32 ယင်းအစား၊ သင်ရို့သည် တစ်ဦးကိုတစ်ဦး သနားကြင်နာကြလော့။ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်ရို့အား ခွင့်ရွှတ်တော်မူသည့်နည်းတူ သင်ရို့သည်လည်း တစ်ယောက်ကိုတစ်ယောက် ခွင့်ရွှတ်ကြလော့။
သူတစ်ပါးက အကျွန်ရို့ကို ပြုမှားမိသောအပြစ်တိကို အကျွန်ရို့သည် ခွင့်ရွှတ်သကဲ့သို့ အကျွန်ရို့ ပြုမှားမိသော အပြစ်တိကိုလည်း ခွင့်ရွှတ်တော်မူပါ။
သင်ရို့ ဆုတောင်းသောအခါ သူတစ်ပါး၏ အပြစ်တိကို ခွင့်ရွှတ်ရမည်။ ထိုမှသာ၊ ကောင်းကင်ဘုံ၌ ဟိတော်မူသော သင်ရို့အဖသည် သင်ရို့၏အပြစ်တိကို ခွင့်ရွှတ်တော်မူလိမ့်မည်” ဟု မိန့်တော်မူ၏။
အကျွန်ရို့ ဘုရားသခင်သည် သနားခြင်းကရုဏာနှင့် ပြည့်ဝတော်မူ၏။ ကိုယ်တော်၏ ကယ်တင်ခြင်း ကျေးဇူးတော်သည် ကောင်းကင်မှ နီ၏အရောင်ကဲ့သို့ အကျွန်ရို့အထက်၌ ထွန်းလင်းစီတော်မူပြီးလျှင်၊
သူတစ်ပါးက အကျွန်ရို့အား ပြစ်မှားသော အပြစ်တိကို၊ အကျွန်ရို့ ခွင့်ရွှတ်ပီးစွာပိုင်၊ အကျွန်ရို့ အပြစ်တိကိုလည်း ခွင့်ရွှတ်တော်မူပါ။ အကျွန်ရို့၌ ကြီးစွာသော စုံစမ်းသွီးဆောင်ခြင်းကို မရောက်ပါစီကေ့ ဟူ၍ မြွက်ဆိုကြလော့’ ” ဟု မိန့်တော်မူ၏။
တစ်နိ့တည်းတွင် ခုနစ်ကြိမ်တိုင်တိုင် သင့်ကိုပြစ်မှားပြီး ခုနစ်ကြိမ်တိုင်တိုင် သင့်ပါးသို့လာ၍ ‘ငါနောင်တရပါဗျာယ်’ ဟုဆိုလျှင် သင်သည် သူ၏အပြစ်ကို ခွင့်ရွှတ်ရမည်” ဟု တပည့်တော်ရို့အား မိန့်တော်မူ၏။
ထိုသို့မဟုတ်၊ သင်ရို့၏ရန်သူကို ချစ်လော့။ ကျေးဇူးပြုလော့။ တစ်စုံတစ်ခုပြန်ရဖို့ကို မမျှော်လင့်ဘဲ ချီးငှားကြလော့။ ထိုသို့ဆိုလျှင် သင်ရို့သည် ကြီးမြတ်သောဆုကို ရရုံသာမက အမြင့်ဆုံးသော ဘုရား၏သား ဖြစ်လိမ့်မည်။ ထိုအသျှင်သည် ကျေးဇူးမသိတတ်သောသူ၊ ဆိုးမိုက်သောသူရို့ကို ကျေးဇူးပြုတော်မူ၏။
“သူတစ်ပါးတိကို မစစ်ကြောမစီရင်ကတ်ကေ့၊ သို့မှသာ ဘုရားသခင်သည် သင်ရို့ကို မစစ်ကြောမစီရင်ဘဲ နိန်လိမ့်မည်။ သူတစ်ပါးကို မကဲ့ရဲ့ကတ်ကေ့၊ သို့မှသာ ဘုရားသခင်သည် သင်ရို့ကို မကဲ့ရဲ့ဘဲ နိန်လိမ့်မည်။ သူတစ်ပါးကို ခွင့်ရွှတ်လော့။ သို့မှသာ ဘုရားသခင်က သင်ရို့ကို ခွင့်ရွှတ်လိမ့်မည်။
ထိုကျွန်းသူကျွန်းသားရို့သည် အကျွန်ရို့အား အလွန်ရင်းနှီးစွာ ချစ်ခင်ကြင်နာမှုကို ပြသကြ၏။ မိုးရွာ၍ ချမ်းသောကြောင့် ထိုသူရို့သည် မီးပုံတစ်ပုံကို ဖိုပြီး အကျွန်ရို့အား ကြိုဆိုကြ၏။
ခရစ်ယာန်များ ဖြစ်ကြသည့်အလျှောက် တစ်ယောက်ကို တစ်ယောက် နွီးထွီးစွာ ချစ်ကြလော့။ သူတစ်ပါးကို ကိုယ့်ထက် ချီးမြှောက်ကြလော့။
မေတ္တာသည် သည်းခံတတ်၏။ သနားကြင်နာတတ်၏။ မေတ္တာသည် မနာလိုစိတ်မဟိ။ ကြွားဝါမှု မဟိ။ မာန်မာန မဟိ။
သင်ရို့သည် တစ်စုံတစ်ယောက်ကို ခွင့်ရွှတ်လျှင် ငါသည်လည်း ထိုသူကို ခွင့်ရွှတ်၏။ ငါသည် တစ်စုံတစ်ယောက်ကို ခွင့်ရွှတ်ရန် လိုအပ်လျှင် သင်ရို့ အကျိုးကိုထောက်၍ ခရစ်တော်၏ ရှိ့တော်၌ ထိုသူကို ခွင့်ရွှတ်၏။
သို့ဖြစ်၍ သူသည် ကြီးစွာသော ဝမ်းနည်းမှု မဖြစ်စီရန် ထိုသို့ ပြစ်ဒဏ်ပီးမည့်အစား အဂုတွင် သင်ရို့သည် သူ့ကို ခွင့်ရွှတ်၍ နှစ်သိမ့်အားပီးကြလော့။
စိတ်နှလုံးစင်ကြယ်ခြင်း၊ ပညာသတိဟိခြင်း၊ သည်းခံခြင်း၊ သနားကြင်နာခြင်းဖြင့် လည်းကောင်း၊ သန့်ယှင်းသော ဝိညာဉ်တော်အားဖြင့် လည်းကောင်း၊ ရိုးသားဖြူစင်သော မေတ္တာအားဖြင့်လည်းကောင်း၊
သင်ရို့သည် ဘုရားသခင်ချစ်သော သားသမီးများဖြစ်ကြသည်နှင့်အညီ၊ ကိုယ်တော်ကဲ့သို့ ကြိုးစားရမည်။
သည်းခံတတ်သောသူရို့သည် မင်္ဂလာဟိကြ၏ဟု ငါရို့ သိကြ၏။ ယောဘ၏သည်းခံခြင်းကို သင်ရို့ ကြားဖူးကြပြီ။ နောက်ဆုံး၌ ထာဝရဘုရားသည် ပြုစုတော်မူသည်ဖြစ်၍ ကိုယ်တော်သည် သနားခြင်း ကရုဏာတော်နှင့် ပြည့်စုံတော်မူသော အသျှင်ဖြစ်ကြောင်းကို သင်ရို့ မြင်တွိ့ရကြ၏။
ဘုရားဝတ်၌မွိ့ပျော်ခြင်းကို ယုံကြည်သူအချင်းချင်း ခင်မင်ရင်းနှီးခြင်း အားဖြင့် လည်းကောင်း၊ ယုံကြည်သူအချင်းချင်း ခင်မင်ရင်းနှီးခြင်းကို ချစ်မေတ္တာဖြင့် လည်းကောင်း ထပ်လောင်း၍ ဖြည့်စွက်ပီးရန် အစွမ်းကုန် ကြိုးစား ကြလော့။
သို့သော် ငါရို့၏အပြစ်ကို ဝန်ချတောင်းပန်ကြလျှင် ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံပြီး ဖြောင့်မတ်တော်မူသောအသျှင် ဖြစ်တော်မူသောကြောင့် ငါရို့၏အပြစ်များကို ခွင့်ရွှတ်တော်မူ၍ ငါရို့အား ဒုစရိုက်ဟိသမျှတိမှ စင်ကြယ်စီတော်မူလိမ့်မည်။
သားသမီးရို့၊ သင်ရို့သည် ခရစ်တော်အားဖြင့် အပြစ်လွှတ်ခြင်း ခံရပြီးသောသူတိ ဖြစ်သောကြောင့် သင်ရို့ပါးသို့ ငါစာရီးလိုက်၏။