Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧဖက် 4:5 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

5 ထို့အတူ သခင်ဘုရား တစ်ပါးတည်း၊ ယုံကြည်ခြင်း တစ်ပါးတည်း၊ ဗတ္တိဇံ တစ်ပါးတည်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧဖက် 4:5
28 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် သင်ရို့သည် လား၍ လူမျိုးအားလုံးကို ငါ့တပည့် ဖြစ်စီလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ယှင်းသောဝိညာဉ်တော်၏ နာမ၌ ဗတ္တိဇံကို ပီးကြလော့။


လူသားအားလုံး၏ အသျှင်ဖြစ်တော်မူသော ယေသျှုခရစ်တော်အားဖြင့် ငြိမ်းသက်ခြင်းဆိုင်ရာ သတင်းကောင်းကို ကြေညာတော်မူလျက်၊ ဣသရေလလူမျိုးတိပါးသို့ ဘုရားသခင် ပို့ဆောင်ပီးလိုက်သော သတင်းကောင်းတရားကို သင်ရို့ သိကြ၏။


“ထို့ကြောင့် ဣသရေလလူမျိုးအပေါင်းရို့၊ သင်ရို့က လက်ဝါးကပ်တိုင်၌ တင်သတ်လိုက်သော ယေသျှုသည် သခင်အဖြစ်နှင့် လည်းကောင်း၊ မေသျှိယအဖြစ်နှင့် လည်းကောင်း ဘုရားသခင်က ခန့်ထားသောသူဖြစ်ကြောင်းကို စွဲမြဲစွာ သိမှတ်ကြလော့” ဟု ဟောလေ၏။


ဘုရားသခင် တစ်ဆူတည်းဟိတော်မူ၏။ ထိုဘုရားသခင်သည် ယုဒလူမျိုးတိကို ထိုသူရို့၏ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်စီတော်မူ၏၊ တခြားလူမျိုးတိကိုလည်း ထိုသူရို့၏ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်စီတော်မူ၏။


ခရစ်တော်ကို ကွဲပြားစီသလော၊ ပေါလုသည် သင်ရို့အဖို့ လက်ဝါးကပ်တိုင်ထက်မှာ အသီခံပါသလော။ ထိုသို့မဟုတ် သင်ရို့သည် ပေါလု၏နာမကို အမှီပြု၍ ဗတ္တိဇံကို ခံယူခကြပါသလော။


ကောရိန္သုမြို့၌ဟိသော ဘုရားသခင်၏ အသင်းတော်သို့ လည်းကောင်း၊ အရပ်ရပ်မှ ငါရို့နှင့် သူရို့၏အသျှင် ဖြစ်တော်မူသော အသျှင်ယေသျှုခရစ်တော်ကို ကိုးကွယ်သောသူ အပေါင်းရို့နှင့်တကွ ခရစ်တော်ယေသျှုအားဖြင့် ဘုရားသခင်၏ သန့်ယှင်းသော လူများဟု ခေါ်ခြင်းကို ခံရကြသောသူ အပေါင်းရို့ထံသို့ လည်းကောင်း စာရီးလိုက်ပါ၏။


ထိုနည်းတူ ငါရို့အားလုံးသည် ယုဒလူမျိုးဖြစ်စီ၊ တခြားလူမျိုးဖြစ်စီ၊ ကျွန်ဖြစ်စီ၊ လွတ်လပ်သော သူဖြစ်စီ၊ ဝိညာဉ်တော်တစ်ပါးတည်းအားဖြင့် ကိုယ်ခန္ဓာတစ်ခုတည်းထဲ၌ ဗတ္တိဇံခံယူကြ၏။ ငါရို့ဟိသမျှသည် ဝိညာဉ်တော်တစ်ပါးတည်း၌ သောက်ကြရ၏။


အမှုတော်ဆောင်ရန် နည်းအမျိုးမျိုးဟိသော်လည်း၊ အသျှင် တစ်ပါးတည်းသာ ဟိ၏။


ငါရို့အဖို့ ဘုရားသခင်တစ်ပါးတည်းသာလျှင် ဟိတော်မူ၏။ ထိုအသျှင်သည်ကား ခမည်းတော်ဖြစ်တော်မူ၏။ ထိုအသျှင်သည် ခပ်သိမ်းသောအရာများကို ဖန်ဆင်းတော်မူ၏။ ထိုအသျှင်အဖို့ ငါရို့သည် အသက်ရှင်ကြ၏။ ငါရို့အဖို့ အသျှင်သခင် တစ်ပါးတည်းသာလျှင် ဟိ၏။ ထိုအသျှင်သခင်ကား ယေသျှုခရစ်တော်ပင်ဖြစ်၏။ ထိုအသျှင်အားဖြင့် ခပ်သိမ်းသောအရာများသည် ဖန်ဆင်းခြင်းကို ခံကြရ၏။ ထိုအသျှင်အားဖြင့် ငါရို့သည် အသက်ရှင်ကြ၏။


အကြောင်းမူကား တစ်စုံတစ်ယောက်က သင်ရို့ပါးသို့ ရောက်လာ၍ ငါရို့ မဟောပြောဖူးသော အခြားသော ယေသျှုအကြောင်းကို လည်းကောင်း၊ ငါရို့ပါးမှ ကြားသိရသည့် သတင်းကောင်းနှင့် လုံးဝခြားနားသည့် သတင်းကောင်းကို လည်းကောင်း၊ အယင်က ခံယူထားသည့် ဝိညာဉ်တော်နှင့် လုံးဝခြားနားသည့် ဝိညာဉ်ကို လည်းကောင်း ဟောပြောသောအခါ၌ သင်ရို့သည် ဝမ်းမြောက်စွာ ခွင့်ပြုကြ၏။


အကြောင်းမူကား ငါရို့သည် ခရစ်တော်ယေသျှု၌ အရီဖျားလှီးခြင်း ခံသည်၊ မခံသည်မှာ အရေးမကြီးပေ။ အရေးကြီးသည့်အရာကား မေတ္တာတရားအားဖြင့် လုပ်ဆောင်သော ယုံကြည်ခြင်းပင် ဖြစ်၏။


ငါရို့၏ ယုံကြည်ခြင်း၌လည်းကောင်း၊ ဘုရားသခင်၏သားတော်ကို သိကျွမ်းခြင်း၌လည်းကောင်း ငါရို့ ဟိသမျှသည် တညီတညွတ်တည်းဖြစ်ကြလျက် ခရစ်တော်၏ ပြည့်စုံခြင်းပမာဏအတိုင်း ရင့်ကျက်သောသူများအဖြစ်သို့ ရောက်ကြရန်ပင် ဖြစ်၏။


ယေသျှုခရစ်တော်သည် အသျှင်သခင်ဖြစ်တော်မူသည်ဟု နှုတ်ဖြင့်ဝန်ခံ၍၊ ခမည်းတော်ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစီကြလိမ့်မည်။


ထိုမျှမက ငါ၏ အသျှင် ခရစ်တော်ယေသျှုကို သိကျွမ်းရခြင်းသည် ခပ်သိမ်းသောအရာများထက် သာ၍ မြတ်သည်ဖြစ်၍ ထိုအရာများကို ငါ့အား ယှုံးဆုံးစီသည့် အရာများဟူ၍ မှတ်ယူ၏။ ငါသည် ကိုယ်တော်အဖို့ ခပ်သိမ်းသောအရာများကို စွန့်ပယ်ခ၏။ ခရစ်တော်ကို အမြတ်ရနိုင်ရန် လည်းကောင်း၊


ယေသျှုခရစ်၏ တမန်တော်တစ်ယောက် ဖြစ်သည့်အပြင် ဘုရားသခင်၏ အစီခံတစ်ယောက်ဖြစ်သော ငါ ပေါလုထံမှ စာရီးလိုက်ပါ၏။ ဘုရားသခင် ရွီးချယ်ထားသော သူရို့၏ယုံကြည်ခြင်းကို ပြုစုခြင်းငှာ လည်းကောင်း၊ ဘုရားဝတ်၌ မွိ့ပျော်ခြင်းကို ဖြစ်စီတတ်သော သမ္မာတရားကို သိစီခြင်းငှာ လည်းကောင်း ဘုရားသခင်သည် ငါ့အား ရွီးချယ်၍ စီရွှတ်လိုက်ခြင်းဖြစ်၏။


ငါရို့နှင့်အတူ ယုံကြည်ခြင်း၌ တည်နိန်ခြင်းအားဖြင့် စစ်မှန်သောငါ၏သားဖြစ်သူ တိတုပါးသို့ ငါ စာရီးလိုက်ပါ၏။ အဖဘုရားသခင်နှင့် ငါရို့၏ကယ်တင်သျှင် ခရစ်တော်ယေသျှုသည် သင်ရို့အား ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းကို ပီးသနားတော်မူပါစီသောဝ်။


သင်ရို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောပြောသော သင်ရို့၏ခေါင်းဆောင်တိကို သတိရကြလော့။ ထိုခေါင်းဆောင်ရို့၏ အသက်ရှင်နီထိုင်မှုမှ ထွက်ပေါ်လာသည့် အကျိုးတရားကို ကြည့်ရှုဆင်ခြင်လျက် သူရို့၏ ယုံကြည်ခြင်းကို အတုယူကြလော့။


သို့သော်လည်း သူရို့သည် မိမိရို့၏ယုံကြည်ခြင်းကို စွန့်ကြလေပြီတကား။ သူရို့သည် ဘုရားသခင်၏သားတော်ကို လက်ဝါးကပ်တိုင်မှာ တဖန် တင်၍ သတ်လျက် လူအများတိရှိ့မှာ အရှက်ခွဲနိန်ကြသည်ဖြစ်၍ သူရို့အတွက် နောင်တတရားဟူ၍ မဟိယာ။


သို့ရာတွင် “သင်၌ ယုံကြည်ခြင်းဟိ၏၊ ငါ၌ အကျင့်ဟိ၏” ဟု တစ်ဦး တစ်ယောက်က ပြောဆိုအံ့။ ငါ ဆိုသည်ကား “အကျင့်မပါသော သင်၏ယုံကြည်ခြင်းကို ငါ့အား ပြလော့။ ငါသည်လည်း ငါ၏အကျင့်အားဖြင့် ငါ၏ယုံကြည်ခြင်းကို သင့်အား ပြမည်” ဟူ၍ ဖြစ်၏။


ဤအရာသည် အဂု သင်ရို့ကို ကယ်တင်သော ဗတ္တိဇံမင်္ဂလာကို ပုံဆောင်ပေသည်။ ဗတ္တိဇံမင်္ဂလာ ခံယူခြင်းသည် ကိုယ်ကာယ အညစ်အကြေးများကို ဆီးကြောခြင်း မဟုတ်။ ကြည်လင်သောအသိစိတ်ဖြင့် ဘုရားသခင်၏ ရှိ့တော်၌ ကတိသစ္စာပြုခြင်း ဖြစ်ပေသည်။ ထိုဗတ္တိဇံတရားသည်ကား ယေသျှု ခရစ်တော်၏ ရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် သင်ရို့အား ကယ်တင်ရာအကြောင်း ဖြစ်၏။


ယေသျှု ခရစ်တော်၏ အခိုင်းအစီနှင့် တမန်တော်ဖြစ်သူ ငါ သျှိမုန်ပေတရုပါးမှ — ငါရို့၏ ဘုရားသခင်နှင့် ကယ်တင်သျှင်ဖြစ်တော်မူသော ယေသျှုခရစ်၏ ဖြောင့်မတ်ခြင်းတရားကြောင့် အဖိုးထိုက်သည့် ယုံကြည်ခြင်းကို ငါရို့နည်းတူ ရဟိကြသော သူရို့ထံသို့ စာရီးလိုက်၏။


သို့ရာတွင် အဆွီရို့၊ သင်ရို့သည် မိမိရို့၏ အလွန်သန့်ယှင်းသော ယုံကြည်ခြင်း၌ မိမိကိုယ်ကို တည်ဆောက်လျက်၊ သန့်ယှင်းသော ဝိညာဉ်တော်၏ တန်ခိုးတော်အားဖြင့် ဆုတောင်းကြလော့။


ချစ်ခင်ရသော အဆွီရို့၊ ငါရို့နှင့်ဆိုင်သော ကယ်တင်ခြင်းအကြောင်းကို ငါသည် သင်ရို့ပါးသို့ စာရီးရန် ကြိုးစားခ၏။ သို့ရာတွင် ကိုယ်တော်၏ လူစုအား ဘုရားသခင် အပြီးအပိုင် ပီးအပ်တော်မူသည့် ယုံကြည်ခြင်းအတွက် ကြိုးစားတိုက်လှန်ကြရန် သင်ရို့ပါးသို့ ချက်ချင်းပင် စာရီး၍ အားပီးတိုက်တွန်းရန် လိုအပ်လာသည်ဟု ငါ ခံစားရ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ