Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧဖက် 4:7 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

7 သို့သော် ခရစ်တော် ချပီးတော်မူသည့်အတိုင်း ငါရို့ တစ်ယောက်စီတိုင်းသည် ထူးမြတ်သော ဆုကျေးဇူးကို ခံရကြပေသည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧဖက် 4:7
13 ပူးပေါင်းရင်းမြစ်များ  

ထိုသူက တစ်ယောက်ကို ရွှီဒင်္ဂါး အပြား ၅,၀၀၀၊ နောက်တစ်ယောက်ကို ၂,၀၀၀၊ နောက်တစ်ယောက်ကို ၁,၀၀၀ စသည်ဖြင့် တစ်ဦးစီတိုင်းအား မိမိရို့ စွမ်းရည်ဟိကြသည့်အတိုင်း ပီးအပ်ပြီး ခရီးထွက်လား၏။


ဘုရားသခင် စီရွှတ်တော်မူသောသူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြောဆိုတတ်၏။ အကြောင်းမူကား ဘုရားသခင်သည် ထိုသူအား ဝိညာဉ်တော်ကို ပြည့်ဝစွာ ပီးတော်မူသောကြောင့်ဖြစ်၏။


ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် သင်ရို့ကို ငါ ပြောလိုသည်မှာ၊ သင်ရို့သည် မိမိကိုယ်ကို မိမိ ထင်သင့်သည်ထက် သာလွန်၍ မထင်ဘဲ ဘုရားသခင်ပီးထားသော ယုံကြည်ခြင်း ဟိကြသည့်အတိုင်း ကိုယ့်ကိုယ်ကို စစ်ကြောစီရင်ပြီးမှသာလျှင် မိမိထင်သင့်သလောက်သာ ထင်ကြလော။


ငါရို့သည် ဘုရားသခင်၏ လုပ်ဖော်ဆောင်ဖက်များ ဖြစ်ကြသည်နှင့်အညီ သင်ရို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရသောသူများဖြစ်၍၊ ထိုကျေးဇူးတော်ကို အကျိုးမဲ့ မဖြစ်စီကြရန် သင်ရို့အား တောင်းပန်၏။


သင်ရို့အကျိုးအတွက် ဘုရားသခင်သည် မိမိ၏ကျေးဇူးတော်၌ ဤအမှုကို ဆောင်ရွက်ခြင်းငှာ ငါ့အား ပီးအပ်တော်မူသည့် အကြောင်းကို သင်ရို့သည် အမှန်ပင် ကြားသိကြပြီးဖြစ်၏။


ငါသည် ဘုရားသခင်၏လူရို့တွင် အငယ်ဆုံးဖြစ်ပေ၏။ သို့ရာတွင် ဘုရားသခင်သည် ခရစ်တော်၏ အဆုံးမဟိ ကြွယ်ဝတော်မူသော သတင်းကောင်းတရားကို တခြားလူမျိုးရို့အား ဟောပြောကြေညာစီခြင်းငှာ လည်းကောင်း၊


ထိုနည်းတူ ဘုရားသခင်သည် အမှတ်လက္ခဏာများ၊ အံ့ဩဖွယ်သောရာများနှင့် အမျိုးမျိုးသော နိမိတ်လက္ခဏာများကို ဖော်ပြတော်မူခြင်းဖြင့်လည်းကောင်း မိမိအလိုတော်အတိုင်း သန့်ယှင်းသောဝိညာဉ်တော်၏ဆုကျေးဇူးများကို ဝီငှတော်မူခြင်းအားဖြင့်လည်းကောင်း သက်သီပြတော်မူခလေ၏။


သင်ရို့တစ်ယောက်စီတိုင်းသည် ဘုရားသခင်၏ ခြားနားသော ဆုကျေးဇူးများကို ရဟိထားသည်ဖြစ်၍ ကောင်းသော စီမံခန့်ခွဲသူတစ်ယောက်ကဲ့သို့ ဘုရားသခင်ထံမှ မိမိရို့ရဟိထားသော အထူး ဆုကျေးဇူးများကို တခြားလူများ၏ အကျိုးအတွက် အသုံးပြုကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ