Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧဖက် 4:18 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

18 ထိုသူရို့သည် ဉာဏ်အလင်းကွယ်၍ စိတ်နှလုံးသည်လည်း မိုက်မဲသောအားဖြင့် အသိတရားကင်းမဲ့သောကြောင့် ဘုရားသခင် ပီးသနားတော်မူသော အသက်နှင့် ကင်းကွာလျက် ဟိကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧဖက် 4:18
34 ပူးပေါင်းရင်းမြစ်များ  

ဇာကြောင့်လဲဆိုကေ၊ သူရို့၏စိတ်နှလုံးသည် အမှောင်ဖုံးနိန်သောကြောင့်ဖြစ်၏။ သူရို့၏နားသည် ပင်းနိန်ကတ်၏။ သူရို့၏မျက်စိသည်လည်း ကန်းနိန်ကတ်၏။ ထိုသို့မဟုတ်လျှင် သူရို့မျက်စိသည် မြင်ကတ်လိမ့်မည်။ နားသည်လည်း ကြားကတ်လိမ့်မည်။ သူရို့၏အသိစိတ်ထဲမှာ နားလည်သဘောပေါက်ကြလျှင် သူရို့သည် ငါ့ပါးသို့ ပြန်လှည့်လာကြလိမ့်မည်ဟု ဘုရားသခင်က မိန့်တော်မူ၏၊ ငါသည်လည်း သူရို့ကို ကျန်းမာစီမည်။’


ထိုအခါ ကိုယ်တော်သည် အမျက်ထန်တော်မူ၍ လှည့်ပတ်ကြည့်ပြီး ထိုသူရို့၏စိတ်နှလုံးသည် မိုက်မဲသောကြောင့် ကိုယ်တော်သည် ဝမ်းနည်းတော်မူ၏။ ကိုယ်တော်ကလည်း “သင်၏လက်ကို ဆန့်လော့” ဟု လက်သီနိန်သောသူအား မိန့်တော်မူ၏။ ထိုသူသည် မိမိလက်ကို ဆန့်လျှင် အကောင်းပကဓိ ဖြစ်လေ၏။


“ဘုရားသခင်သည် သူရို့မျက်စိကို ကွယ်စီတော်မူ၏၊ သူရို့၏ စိတ်နှလုံးကို မိုက်စီသောကြောင့်၊ သူရို့မျက်စိသည် မမြင်နိုင်၊ သူရို့၏ စိတ်နှလုံးသည် နားမလည်နိုင်၊ သူရို့သည် နောင်တမရနိုင်ကြသောကြောင့်၊ သူရို့သည် ကျန်းမာခြင်းကို မရကြ ဟူ၍ ဘုရားသခင်မိန့်တော်မူ၏” ဟု ဆို၏။


လူတိသည် အတိတ်ကာလက ဘုရားကို မသိခသည်ကို ဘုရားသခင်သည် အပြစ်မယူခပေ၊ သို့သော်လည်း ယခုတွင် မြီကြီးတစ်ပြင်လုံး၌ ဟိကြကုန်သော လူသားအားလုံးကို မိမိရို့၏အပြစ်မှ နောင်တရကြရန် ဘုရားသခင် မိန့်တော်မူလျက်ဟိ၏။


“ညီအစ်ကိုရို့၊ အဂုတွင် သင်ရို့သည် သင်ရို့၏ ခေါင်းဆောင်တိ လုပ်ဆောင်ခသည့်နည်းတူ အသိဉာဏ်မဲ့စွာ ပြုနိန်ကြကြောင်းကို ငါသိ၏။


ထိုသူရို့သည် စိတ်ထဲ၌ ဘုရားသခင်၏ မှန်သော အသိပညာကို လက်မခံကြသောကြောင့် ဘုရားသခင်သည် သူရို့အား မပြုအပ်သော အမှုကို ပြုစီခြင်းငှာ ယုတ်ညံ့သောစိတ်သို့ အပ်လိုက်တော်မူ၏။


ညီအစ်ကို မောင်နှမရို့၊ သင်ရို့သည် မိမိကို မိမိ ပညာဟိဟူ၍ မထင်မှတ်စီမည့်အကြာင်း ဣသရေလလူမျိုးရို့၏ မာကျောခက်ထန်နိန်ကြခြင်းသည် ဘုရားသခင်ထံတော်သို့ ဝင်ရောက်လာကြသော တခြားလူမျိုးတိ အရေအတွက် ပြည့်စုံသည့်အချိန်ထိသာ ဖြစ်သည်ဟူသော ဤလျှို့ဝှက်ချက်ကို မသိဘဲနိန်ကြခြင်းကို ငါသည် အလိုမဟိ။


ဇာပိုင်လဲဆိုကေ၊ ဣသရေလလူရို့သည် သူရို့ ရှာသောအရာကို သူရို့ မတွိ့ကြ။ ဘုရားသခင်ရွီးကောက်ထားသည့် လူအနည်းချေတိရာ တွိ့ကြရ၏။ ကျန်ကြွင်းသော သူရို့သည်ကား နားမကြားနိုင်ကတ်ယာ။


လူကန်းတိကို လမ်းပြသောသူ၊ မှောင်မိုက်ထဲမှာ ဟိနိန်ကြသော လူတိအတွက် အလင်းဖြစ်သောသူ၊


အကြောင်းမူကား လူသည် မိမိကိုယ်ပိုင် ဉာဏ်ပညာဖြင့် ဘုရားသခင်အား မသိနိုင်စီခြင်းငှာ ဘုရားသခင်သည် မိမိ၏ဉာဏ်ပညာတော်ဖြင့် စီရင်တော်မူ၏။ “အချည်းနှီးသော” တရားဖြစ်သည်ဟု လူရို့ထင်မှတ်ထားသော ငါရို့ဟောပြောသော သတင်းကောင်းတရားအားဖြင့် ဘုရားသခင်သည် မိမိအား ယုံကြည်သူရို့ကို ကယ်တင်တော်မူခြင်းငှာ စိတ်ပိုင်းဖြတ်တော်မူလေ၏။


လောကီမင်းတစ်ဦးတစ်ယောက်မျှ ဤဉာဏ်ပညာတော်အကြောင်းကို မသိနားမလည်ကတ်။ အကယ်၍ သိနားလည်ကြလျှင် သူရို့သည် ဘုန်းတန်ခိုးတော်၏ အသျှင်ကို လက်ဝါးကပ်တိုင်တွင် တင်၍ သတ်ကြလိမ့်မည်မဟုတ်။


ထိုသူရို့၏ စိတ်နှလုံးသည် ခိုင်မာလျက်ဟိ၍ ဤနိ့တိုင်အောင် ပဋိညာဉ်တရားဟောင်းကို ဖတ်သောအခါ သူရို့၏စိတ်နှလုံးသည် ထိုပုဝါပိုင်းဖြင့် ဖုံးအုပ်လျက်ဟိ၏။ ခရစ်တော်အားဖြင့်သာလျှင် ထိုပုဝါပိုင်းကို ဖယ်ယှားရ၏။


ထို့ကြောင့် ဤလောကကို အစိုးရသောဘုရားသည် မယုံကြည်သောသူရို့၏စိတ်ကို အမှောင်ဖုံးထားသဖြင့် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်တည်းဟူသော ခရစ်တော်၏ ဘုန်းတန်ခိုးတော်အကြောင်း သတင်းကောင်း၏ အလင်းကို သူရို့သည် မမြင်ရကြ။


အယင်က သင်ရို့သည် ဘုရားသခင်ကို မသိခကြသဖြင့် ဘုရားမဟုတ်သော အရာများ၌ ကျွန်ခံခကြ၏။


အတိတ်က သင်ရို့၏ မနာခံမှုနှင့် ဒုစရိုက်အပြစ်များကြောင့် ဝိညာဉ်ရေးရာ၌ သီးဆုံးလျက် ဟိကြ၏။


ထိုအချိန်က သင်ရို့သည် ခရစ်တော်နှင့် ကွာဝီးလျက် ဟိခ၏။ သင်ရို့သည် တခြားလူမျိုးတိဖြစ်၍ ဘုရားသခင်၏လူစုတော်တွင် မဝင်ရခ။ ဘုရားသခင်သည် မိမိ၏ လူစုတော်အတွက် ထားတော်မူသော ကတိတော်နှင့်ဆိုင်သော ပဋိညာဉ်တရားများနှင့် မသက်ဆိုင်။ သင်ရို့သည် ဤလောက၌ မျှော်လင့်စရာမဟိ၊ ဘုရားမဟိဘဲ နီထိုင်ခကြ၏။


အယင်က သင်ရို့၏ ဆိုးညစ်သော အကြံအစည် အပြုအမူများကြောင့် ဘုရားသခင်နှင့် ဝီးကွာခကြပြီး ကိုယ်တော်၏ ရန်သူတိ ဖြစ်ခကြ၏။


ဘုရားသခင်ကို မသိသော တခြားလူမျိုးတိကဲ့သို့ ကိလေသာတပ်မက်ခြင်း စိတ်၏အလိုသို့ မလိုက်ကတ်ကေ့။


သူသည် မိမိကိုယ်တိုင်လည်း အားနည်းချက် များစွာဟိသောကြောင့် အသိပညာခေါင်းပါးသောသူတိနှင့် မှားယွင်းသောသူတိကို သည်းခံနိုင်၏။


သို့ရာတွင် ယဇ်ပုရောဟိတ်မင်း တစ်ပါးတည်းသာ တဲတော်၏ ဒုတိယခန်းထဲသို့ ဝင်ရ၏။ ထိုသို့ ဝင်ရသည်မှာလည်း တစ်နှစ်လျှင် တစ်ကြိမ်သာ ဝင်ရ၏။ သူသည် မိမိအတွက်လည်းကောင်း၊ မသိ၍ ပြစ်မှားမိသော လူတိအပြစ်အတွက်လည်းကောင်း ကိုယ်စားပြု၍ ဘုရားသခင်အား ပူဇော်ရန် အသွီးကို မိမိနှင့်တပါတည်း ယူဆောင်လားရ၏။


ဖောက်ပြန်တတ်သောသူရို့၊ လောကနှင့် မိတ်ဆွီဖွဲ့ခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်ကို သင်ရို့ မသိကြသလော။ ထို့ကြောင့် လောက၏မိတ်ဆွီ ဖြစ်လိုသောသူသည် ဘုရားသခင်၏ရန်သူဖြစ်လာ၏။


မသိနားမလည်စဉ်အခါက မိမိရို့၏ စိတ်ဆန္ဒဟိသည့်အတိုင်း ပြုမူခသကဲ့သို့ ဆက်လက်မပြုမူဘဲ ဘုရားသခင်၏စကားကို နားထောင်ကြလော့။


သို့ရာတွင် ညီအစ်ကိုမောင်နှမကို မုန်းသောသူသည်ကား မှောင်မိုက်၌ ဟိ၏။ ထိုသူသည် မှောင်မိုက်၌ လျှောက်လှမ်းလျက် ဟိသည်ဖြစ်၍ မှောင်မိုက်သည် ထိုသူ၏ မျက်စိကို ကွယ်စီသဖြင့် သူသည် မိမိ မည်သည့်အရပ်သို့ လားနိန်သည်ကို မသိ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ