3 အသင့်အတင့် ပေါင်းဖော်စည်းလုံးခြင်းဖြင့် သင်ရို့အား ဝိညာဉ်တော်မှ ပီးသော တညီတညွတ်တည်း လုပ်ဆောင်ခြင်းကို တတ်နိုင်သမျှ ထိန်းသိမ်းကြလော့။
အုပ်စုကွဲပြားနိန်သော နိုင်ငံကား မတည်မရပ်နိုင်။
‘အချင်းချင်း ချစ်ကြလော့’ ဟူသော ပညတ်အသစ်ကို သင်ရို့အား အဂု ငါပီး၏။ ငါသည် သင်ရို့ကိုချစ်ခသကဲ့သို့ သင်ရို့လည်း အချင်းချင်းချစ်ကြလော့။
ညီအစ်ကိုမောင်နှမရို့၊ ငါရို့၏အသျှင် ယေသျှုခရစ်တော်၏ နာမတော်ကို အမှီပြု၍ ငါသည် သင်ရို့အားလုံးကို တောင်းပန်ပါ၏။ စိတ်ဝမ်းကွဲပြားမှုမဟိစီခြင်းငှာ သင်ရို့၏စကားအပြောအဆို၌ ညီညွတ်မှုဟိကြလော့။ တစ်စိတ်တစ်ဝမ်းတည်းဖြင့် စည်းလုံးမှုဟိကြလော့။
ညီအစ်ကိုမောင်နှမရို့၊ ဝမ်းမြောက်ကြလော့။ ပြည့်စုံစီရန်အတွက် ကြိုးစားအားထုတ်လော့။ ငါ၏ တိုက်တွန်းချက်ကို နားထောင်ကြလော့။ အချင်းချင်း စိတ်သဘောတူညီလျက် သင့်မြတ်စွာ နီထိုင်ကြလော့။ သို့ပြုလျှင် ဘုရားသခင်၏ မေတ္တာတော်နှင့် ငြိမ်သက်ခြင်းသည် သင်ရို့နှင့်အတူ ဟိတော်မူလိမ့်မည်။
ငါရို့၏ ယုံကြည်ခြင်း၌လည်းကောင်း၊ ဘုရားသခင်၏သားတော်ကို သိကျွမ်းခြင်း၌လည်းကောင်း ငါရို့ ဟိသမျှသည် တညီတညွတ်တည်းဖြစ်ကြလျက် ခရစ်တော်၏ ပြည့်စုံခြင်းပမာဏအတိုင်း ရင့်ကျက်သောသူများအဖြစ်သို့ ရောက်ကြရန်ပင် ဖြစ်၏။
ဘုရားသခင်သည် သင်ရို့အား မျှော်လင့်ခြင်းတစ်ခုတည်းသို့ ခေါ်တော်မူသကဲ့သို့ ကိုယ်ခန္ဓာ တစ်ပါး၊ ဝိညာဉ်တော် တစ်ပါးတည်း ဟိတော်မူ၏။
သူရို့ ဆောင်ရွက်ကြသည့် အမှုတော်ကို ထောက်၍ သူရို့အား မေတ္တာစိတ်ဖြင့် အထူး ရိုသီကြလော့။ သင်ရို့အချင်းချင်း သင့်မြတ်စွာ နီထိုင်ကြလော့။
လူတိုင်းနှင့် ငြိမ်းချမ်းစွာ နီထိုင်ရန်လည်းကောင်း၊ သန့်ယှင်းသော အသက်တာဖြင့် အသက်ရှင်နိုင်ရန်လည်းကောင်း ကြိုးစားကြလော့။ အကြောင်းမူကား သန့်ယှင်းသော အသက်တာမဟိလျှင် ဇာသူမျှ ဘုရားသခင်ကို မြင်ကြလိမ့်မည်မဟုတ်။