဲ၊ ယင်းအမှုကို အလင်း၌ ထင်ရှားစီကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧဖက် 5:11
48 ပူးပေါင်းရင်းမြစ်များ  

“သင်၏ညီအစ်ကို တစ်ယောက်သည် သင့်ကို ပြစ်မှား မိလျှင် သူ့ပါးသို့ လား၍ သူ၏အမှားကို သူ့အား ဖော်ပြပါ။ သို့ရာတွင် ထိုအမှုကို နှစ်ယောက်တည်း တိတ်ဆိတ်စွာ ဆောင်ရွက်ပါ။ သူသည် သင့်စကားကို နားထောင်လျှင် သင်သည် သင့်ညီအစ်ကိုအား ပြန်ရယာ။


သို့သော် ယောဟန်သည် နယ်စားဟေရုဒ်အား၊ သူ့ညီ၏မယားဖြစ်သော ဟေရောဒိကို သိမ်းပိုက်ခြင်းနှင့် အခြားသော မကောင်းမှုများကို ကျူးလွန်ခသောကြောင့် ဆုံးမခ၏။


သင်သည် တခြားလူမျိုးရို့၏မျက်စိကို ဖွင့်ပီး၍ ထိုသူရို့ကို မှောင်မိုက်ထဲမှ အလင်းတော်သို့ ကူးပြောင်းစီကာ စာတန်မာရ်နတ်၏တန်ခိုးအာဏာစက်မှ ဘုရားသခင်၏ အာဏာစက်သို့ ကူးပြောင်းစီရမည်။ အကြောင်းမူကား သူရို့သည် ငါ့ကို ယုံကြည်ခြင်းအားဖြင့် သူရို့၌ ဟိသမျှသောအပြစ်မှ ခွင့်ရွှတ်ခြင်းကို ရပြီးလျှင်၊ ဘုရားသခင် ရွီးချယ်ထားသောလူစု၌ နီရာကျစီရန်ဖြစ်၏’ ဟု ဆိုလေ၏။


ညဉ့်အချိန် ကုန်ခါနီး၍ နိ့အချိန် ရောက်ခါနီးပြီဖြစ်သောကြောင့် မှောင်မိုက်ထဲမှာ ကျင့်သောအကျင့်တိကို ဖယ်ယှား၍ အလင်း၏လက်နက်စုံကို ဝတ်ဆင်ကြကုန်အံ့။


ငါ၏ညီအစ်ကို မောင်နှမရို့၊ သင်ရို့ ခံယူထားသော သြဝါဒတိနှင့် ဆန့်ကျင်လျက် ယုံကြည်ခြင်းကို လွဲမှားစီပြီးလျှင် စိတ်ဝမ်းကွဲပြားအောင် လုပ်ဆောင်လျက်ဟိကြသော သူရို့ကို သတိထားကြလော့။ ထိုသို့သော သူရို့ကို ယှောင်ယှားကြရန် သင်ရို့ကို ငါ တိုက်တွန်းနှိုးဆော်၏။


ယခုတွင် သင်ရို့အဖို့ ရှက်ကြောက်ဖွယ်ရာ ဖြစ်စီသော အရာများကို ပြုမူခြင်းအားဖြင့် ဇာအကျိုးကို ရခကြသနည်း။ ထိုသို့ ပြုမူခြင်း၏အကျိုးကား သီခြင်းဖြစ်၏။


လူ့ဇာတိသဘော၌ မျိုးစိ့ကြဲသောသူသည် ဇာတိသဘောအားဖြင့် ပျက်စီးခြင်းကို ရိတ်ရလိမ့်မည်။ ဝိညာဉ်သဘော၌ မျိုးစိ့ကြဲသောသူသည် ဝိညာဉ်သဘောအားဖြင့် ထာဝရအသက်ကို ရိတ်သိမ်းရလိမ့်မည်။


ထို့ကြောင့် အယင်က ကျင်လည်ခသော လူဟောင်းဘဝကို စွန့်ပစ်ကြလော့။ လိမ်လည်လှည့်ဖြားတတ်သော ဆန္ဒများကြောင့် ပျက်စီးယိုယွင်းတတ်သော လူဟောင်းကို စွန့်ပစ်ကြလော့။


(ဆိတ်ကွယ်ရာအရပ်၌ သူရို့ပြုသောအမှုတိကို ပြောခြင်းသည်ပင် လွန်စွာ ရှက်ဖွယ်ဖြစ်၏။)


ထို့ကြောင့် သင်ရို့သည် ထိုသို့သော သူရို့နှင့် ပေါင်းဖော်ခြင်းကို မပြုကတ်ကေ့။


ထိုမှတစ်ပါး အလင်းထဲ၌ဟိကြသော သန့်ယှင်းသူရို့ ပိုင်ထိုက်သည့် အမွီများကို သင်ရို့အား ခံစားစီတော်မူသော အဖဘုရားသခင်၏ ကျေးဇူးတော်ကို ဝမ်းမြောက်စွာဖြင့် ချီးမွမ်းနိုင်ကတ်ပါစီ။


အကြောင်းမူကား အိပ်ပျော်တတ်သောသူရို့သည် ညအချိန်၌ အိပ်တတ်ကြ၏၊ သီရည်သီရက်နှင့် မူးယစ်တတ်သော သူရို့သည် ညအချိန်၌ မူးယစ်တတ်ကြ၏။


အကယ်၍ တစ်စုံတစ်ယောက်သည် ငါရို့ ပို့လိုက်သည့် ဤစာ၌ ပါဟိသည့် မှာကြားချက်များကို မလိုက်နာသော် ထိုသူအား အရှက်ရစီခြင်းငှာ သင်ရို့သည် ထိုသူကို မှတ်ထား၍ အပေါင်းအဖော် မလုပ်ကတ်ကေ့။


ညီအစ်ကိုမောင်နှရို့၊ ငါရို့ပီးခသော သွန်သင်ချက်များကို မလိုက်လျှောက်ဘဲ ပျင်းရိစွာ အသက်ရှင်နိန်ကြသော ယုံကြည်သူအားလုံးကို ယှောင်ယှားကြရန် ငါရို့အသျှင် ယေသျှုခရစ်တော်၏ နာမတော်၌ သင်ရို့ကို ငါရို့ မိန့်မှာလိုက်၏။


တခြားသောသူရို့ ကြောက်ရွံ့ခြင်းဟိကြစီရန် အပြစ်ကျူးလွန်သူအားလုံးကို လူအပေါင်းရို့ ရှိ့မှာ ဆုံးမကြလော့။


သခင်ဘုရား၏အမှုတော်ဆောင်အဖြစ် လက်တင်ဆုတောင်းပီးခြင်းအမှု၌ အလျင်စလို မလုပ်ကေ့။ တခြားသူတိ အပြစ်မှာ ဝင်မပါကေ့။ မိမိကိုယ်ကို သန့်ယှင်းစင်ကြယ်ခြင်းဟိလော့။


စိတ်နှလုံး ယိုယွင်းပျက်စီး၍ သမ္မာတရားကင်းမဲ့ကာ ငြင်းခုံခြင်းသက်သက်ကိုသာ ဖြစ်ပွားစီတတ်၏။ သူရို့က ဘုရားတရားရိုသီခြင်းသည် ငွီရပေါက်နည်းလမ်းတစ်ခုဟု ထင်မှတ်ကြ၏။


ထိုသူရို့သည် ဘုရားဝတ်၌ မွိ့လျော်ယောင် ဆောင်ကြသော်လည်း ဘုရားသျှင်၏တန်ခိုးတော်ကို ငြင်းပယ်ကြ၏။ ထိုကဲ့သို့သော သူတိကို ယှောင်ယှားလော့။


အခွင့်အခါ ကောင်းသည်ဖြစ်စီ၊ မကောင်းသည်ဖြစ်စီ နှုတ်ကပတ်တရားတော်ကို ဟောပြောခြင်း နှိုးဆော်တိုက်တွန်းခြင်းကို ပြုလော့၊ စည်ရုံးသိမ်းသွင်းခြင်း၊ အပြစ်ကို ဖော်ပြ၍ သွန်သင်ခြင်း၊ တိုက်တွန်းခြင်း၊ စိတ်ရှည်စွာဖြင့် သြဝါဒ ပီးခြင်းကို ပြုလော့။


ဤသည်ကား သင် ဆုံးမသွန်သင်အပ်သော အရာများဖြစ်၏။ သင်သည် အားပီးတိုက်တွန်းသောအခါ၌ ဖြစ်စီ၊ အပြစ်ကို ဖော်ပြ၍ ဆုံးမပဲ့ပြင်သောအခါ၌ ဖြစ်စီ အမိန့်အာဏာအပြည့်ဖြင့် ဟောပြောလော့။ မည်သူမျှ သင့်ကို မထီလေးစား မပြုစီကေ့။


ထို့နောက် ကောင်းကင်ဘုံက အခြားသောအသံကို ငါကြားရ၏။ ထိုအသံကား၊ “ငါ၏လူရို့၊ ထွက်လာကြလော့။ သူမပြုသော အပြစ်တိ၌ မပါစီခြင်းငှာ လည်းကောင်း၊ သူမနှင့်အတူ အပြစ်ဒဏ်ကို မခံရစီခြင်းငှာ လည်းကောင်း သူမပါးမှ ထွက်လာကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ