Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧဖက် 4:28 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

28 ခိုးဝှက်ဖူးသူသည် နောက်တဖန် မခိုးမဝှက်ဘဲ ဆင်းရဲသောသူရို့အား ပီးကမ်းနိုင်ရန် မိမိ လက်ဖြင့် ကောင်းသောအလုပ်ကို ကြိုးစားလုပ်ကိုင်ကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧဖက် 4:28
33 ပူးပေါင်းရင်းမြစ်များ  

ဇက္ခဲသည်ရပ်လျက် သခင်ဘုရားအား၊ “အသျှင်၊ နားထောင်ပါ၊ အကျွန်၏ဥစ္စာတစ်ဝက်ကို ဆင်းရဲသားရို့အား ပီးကမ်းပါမည်။ တဦးတစ်ယောက်ပါးက မတရား တောင်းယူထားမိ့သော ငွီ ဟိပါလျှင် ထို ငွီ၏ လေးဆကို ပြန်ပီးပါမည်” ဟု လျှောက်လေ၏။


နောင်တရခြင်းနှင့်ဆိုင်သော အသီးကို သီးကြလော့။ အာဗြဟံသည် ငါရို့အဖ ဖြစ်သည်ဟု မပြောကတ်ကေ့။ ဘုရားသခင်သည် ဤကျောက်ခဲတိကို အာဗြဟံ၏ အမျိုးအနွယ်တိဖြစ်လာအောင် ဖန်ဆင်းနိုင်တော်မူသည် ဟု သင်ရို့ကို ငါပြောဆို၏။


ဤသို့ ပြောဆိုရာ၌ သူသည် ဆင်းရဲသားရို့အား ကြင်နာထောက်ထား၍မဟုတ်၊ သူသည် ခိုးတတ်သောသူ ဖြစ်သောကြောင့် ဖြစ်သည်။ သူသည် ဖဲသာအိတ်ကို လွယ်ရသူဖြစ်ပြီး ဖဲသာများကို ကိုယ့်အဖို့ နှိုက်ယူ သုံးစွဲလေ့ ဟိ၏။


ယုဒသည် ဖဲသာအိတ်ကို ကိုင်ဆောင်ရသူဖြစ်၍ ပွဲတော်အတွက် လိုအပ်သည်များကို ဝယ်ယူရန် သော်လည်းကောင်း၊ ဆင်းရဲသားရို့အား ပီးကမ်းရန် သော်လည်းကောင်း ယေသျှုမှာထားသည်ဟု တပည့်တော်တချို့က ထင်မှတ်ကြ၏။


မိမိရို့၏ ဥစ္စာပစ္စည်းများကို လိုအပ်သောခရစ်ယာန်ညီအစ်ကိုများကို ဝီမျှကြလော့။ အာဂန္တုဝတ်ကို ကျေပွန်စွာ ပြုကြလော့။


ငါရို့ကိုယ်တိုင် ကိုယ့်လက်ဖြင့် ပင်ပန်းစွာလုပ်ဆောင်ကြရ၏။ ငါရို့သည် ကျိန်ဆဲခြင်းကို ခံရသောအခါ ကောင်းကြီးပီးကြ၏။ ညှည်းဆဲခြင်းကို ခံရသောအခါ သည်းခံကြ၏။


သင်ရို့ ပီးကမ်းခြင်း၌ စေတနာစိတ်ဟိလျှင် ဘုရားသခင်သည် သင်ရို့၏ မတတ်နိုင်သည်ကို မထောက်ဘဲ တတ်နိုင်သည်ကိုသာ ထောက်၍ သင်ရို့၏ ပီးလှူခြင်းကို လက်ခံတော်မူလိမ့်မည်။


ထိုသူရို့သည် ကြီးစွာသော ဆင်းရဲဒုက္ခဖြင့် ပြင်းထန်သော စမ်းသပ်ခြင်းကို ခံစားရ၏။ သို့သော်လည်း သူရို့သည် အလွန် ဆင်းရဲကြလျက်ပင် ကြီးစွာသော ဝမ်းမြောက်သည့်စိတ်ဖြင့် ရက်ရောစွာ ပီးကမ်းစွန့်ကြဲကြ၏။


သို့ဖြစ်၍ ငါရို့သည် အခွင့်အရေးရတိုင်း လူအပေါင်းရို့၏အကျိုးကို ကောင်းစွာ ဆောင်ရွက်ကြကုန်အံ့။ အထူးသဖြင့် ယုံကြည်သူ အိမ်သူအိမ်သားရို့၏ အကျိုးကို ဆောင်ရွက်ကြကုန်အံ့။


ကောင်းသောအမှုကို ပြု၍ ကောင်းသောအကျင့်များနှင့် ပြည့်စုံစီခြင်းငှာ လည်းကောင်း၊ စွန့်ကြဲလိုသော စေတနာစိတ် ဟိကြစီခြင်းငှာလည်းကောင်း သင့်အား ငါ မိန့်မှာလိုက်၏။


ငါရို့၏လူများသည်လည်း အမှန်အကန် လိုအပ်မှုများကို ထောက်ပံ့ပီးရန်အတွက် မိမိရို့ကိုယ်တိုင် ကောင်းသောအမှု၌ ပါဝင်လုပ်ဆောင်ရန် သင်ယူကြရမည်။


ဤစကားသည် မှန်သောစကား ဖြစ်၏။ သို့ဖြစ်၍ ဘုရားသခင်ကို ယုံကြည်အားကိုး သောသူရို့သည် မိမိရို့ကိုယ်တိုင် ကောင်းသောအမှုများကို လုပ်ဆောင်ကြရန် အမြဲ ဂရုစိုက်ကြရမည့်အကြောင်း ငါသည် သင့်အား ဤအရာများကို အလေးအနက် ထားစီလို၏။ ဤအရာများသည်ကား လူတိုင်းအတွက် အလွန်ကောင်းမြတ်၍ အကျိုးဟိပေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ